Header Ads


US မွာ အဖမ္းခံခဲ့ရတဲ့ DC တိုက္စစ္မွဴး ၀ိန္းရြန္းနီ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၀ိန္းရြန္းနီတစ္ေယာက္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက ၀ါရွင္တန္DC မွာ အမ်ားျပည္သူမ်ားနဲ ့သက္ဆိုင္ရာေနရာမွာ မူးယစ္အရက္ေသစာေသာက္စားမႈေၾကာင့္အဖမ္းခံခဲ့ရတယ္လို ့သိရပါတယ္။အဆိုပါျဖစ္ရပ္ဟာ ၀ါရွင္တန္ေလဆိပ္အတြင္း ၿပီးခဲ့တဲ့ ဒီဇင္ဘာ၁၆ရက္ေန ့ကျဖစ္ပြားခဲ့တာျဖစ္ကာ ေလဆိပ္အာဏာပိုင္မ်ားက ရြန္းနီကို ဖမ္းဆီးၿပီး ဇန္န၀ါရီလ ၄ရက္ေန ့မွာ ဒဏ္ေငြ ၂၅ေဒၚလာေပးေစခိုင္းခဲ့တာပဲျဖစ္ပါတယ္။
႐ြန္နီဟာ ယင္းအျပဳအမူအတြက္ ဒဏ္ေငြအျဖစ္ (၂၅)ေဒၚလာအျပင္ ျဖစ္စဥ္အားလုံးအတြက္ (၉၁)ေဒၚလာကိုလည္း ေပးေဆာင္ခဲ့ရ ေၾကာင္း သိရပါတယ္။အေမရိကန္၏ဥေပေဒမ်ားတြင္ လူျမင္ကြင္း၌ အရက္ေသစာေသာက္စားျခင္းႏွင့္ ပတ္ဝန္းက်င္အား အေႏွာင့္အ ယွက္ေပးသည့္အျပဳအမူမ်ားကို မျပဳလုပ္ရန္ တားျမစ္ပိတ္ပင္ထားၿပီး ႐ြန္နီ၏အျပဳအမူမွာ ဒဏ္ေငြေဒၚလာ (၂၅၀)အထိ အမ်ားဆုံးေပးေဆာင္ရႏိုင္သည့္စြဲခ်က္ႏွင့္ညႇိစြန္းေနေၾကာင္း သိရပါတယ္။
႐ြန္နီ၏ေျပာေရးဆိုခြင့္ရွိ္သူက '' ေလယာဥ္စီးေနတဲ့အခ်ိန္မွာ ၀ိန္းဟာ အရက္နဲ႔အိပ္ေဆးေရာေသာက္ခဲ့ပါတယ္။ အဲဒီေနာက္ ေလဆိပ္ ေရာက္ခ်ိန္မွာေတာ့ သူ႔ကိုယ္သူမထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။ ေလဆိပ္ရဲေတြက သူ႔ကိုေသးငယ္တဲ့အမႈတြဲတစ္ခုနဲ႔ညႇိစြန္းေနလို႔ ဖမ္းဆီးခဲ့တာပါ။ အဲဒီျဖစ္စဥ္အတြက္လည္း ဒဏ္ေငြေဆာင္ခဲ့ရပါတယ္။ အခုေတာ့ ဒီကိစၥက အားလုံးၿပီးဆုံးသြားပါၿပီ'' ဟု ေျပာၾကားခဲ့ပါတယ္။

