Header Ads


လီဗာပူးလ္တိုက္စစ္ဆင္မယ့္ဘက္အျခမ္းကိုသာဆီးႏွင္းရွင္းဖို ့ကြင္း၀န္ထမ္းကိုညႊန္ၾကားခဲ့တဲ့ဂ်ာဂန္ကေလာ့


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဥာဏ္ေကာင္းလြန္းတာလား? လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ၾကီးဟာ မေန ့ညက ကစားခဲ့တဲ့ လက္စတာစီးတီးအသင္းနဲ ့ပြဲရဲ ့ပထမပိုင္းၿပီးဆံုးတဲ့အခ်ိန္မွာ ေဘာလံုးကြင္း၀န္ထမ္းကို လီဗာပူးလ္အသင္းတိုက္စစ္ဆင္မယ့္ဘက္ျခမ္းကိုသာ ဆီးနွင္းေတြရွင္းလင္းဖို ့ညႊန္ၾကားခဲ့တယ္လို ့သိရပါတယ္။

အနုတ္ဒီဂရီေအာက္ေရာက္ေနတဲ့ ရာသီဥတုေၾကာင့္ကြင္းအတြင္း ဆီးနွင္းမ်ားထူထပ္စြာက်ဆင္းခဲ့တာျဖစ္ၿပီး ၂သင္းစလံုးဟာပံုမွန္ေျခစြမ္းရဖို ့ရုန္းကန္ခဲ့ရပါတယ္။

ဒီလိုအေျခအေနမ်ိဳးကိုေရွာင္လႊဲဖို ့ကြင္း၀န္ထမ္းမ်ားဟာ ပထမပိုင္းၿပီးဆံုးတဲ့အခ်ိန္မွာေတာ့ ျမက္ခင္းေပၚဆီးႏွင္းေတြကိုဖယ္ရွားဖို ့ၾကိဳးစားကူညီခဲ့ၾကပါတယ္။ဒါပင္မယ့္လီဗာပူးလ္အသင္းအတြက္ပဲျဖစ္တာကိုေတာ့သေဘာေပါက္သင့္ပါတယ္။

ဒါဆို အန္ဖီးလ္ကြင္းရဲ ့ထိန္သိမ္းျပဳျပင္ေရးအဖြဲ ့ရဲ ့တစ္ခ်ိဳ ့တစ္၀က္က ရိွမေနတာလား?ဒါမွမဟုတ္ ကေလာ့ကမ်ား ပရိုဖယ္ရွင္နယ္မဆန္တဲ့ ကြင္းထိန္းသိမ္းျပဳျပင္ေရးေတြကိုမ်ား ခိုင္းခဲ့တာလား?

ၿပီးခဲ့တဲ့ အီတီဟဒ္ကြင္းမွာ မန္စီးတီးအသင္းနဲ ့ေတြ ့ဆံုစဥ္က အီတီဟဒ္ကြင္းရဲ ့ျမက္ေတြရွည္ေနတာကို လီဗာပူးလ္ပရိတ္သတ္ေတြေစာဒကတက္ခဲ့တာကို မွတ္မိၾကေသးရဲ ့လား?

နည္းျပကေလာ့တစ္ေယာက္ ခိုင္းခဲ့သည္ျဖစ္ေစ မခုိင္းခဲ့သည္ျဖစ္ေစ ဒါဟာ အသင္းရဲ ့အားထုတ္မႈေတြအတြက္သိပ္ၿပီး ကူညီနိုင္စြမ္းမရိွခဲ့ပါဘူး။ဒါ့အျပင္ လက္စတာစီးတီးအသင္းကေတာင္ဆီးနွင္းေတြရိွတဲ့အျခမ္းကေန ေသခ်ာေပါက္ဂိုးရမယ့္အခြင့္ေရးေတြဖန္တီးနိုင္ခဲ့ပါေသးတယ္။

ပြဲဟာ - ရလဒ္ျဖင့္ၿပီးဆံုးသြားခဲ့တာျဖစ္ၿပီး လိပ္ရဲ ့ဦးေဆာင္သူ ၾကိဳးၾကာနီတို ့မန္စီးတီးရဲ ့နယူးကားဆယ္ပြဲက အရံႈးရလဒ္အေပၚအခြင့္ေကာင္းမယူနိုင္ခဲ့ပါဘူး။လီဗာပူးလ္တို ့ဟာ ရမွတ္၁မွတ္သာရခဲ့ေသာ္လည္း လီဗာပူးလ္ပရိတ္သတ္ေတြနဲ ့နည္းျပဂ်ာဂန္ကေလာ့ အတြက္ ရမွတ္၂မွတ္ ဆံုးရံႈးခဲ့တယ္လို ့ခံစားရမွာအမွန္ပါပဲ။

လီဗာပူးလ္အသင္းတိုက္စစ္ဆင္မယ့္လက္စတာစီးတီးခံစစ္ရိွရာ ကြင္းဘက္ျခမ္းကိုသာ ဆီးနွင္းရွင္းခိုင္းခဲ့တဲ့ ကေလာ့ရဲ ့ဆံုးျဖတ္ခ်က္က ွ်တမႈရိွရဲ ့လား?

