ပိုခ်က္တီနိုကို နည္းျပဆိုးလ္ရွားတစ္ေယာက္ ဘယ္လိုစကားစစ္ထိုးလိုက္ၿပီလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုေလဂန္းနားဆိုးလ္ရွားကေတာ့ ပိုခ်က္တီနိုရဲ႕မွတ္ခ်က္စကားကို ကန္႔ကြက္သြားခဲ့ပါတယ္။
စပါးအသင္းဟာ ကာရာေဘာင္ဖလားမွာခ်ယ္ဆီးကိုရံႈးနိမ့္ျပီးေနာက္ FA Cupမွာလည္း ခရစၥတယ္ပဲေလ့ကို ၂ဂိုးျပတ္ရံႈးျပီး သံုးရက္အတြင္းဖလားနွစ္လံုးလက္လႊတ္ခဲ့ရပါတယ္။ဒီရံႈးပြဲအျပီးမွာေတာ့ပိုခ်က္တီနိုက ဆုဖလားေတြထက္ အဆင့္ေလးအတြင္းဝင္ဖို႔ ပိုအေရးပါေျကာင္း ေျပာခဲ့တာပါ။ဒါ့အျပင္ ဆုဖလား ဆိုတာ အတၱေတြတည္ေဆာက္ဖို႔သက္သက္ျဖစ္ေျကာင္း မွတ္ခ်က္ေပးသြားခဲ့ပါတယ္။
ဒါေပမယ့္ ယူနိုက္တက္ယာယီနည္းျပဆိုးလ္ရွားနဲ႔ေတာ့ အျမင္ခ်င္းကြဲလြဲခဲ့ပါတယ္။ဆိုးလ္ရွားက ''ဖလားကိုင္ေျမွာက္ရခ်ိန္ဟာကစားသမားတိုင္းရဲ႕ အိမ္မက္ေတြအေကာင္အထည္ေပၚလာခ်ိန္ပါပဲ။ဘဝရဲ႕အေကာင္းဆံုးအခိုက္အတန္႔ေတြထဲကတစ္ခုလည္းျဖစ္ပါတယ္။ဖာဂူဆန္အျမဲေျပာေလ့ရွိတာက ဆုဖလားေတြရတာ သာယာျကည္နူးဖို႔ေကာင္းလြန္းတယ္။ဒါေျကာင့္ ဘာပဲျဖစ္ျဖစ္ ဖလားရေအာင္ လုပ္ျကကြာတဲ့။ က်ေနာ္ဒီမွာရွိေနတာ ပိုခ်က္တီနိုအပါအဝင္ ျပိဳင္ဘက္နည္းျပေတြရဲ႕အျမင္ကိုေဆြးေႏြးဖို႔မဟုတ္ပါဘူး။ကိုယ့္အသင္းအေျကာင္းပဲ ေျပာခ်င္တယ္။က်ေနာ္ကေတာ့ ဆုဖလားေတြရဖို႔ အာရံုစိုက္သြားမွာပါ။က်ေနာ္တို႔ဆုဖလားေတြအေျကာင္းေျပာေနသင့္ပါတယ္။ဘာလို႔ဆို ဒီအသင္းက မန္ခ်က္စတာ ယူနိုက္တက္ျဖစ္ေနလို႔ပါပဲ။FAဖလားမွာဗိုလ္စြဲဖို႕ ျကိုးစားမွာပါ။ခ်န္ပီယံလိဂ္ေရာ FAဖလားေရာက်ေနာ္တို႔မွာ အခြင့္အလမ္းရွိပါတယ္။အဆင့္ေလးဝင္ဖို႔တစ္ခုပဲ ပစ္မွတ္ထားမွာမဟုတ္ဖူး။ဒီရာသီမွာ ဆုဖလားတစ္ခုခုရခ်င္ေနတယ္။တစ္ပြဲခ်င္းစီကိုခ်ဥ္းကပ္ျပီး အနိုင္ယူဖို႔ျကိုးစားမွာပါ။မန္ယူနိုက္တက္အတြက္ အဆင့္ေလးက အိမ္မက္မဟုတ္တာေသခ်ာပါတယ္။ဒီအသင္းက ပရီးမီးယားလိဂ္ဖလားကို နွစ္တိုင္းခ်ိန္ရြယ္ေနျကပါပဲ။ဒီနွစ္ေတာ့ မျဖစ္နိုင္ေတာ့ဘူးေပါ့။ေနာက္နွစ္ေတြက်ရင္ေတာ့ ဒီဖလားကိုကိုင္ေျမွာက္နိုင္ဖို႔လုပ္ေဆာင္သြားမွာပါ။အရင္ ကလုပ္ေနျက(ဖလားယူေနျက)အတိုင္းေပါ့''လို႕ ေျပာသြားခဲ့ပါတယ္။
ဆိုးလ္ရွားကေတာ့ ၈ပြဲဆက္အနိုင္ယူျပီးယူနိုက္တက္အသင္းကို အေကာင္းဆံုးဦးေဆာင္ေပးေနပါတယ္။မန္ဖန္ေတြအေနနဲ႔ေရာ လာမယ့္နွစ္မွာအျမဲတမ္းနည္းျပအျဖစ္ဘယ္သူ႔ကိုျမင္ခ်င္ျကလဲဗ်။
(Unicode)
ပိုချက်တီနိုကို နည်းပြဆိုးလ်ရှားတစ်ယောက် ဘယ်လိုစကားစစ်ထိုးလိုက်ပြီလဲ?
