Header Ads
စပါးနည်းပြပိုချက်တီနိုအကြောင်းကို၂၀၁၃ခုနှစ်ကဆာအဲလက်ဖာဂူဆန်တစ်ယောက်ဘာပြောခဲ့လဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လက်ရှိစပါးမန်နေဂျာဟာ ဆောက်သမ်တန်ကိုကိုင်တွယ်ခဲ့စဉ်က တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ရုန်းကန်တိုက်ပွဲဝင်ခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးမှာတော့ ဆာအဲလက်စ်က ပိုချက်တီနိုကိုချီးကျူးခဲ့တာပါ။''ကျနော်တို့ဒီပွဲကိုအနိုင်ကစားဖို့ ကွင်းထဲဝင်လာခဲ့တယ်။ပွဲချိန်အစောပိုင်း မိနစ်၃၀လောက်မှာ ကျနော်တို့ရဲ့အကောင်းဆုံးပုံစံပွဲ ကိုထိန်းချုပ်ထားနိုင်ခဲ့တယ်။ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဒီရာသီကျနော်တို့ရင်ဆိုင်ရတဲ့အကောင်းဆုံးအသင်းပုံစံမျိုးနဲ့ ဆောက်သမ်တန်ပြန်လာနိုင်ခဲ့တယ်။အဲ့ဒီပွဲကို ကံကောင်းထောက်မလို့ကျနော်တို့နိုင်ခဲ့တာပါ။ကျနော်တို့ဘောလုံးတောင်မရပဲနောက်တန်းမှာပဲ အချိန်ကုန်ခဲ့ရတယ်''လို့ဖာဂူဆန်က လေးလေးနက်နက်ချီးကျူးစကားဆိုခဲ့တာပါ။
ဒီရာသီမော်ရင်ဟိုလက်ထက်မှာ ဆိုးရွားတဲ့ ရာသီအစကို ယူနိုက်တက်တို့ကြုံတွေ့ခဲ့ရပြီးပါပြီ။ရာသီမစခင်မှာ  နောက်တန်းအင်အားဖြည့်ဖို့တောင်းဆိုခဲ့ပေမယ့် အပြောင်းရွေ့နောက်ဆုံးရက်ထိသတင်းတွေသာထွက်ပြီး ဖြစ်မလာခဲ့ပဲ ကြီးကြီးမားမားငွေသုံးတာဆိုလို့ဖရက်ဒ်တစ်ယောက်ပဲရှိခဲ့တာကို မော်ရင်ဟိုကအပြစ်ပုံချခဲ့ပါတယ်။ဒါပေမယ့် ပိုချက်တီနိုဆိုရင် ငွေပုံအောမသုံးရပေမယ့်စပါးကို တည်ငြိမ်တဲ့ ပုံစံနဲ့ အဆင့်လေးအတွင်းဝင်အောင်ထိမ်းကျောင်းပေးနိုင်ခဲ့သလို big gamesတွေမှာလဲအသာရအောင်စွမ်းဆောင်နိုင်လေ့ရှိပါတယ်။မ
န်ဖန်တွေအနေနဲ့ရော ပိုချက်တီနိုကို မန်နေဂျာတစ်ယောက်အဖြစ်နဲ့ အိုးထရက်ဖို့ဒ်ရောက်လာစေချင်ကြလား။ဒါမှမဟုတ် ယူနိုက်တက်ရဲ့ပုံစံအမှန်ကိုပြန်ရဖို့ အိုလေဂန်းနားဆိုးရှားနဲ့ပဲ ခရီးဆက်စေချင်လား။commentမှာအမြင်လေးတွေရေးသွားပါဦး။
No comments
Powered by Blogger.