(Unicode)

လီဗာပူးလ်တိုက်စစ်ဆင်မယ့်ဘက်အခြမ်းကိုသာဆီးနှင်းရှင်းဖို့ကွင်းဝန်ထမ်းကိုညွှန်ကြားခဲ့တဲ့ဂျာဂန်ကလော့

ဉာဏ်ကောင်းလွန်းတာလား? လီဗာပူးလ်နည်းပြဂျာဂန်ကလော့ကြီးဟာ မနေ့ညက ကစားခဲ့တဲ့ လက်စတာစီးတီးအသင်းနဲ့ပွဲရဲ့ပထမပိုင်းပြီးဆုံးတဲ့အချိန်မှာ ဘောလုံးကွင်းဝန်ထမ်းကို လီဗာပူးလ်အသင်းတိုက်စစ်ဆင်မယ့်ဘက်ခြမ်းကိုသာ ဆီးနှင်းတွေရှင်းလင်းဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

အနုတ်ဒီဂရီအောက်ရောက်နေတဲ့ ရာသီဥတုကြောင့်ကွင်းအတွင်း ဆီးနှင်းများထူထပ်စွာကျဆင်းခဲ့တာဖြစ်ပြီး ၂သင်းစလုံးဟာပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရပါတယ်။

ဒီလိုအခြေအနေမျိုးကိုရှောင်လွှဲဖို့ကွင်းဝန်ထမ်းများဟာ ပထမပိုင်းပြီးဆုံးတဲ့အချိန်မှာတော့ မြက်ခင်းပေါ်ဆီးနှင်းတွေကိုဖယ်ရှားဖို့ကြိုးစားကူညီခဲ့ကြပါတယ်။ဒါပင်မယ့်လီဗာပူးလ်အသင်းအတွက်ပဲဖြစ်တာကိုတော့သဘောပေါက်သင့်ပါတယ်။

ဒါဆို အန်ဖီးလ်ကွင်းရဲ့ထိန်သိမ်းပြုပြင်ရေးအဖွဲ့ရဲ့တစ်ချို့တစ်ဝက်က ရှိမနေတာလား?ဒါမှမဟုတ် ကလော့ကများ ပရိုဖယ်ရှင်နယ်မဆန်တဲ့ ကွင်းထိန်းသိမ်းပြုပြင်ရေးတွေကိုများ ခိုင်းခဲ့တာလား?

ပြီးခဲ့တဲ့ အီတီဟဒ်ကွင်းမှာ မန်စီးတီးအသင်းနဲ့တွေ့ဆုံစဉ်က အီတီဟဒ်ကွင်းရဲ့မြက်တွေရှည်နေတာကို လီဗာပူးလ်ပရိတ်သတ်တွေစောဒကတက်ခဲ့တာကို မှတ်မိကြသေးရဲ့လား?

နည်းပြကလော့တစ်ယောက် ခိုင်းခဲ့သည်ဖြစ်စေ မခိုင်းခဲ့သည်ဖြစ်စေ ဒါဟာ အသင်းရဲ့အားထုတ်မှုတွေအတွက်သိပ်ပြီး ကူညီနိုင်စွမ်းမရှိခဲ့ပါဘူး။ဒါ့အပြင် လက်စတာစီးတီးအသင်းကတောင်ဆီးနှင်းတွေရှိတဲ့အခြမ်းကနေ သေချာပေါက်ဂိုးရမယ့်အခွင့်ရေးတွေဖန်တီးနိုင်ခဲ့ပါသေးတယ်။

ပွဲဟာ ၁-၁ ရလဒ်ဖြင့်ပြီးဆုံးသွားခဲ့တာဖြစ်ပြီး လိပ်ရဲ့ဦးဆောင်သူ ကြိုးကြာနီတို့မန်စီးတီးရဲ့နယူးကားဆယ်ပွဲက အရှုံးရလဒ်အပေါ်အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။လီဗာပူးလ်တို့ဟာ ရမှတ်၁မှတ်သာရခဲ့သော်လည်း လီဗာပူးလ်ပရိတ်သတ်တွေနဲ့နည်းပြဂျာဂန်ကလော့ အတွက် ရမှတ်၂မှတ် ဆုံးရှုံးခဲ့တယ်လို့ခံစားရမှာအမှန်ပါပဲ။

လီဗာပူးလ်အသင်းတိုက်စစ်ဆင်မယ့်လက်စတာစီးတီးခံစစ်ရှိရာ ကွင်းဘက်ခြမ်းကိုသာ ဆီးနှင်းရှင်းခိုင်းခဲ့တဲ့ ကလော့ရဲ့ဆုံးဖြတ်ချက်က မ ျှတမှုရှိရဲ့လား?



No comments

Powered by Blogger.