အိုလေဂန်းနားဆိုးလ်ရှားကတော့ ပိုချက်တီနိုရဲ့မှတ်ချက်စကားကို ကန့်ကွက်သွားခဲ့ပါတယ်။
စပါးအသင်းဟာ ကာရာဘောင်ဖလားမှာချယ်ဆီးကိုရှုံးနိမ့်ပြီးနောက် FA Cupမှာလည်း ခရစ္စတယ်ပဲလေ့ကို ၂ဂိုးပြတ်ရှုံးပြီး သုံးရက်အတွင်းဖလားနှစ်လုံးလက်လွှတ်ခဲ့ရပါတယ်။ဒီရှုံးပွဲအပြီးမှာတော့ပိုချက်တီနိုက ဆုဖလားတွေထက် အဆင့်လေးအတွင်းဝင်ဖို့ ပိုအရေးပါကြောင်း ပြောခဲ့တာပါ။ဒါ့အပြင် ဆုဖလား ဆိုတာ အတ္တတွေတည်ဆောက်ဖို့သက်သက်ဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ယာယီနည်းပြဆိုးလ်ရှားနဲ့တော့ အမြင်ချင်းကွဲလွဲခဲ့ပါတယ်။ဆိုးလ်ရှားက ''ဖလားကိုင်မြှောက်ရချိန်ဟာကစားသမားတိုင်းရဲ့ အိမ်မက်တွေအကောင်အထည်ပေါ်လာချိန်ပါပဲ။ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ဖာဂူဆန်အမြဲပြောလေ့ရှိတာက ဆုဖလားတွေရတာ သာယာကြည်နူးဖို့ကောင်းလွန်းတယ်။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဖလားရအောင် လုပ်ကြကွာတဲ့။ ကျနော်ဒီမှာရှိနေတာ ပိုချက်တီနိုအပါအဝင် ပြိုင်ဘက်နည်းပြတွေရဲ့အမြင်ကိုဆွေးနွေးဖို့မဟုတ်ပါဘူး။ကိုယ့်အသင်းအကြောင်းပဲ ပြောချင်တယ်။ကျနော်ကတော့ ဆုဖလားတွေရဖို့ အာရုံစိုက်သွားမှာပါ။ကျနော်တို့ဆုဖလားတွေအကြောင်းပြောနေသင့်ပါတယ်။ဘာလို့ဆို ဒီအသင်းက မန်ချက်စတာ ယူနိုက်တက်ဖြစ်နေလို့ပါပဲ။FAဖလားမှာဗိုလ်စွဲဖို့ ကြိုးစားမှာပါ။ချန်ပီယံလိဂ်ရော FAဖလားရောကျနော်တို့မှာ အခွင့်အလမ်းရှိပါတယ်။အဆင့်လေးဝင်ဖို့တစ်ခုပဲ ပစ်မှတ်ထားမှာမဟုတ်ဖူး။ဒီရာသီမှာ ဆုဖလားတစ်ခုခုရချင်နေတယ်။တစ်ပွဲချင်းစီကိုချဉ်းကပ်ပြီး အနိုင်ယူဖို့ကြိုးစားမှာပါ။မန်ယူနိုက်တက်အတွက် အဆင့်လေးက အိမ်မက်မဟုတ်တာသေချာပါတယ်။ဒီအသင်းက ပရီးမီးယားလိဂ်ဖလားကို နှစ်တိုင်းချိန်ရွယ်နေကြပါပဲ။ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူးပေါ့။နောက်နှစ်တွေကျရင်တော့ ဒီဖလားကိုကိုင်မြှောက်နိုင်ဖို့လုပ်ဆောင်သွားမှာပါ။အရင် ကလုပ်နေကြ(ဖလားယူနေကြ)အတိုင်းပေါ့''လို့ ပြောသွားခဲ့ပါတယ်။
ဆိုးလ်ရှားကတော့ ၈ပွဲဆက်အနိုင်ယူပြီးယူနိုက်တက်အသင်းကို အကောင်းဆုံးဦးဆောင်ပေးနေပါတယ်။မန်ဖန်တွေအနေနဲ့ရော လာမယ့်နှစ်မှာအမြဲတမ်းနည်းပြအဖြစ်ဘယ်သူ့ကိုမြင်ချင်ကြလဲဗျ။
Post a Comment