Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လီဗာပူးလ်ရဲ့အရှုံးနဲ့ပတ်သတ်ပြီးလူမှုကွန်ယက်ပေါ်မှာလာကာဇက်တစ်ယောက်ဘာတွေတုံ့ပြန်ခဲ့သလဲ?
 အာဆင်နယ်တိုက်စစ်မှူးလာကာဇက်ရဲ့လူမှုကွန်ယက်ပေါ်ကစာတွေကတော့ စိတ်ဝင်စားစရာကောင်းလှအောင်ဖတ်ချင်လာတာအမှန်ပါပဲ။လီဗာပူးလ်အသင်းဟာ သောကြာနေ့မနက်က မန်စီးတီးနဲ့ကစားတဲ့ပွဲမှာတော့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီလိပ်ရှုံးပွဲမရှိစံချိန်ရိုက်ကျိုးသွားခဲ့ရပါတယ်။
ဟုတ်ပါတယ်။အာဆင်နယ်အသင်းတစ်သင်းသာလ ျှင် ၂၀၀၃-၀၄ ရာသီက ရှုံးပွဲမရှိ ရွှေဖလားဆုကိုရယူထားနိုင်တဲ့အသင်းတစ်သင်းအဖြစ်စွမ်းဆောင်ထားနိုင်ခဲ့ဖူးတာပဲဖြစ်ပါတယ်။အာဆင်နယ်ပရိတ်သတ်တွေကတော့ လီဗာပူးလ်ရှုံးပွဲနဲ့ပတ်သတ်ပြီး သူတို့အသင်းသာလ ျှင်တစ်ရာသီလုံးရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်တဲ့အသင်းအဖြစ်ဆက်လက်ရှိနေတာကြောင့် လူမှုကွန်ယက်တွေပေါ်မှာ ပလူပျံနေအောင် အပျော်ကြီးပျော်နေကြပါတယ်။လာကာဇက်တစ်ယောက်လည်း အာဆင်နယ်ပရိတ်သတ်တွေနည်းတူ ပျော်ရွှင်ခဲ့ပုံရပါတယ်။သူဟာ လူမှုကွန်ယက်ပေါ်မှာ Post တစ်ခုကို like လုပ်ခဲ့ပါတယ်။
အဆိုပါပုံမှာတော့ ၂၀၀၃/၀၄ ရာသီတုန်းက ရွှေဖလားဆုရယူခဲ့တဲ့ အာဆင်နယ်ရဲ့ဂန္တဝင်ကစားသမားတွေကြား လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာတစ်ယောက်ငိုနေတဲ့ပုံကို လာကာဇက်က Like လုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလတုန်းကလီဗာပူးလ် နောက်ခံလူ ဒီဂျန်လောဗရန်ရဲ့ပြောစကားတွေဟာ အခုတော့ကို့ရိုကားရားတွေနိုင်ကုန်တာကိုလည်းတွေ့ရပါတယ်။
“ ဒီရာသီမကုန်ခင်ထိကျွန်တော်တို့တွေရှုံးပွဲမရှိစံချိန်ကို ရနိုင်တယ်လို့မေ ျှာ်လင့်နိုင်ပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့လီဗာပူးလ်ကိုလာခဲ့ကြတာပေါ့ဗျ။အာဆင်နယ်အသင်းကအရင်ကအဲ့လိုစံချိန်ရယူဖူးတယ်။ကျွန်တော်တို့လည်းဘာလို့မရရမှာလဲ။ဟုတ်ပါတယ်။ဒါဟာစိန်ခေါ်မှုတစ်ခုပါ။ဒါပင်မယ့်လည်း ဒါဟာကျွန်တော်တို့လိုချင်တဲ့အရာလေ။ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာ သိကြပါတယ်။” လို့လောဗရန်ကပြောခဲ့တာပဲဖြစ်ပါတယ်။
လောဗရန်ဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်လို့ပြောခဲ့တာလည်း မှတ်မိကြသေးရဲ့လား?
” ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့အရာတစ်ခုပါပဲ ” ဂျူလိုင်လက beIN Sports ကိုသူပြောခဲ့တာပါ။” ကျွန်တော့်အမြင်အရ လူတွေက ကျွန်တော်ဟာခက်ခဲတဲ့ရာသီကိုဖြတ်ကျော်ခဲ့ရတယ်လို့ထင်နေပါတယ်။ကျွန်တော်သဘောမတူပါဘူး။ကျွန်တော်လီဗာပူးလ်ကို ချန်ပီယံလိပ်ဖိုင်နယ်အထိရောက်အောက်ပို့ဆောင်ပေးခဲ့တယ်။ပြီးတော့ ခရိုအေးရှားကိုလည်း ကမ္ဘာ့ဖလားဖိုင်နယ်အထိရောက်အောင်ပို့ဆောင်ခဲ့တယ်လေ။ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ယောက်ဆိုတာ အသိအမှတ်ပြုပေးသင့်တယ်လို့ကျွန်တော်ထင်ပါတယ်။” လို့ပြောခဲ့တာပဲဖြစ်ပါတယ်။
လောဗရန်ပြောခဲ့တဲ့စကားတွေထဲက ဘယ်တစ်ခုက ပိုပြီး ကိုရို့ကားရားနိုင်လဲ မသိတော့ပါဘူး။
သူဟာ မန်စီးတီးနဲ့ပွဲမှာတော့ အသင်းဖော်ဗန်ဒိုက်စ်ကပါစိတ်မရှည်တော့သည်အထိနောက်တန်းမှာ အာရုံစူးစိုက်မှုလျော့နည်းနေတာကို တွေ့ခဲ့ရပါတယ်။
လီဗာပူးလ်အသင်းကတော့ လာမယ့်ပရီးမီးယားလိပ်ပွဲတွေပြန်မစခင် FA ဖလားပွဲအတွက်ပြန်လည်အာရုံစိုက်နေပြီပဲဖြစ်ပါတယ်။
No comments
Powered by Blogger.