ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လမ်းစဉ်အတိုင်းဖလားယူဖို့ နည်းပြကလော့ကိုတိုက်တွန်းလိုက်တဲ့ဖာဒီနန်
Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းရီယိုဖာဒီနန်ကနယူးကာဆယ်အသင်းနှင့်ပတိသက်တဲ့ အငြင်းပွား ဖွယ်ရာတွေကိုမှတ်ချက်ပေးပြောဆိုခဲ့ပြီးနောက်ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။ဒါပေမယ်ဒီအကြောင်းအရာအားလုံးကဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းပရီးမီးယားလိဂ်ဖလားဘယ်လိုသိမ်းပိုက်နိုင်မလဲဆိုတာအကြံပေးခြင်းဖြစ်တယ်လို့လဲသိရပါတယ်။
ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းဟာယခုနှစ်ရာသီမှာခြေစွမ်းကအလွန်ကောင်းမွန်လျက်ရှိနေပြီး ကလော့ကတော့ယခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလာကိုကိုင်ဆုပ်ဖို့အတွက်ရည်ရွယ်နေပါတယ်။လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲလို့နာမည်ပြောင်းလိုက်ထဲက ဆုဖလားဆွတ်ခူးနိုငိခဲ့ခြင်းမရှိသေးပါဘူး။ယခုနှစ်ရာသီမှာလည်းလီဗာပူးလ်အသင်းရဲ့ရှုံးပွဲမရှိစံချိန်ကိုလည်းလက်ရှိချန်ပီယံမန်စီးတီးအသင်းကရိုက်ချိုးခဲ့ပါတယ်။
ထိုပွဲစဉ်ပြီးနောက် FA ဖလားပွဲစဉ်အဖြစ် ဝုဗ်အသင်းနှင့်ယှဉ်ပြိုင်ရာထပ်မံရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာသွားခဲ့ရပါတယ်။အဲဒီရှုံးပွဲတွေက ဘရိုက်တန်အသင်းနှင့်ပွဲစဉ်ကိုပိုမိုတောက်လောင်စေခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၁ဂိုး ဂိုးမရှိနှင့်အနိုင်ရရှိခဲ့ပါတယ်။အဆိုပါပွဲစဉ်ပြီးနောက် BT Sportမှာ ဖာဒီနန်က ဒီကစားကွက်က ယူနိုက်တက်အသင်းနည်းပြ ဟောင်း ဖာဂူဆန်ရဲ့ကစားကွက်ဖြစ်ပြီးအသင်းသားတွေကို ယုံကြည်မှုရှိလာစေတဲ့ပုံစံဖြစ်တာကြောင့် ကလော့အနေနှင့်အသုံးပြုသင့်တယ်လို့ဆိုပါတယ်။
"ကျွန်တော်အထင်ကလော့အနေနဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေသမိုငိးတွေကိုအာရုံဖျောက်ပြီးကြိုးစားရမှာကတကယ်ကိုအရေးကြီးတယ်လို့ထင်ပါတယ်။ဒါတွေကသူတို့ပခုံးတွေပေါ်မှာကြီးမားတဲ့တာဝန်တွေလိုဖြစ်နေတယ်။အကယ်၍သာအတိတ်ကိုသတိရနေမယ်ဆိုရင်ပေါ့"
"ကျွန်တော်တစ်ရက် ဖာဂူဆန်နဲ့ အဝတ်စားလဲခန်းထဲမှာတူတူရှိနေတုန်းပေါ့ အဲဒီချိန်ကလည်း ပြိုင်ဖက်အသင်းတစ်သင်းကလိုက်နေတဲ့အချိန် အရမ်းကိုဖိအားအပြည့်နဲ့ပေါ့။ချဲလ်ဆီးလား လီဗာပူးလ်လားမသိဘူး ကျွန်တော်တို့ရှေ့မှာရှိနေတယ်။သူက အဲဒီအသင်းကိုလှမ်းဆွဲပြီးကျော်တက်ဖို့တူတူရှာဖွေနေခဲ့ပါတယ်"
"ဒါကသိသိသာသာမဖြစ်ခဲ့လောက်ပါဘူး။ ဒါပေမယ့် အဲဒီအရာကတစိခုခုပါပဲ။အဲဒီအတွက်အချိန်တွေအများကြီးလည်းသုံးခဲ့ရပါတယ်။အဲဒါကြောင့် ကျွန်တော်တို့အခုလိုကောင်းမွန်နေခဲ့တာ အခုလိုရှိနေတာပါ။"
"အဲဒါက တကယ်ရတနာတစ်ပါးလိုပါပဲ သူရဲ့အတွေးထဲမှာတစ်ယောက်ချင်းစီအတွက်ရှိနေတာ က တကယ်ကိုကြောက်စရာကောင်းလောက်အောင်ယုံကြည်မှုတွေကိုပေးနိုင်ခဲ့ပါတယ်။တစ်ခါတစ်လေ ဖျော်ဖြေရေးတွေရပ်ပြီး အားလုံးအတွက်ကစားပေးရပါတယ်။"
"အကယ်၍ လီဗာပူးလ်အသင်းကတောင့်တင်းပြီးဖျော်ဖြေရေးကောင်းလာပြီး အသင်းကြီးတစ်သင်းနဲ့ရင်ဆိုင်ရမည်ဆိုရင် ဟိုလူတွေကိုသူတို့က ကောင်းကောင်း အိပ်အောင်လုပ်ပြီး ၃လေးဂိုးလောက်အသာလေးသွင်းသွားကြမှာပါ။အဲဒီတော့မှ မင်းတို့အရှိန်ကောင်းကောင်းပြန်ရသွားမှာပါ"
(Zawgyi)
Post a Comment