Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
ကိုစီယယ်နီ (သို့မဟုတ်) အာဆင်နယ်အသင်းရဲ့နောက်တန်းတိုက်စစ်မှူး
ပြင်သစ်နောက်ခံလူကြီးတစ်ယောက် လန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးအသင်းနဲ့တွေ့ဆုံတဲ့ပွဲမှာ ၁ဂိုးသွင်းယူခဲ့ပြီးနောက်ပရီးမီးယားလိပ်ပြိုင်ပွဲမှာ ဂိုးရဖို့အကြိမ်၂၀ကြိုးစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ပထမဆုံးနောက်တန်းကစားသမားဖြစ်လာခဲ့ပါတယ်။
လောရန့်ကိုစီယယ်နီဟာ အာဆင်နယ်မှာ ကိုယ်ပိုင်သမိုင်းတစ်ခုကိုရေးထိုးနိုင်ခဲ့ပြီး ကလပ်အတွက်ပရီးမီးယားလိပ်သွင်းဂိုး၂၀ပြည့်ခဲ့တဲ့ ပထမဆုံးနောက်တန်းကစားသမားဖြစ်လာခဲ့ပါတယ်။ပြင်သစ်ကစားသမားဟာ အီမရတ်စ်မှာ ကစားနေတာ ၂၀၁၀ ခုနှစ်ထဲကပဲဖြစ်ပါတယ်။အမြော်အမြင်ကြီးလွန်းတဲ့ နည်းပြဟောင်းကြီးအာဆင်ဝင်းဂါးကလီဂူး ၂ကလပ် လောရန့်ကလပ်ကနေ ပေါင် ၈.၂၅သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အဆိုပါနည်းပါးတဲ့ရင်းနှီးမြှပ်နှံမှုရဲ့အသီးအပွင့်ကို အာဆင်နယ်အသင်းတို့ခံစားနေရတာပဲဖြစ်ပါတယ်။
ကိုစီယယ်နီဟာ ဂန်းနားတို့အတွက်ပွဲပေါင်း ၃၃၀ကျော်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာလည်း နေရာတစ်နေရာကိုအမိအရရယူထားနိုင်တဲ့သူလည်းဖြစ်ပါတယ်။ကိုစီယယ်နီဟာ မြောက်လန်ဒန်ကလပ်မှာ ကစားပေးစဉ်ကာလတစ်လေ ျှာက်တည်ငြိမ်ရင့်ကျက်တဲ့ခြေစွမ်းမျိုးကိုပိုင်ဆိုင်ထားတဲ့နောက်ခံလူလည်းဖြစ်ပါတယ်။
သူဟာမနေ့ညကကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ၁ဂိုးသွင်းယူပေးခဲ့ပြီး အင်္ဂလန်ထိပ်တန်းကလပ်အတွက် ဂိုး၂၀သွင်းယူနိုင်ခဲ့တဲ့ ကလပ်ရဲ့ပထမဆုံးနောက်တန်းကစားသမားဖြစ်လာခဲ့ပါတယ်။အပြာရောင်သားတို့နဲ့တွေ့ဆုံတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ခေါင်းတိုက်သွင်းဂိုးဟာ ၂၀၁၈-၁၉ ရာသီသူ့ရဲ့ပထမဆုံးသွင်းဂိုးဖြစ်လာခဲ့ပါတယ်.
သူဟာ ၂၀၁၈ မေလတုန်းက ဖနောင့်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းနဲ့အတူကမ္ဘာ့ဖလားအိပ်မက်လည်းရိုက်ချိုးခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း အသက်၃၃နှစ်အရွယ်နောက်ခံလူကြီးဆီကနောက်ထပ်များပြားတဲ့အရာတွေရရှိလာဦးမှာသေချာနေပါတယ်။
သူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ နေ့စွဲကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂-၁၃ နဲ့ ၂၀၁၅-၁၆ ရာသီတုန်းက ၂ရာသီလုံးသွင်းဂိုး၄ဂိုးထိသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အကယ်၍ အသင်းခေါင်းဆောင်ကိုစီယယ်နီသာ လက်ကျန်ရာသီတစ်လေ ျှာက် ပြိုင်ဘက် final third ဇုန်အတွင်း ယခုထက်ပိုမို အားထုတ်နိုင်မယ်၊ လိုအပ်တဲ့ အရေးကြီးသွင်းဂိုးတွေပိုမိုသွင်းယူနိုင်ခဲ့မယ်ဆိုလိုရှိရင်တော့အူနိုင်းအမ်မရီရဲ့ဒီရာသီချန်ပီယံလိပ်ဝင်ခွင့်ဝင်ရောက်ရေးဟာပိုမိုအားတက်လာဖွယ်ရှိနေပါတော့တယ်။
(Zawgyi)
သူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ နေ့ စွဲကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂-၁၃ နဲ့  ၂၀၁၅-၁၆ ရာသီတုန်းက ၂ရာသီလုံးသွင်းဂိုး၎ဂိုးထိသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အကယ်၍ အသင်းခေါင်းဆောင်ကိုစီယယ်နီသာ လက်ကျန်ရာသီတစ်လျှောက် ပြိုင်ဘက် final third ဇုန်အတွင်း ယခုထက်ပိုမို အားထုတ်နိုင်မယ်၊ လိုအပ်တဲ့ အရေးကြီးသွင်းဂိုးတွေပိုမိုသွင်းယူနိုင်ခဲ့မယ်ဆိုလိုရှိရင်တော့အူနိုင်းအမ်မရီရဲ့ ဒီရာသီချန်ပီယံလိပ်ဝင်ခွင့်ဝင်ရောက်ရေးဟာပိုမိုအားတက်လာဖွယ်ရှိနေပါတော့တယ်။
Post a Comment