အဂၤလန္အသင္းရဲ ့အသင္းေခါင္းေဆာင္ေဟာင္းၾကီးဟာ မန္ခ်က္စတာယူနိုက္တက္ကေန အဲဗာတန္အသင္းဆီ တစ္ရာသီေျပာင္းေရႊ ့သြားကစားၿပီးေနာက္ ၂၀၁၈ ဂၽြန္လမွာေတာ့ DC United ဆီသြားေရာက္ေျပာင္းေရႊ ့ကစားတာပဲျဖစ္ပါတယ္။သူ ့ရဲ MLS ပထမရာသီဟာအေတာ္ေလးအလုပ္ျဖစ္ခဲ့ပါတယ္။သူ ့ရဲ DC အသင္းဟာ သက္ဆိုင္ရာလိပ္အခြဲမွာ ဇယားေအာက္ဆံုးနားမွာရိွေနတာျဖစ္ၿပီး ရြန္းနီရဲ ့သြင္းဂိုးေတြေၾကာင့္ Play-Offကစားခြင့္ရခဲ့တာပဲျဖစ္ပါတယ္။ရြန္းနီဟာ အသင္းေဖာ္ေတြအတြက္ ၆ၾကိမ္အထိဂိုးဖန္တီးေပးခဲ့သလို သူကိုယ္တိုင္သြင္းဂိုး ၁၂ဂိုးသြင္းယူထားတဲ့သူလည္းျဖစ္ပါတယ္။ဒါပင္မယ့္လည္း အသက္၃၃နွစ္အရြယ္ကစားသမားၾကီးဟာ Play-OFF ဖိုင္နယ္ကိုတက္ေရာက္ေစနိုင္မယ့္ ပယ္နယ္တီအခြင့္အေရးကို အပိုင္အသံုးခ်နိုင္ျခင္းမရိွခဲ့တာေၾကာင့္ PLay-off  အဆင့္နဲ ့တင္လက္ျပနႈတ္ဆက္ခဲ့ရတာပဲျဖစ္ပါတယ္။

ရြန္းနီရဲ ့ကစားသမားဘ၀မွာအမည္းစက္တစ္ခ်ိဳ ့ဟာ ကစားေနစဥ္တစ္ေလ ွ်ာက္သူ ့ေဘးမွာဒြန္တြဲလ်က္ရိွခဲ့ပါတယ္။ဇနီးသည္ေကာလင္းအေပၚေဖာက္ျပန္ခဲ့မႈေတြ၊အိုထရက္ဖို ့ဒ္မွာကစားစဥ္ မန္စီးတီးဆီေျပာင္းေရႊ ့ဖို ့ေတာင္းဆိုခဲ့ဖူးတာေတြရိွခဲ့ဖူးေသာ္လည္း သူ ့ရဲ ့အမွားေတြကိုအေကာင္းဆံုးတည့္မတ္ကာ ျပန္လည္ျပင္ဆင္နိုင္ခဲ့ပါတယ္။

ယခုေနာက္ဆံုးသူ ့ရဲ ့ျဖစ္ရပ္ကေတာ့ အေသးအမႊားကိစၥေလးသာျဖစ္ေသာ္လည္း သူ ့ကိုမၾကိဳက္နွစ္သက္ၾကတဲ့လူတစ္ခ်ိဳ ့ကေတာ့ ေ၀ဖန္ေနဦးမယ္ဆိုတာသံသယျဖစ္စရာမရိွပါဘူး။

(Unicode)

US မှာ အဖမ်းခံခဲ့ရတဲ့ DC တိုက်စစ်မှူး ဝိန်းရွန်းနီ



ဝိန်းရွန်းနီတစ်ယောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဝါရှင်တန်DC မှာ အများပြည်သူများနဲ့သက်ဆိုင်ရာနေရာမှာ မူးယစ်အရက်သေစာသောက်စားမှုကြောင့်အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။အဆိုပါဖြစ်ရပ်ဟာ ဝါရှင်တန်လေဆိပ်အတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၆ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ကာ လေဆိပ်အာဏာပိုင်များက ရွန်းနီကို ဖမ်းဆီးပြီး ဇန်နဝါရီလ ၄ရက်နေ့မှာ ဒဏ်ငွေ ၂၅ဒေါ်လာပေးစေခိုင်းခဲ့တာပဲဖြစ်ပါတယ်။

ရွန်နီဟာ ယင်းအပြုအမူအတွက် ဒဏ်ငွေအဖြစ် (၂၅)ဒေါ်လာအပြင် ဖြစ်စဉ်အားလုံးအတွက် (၉၁)ဒေါ်လာကိုလည်း ပေးဆောင်ခဲ့ရ ကြောင်း သိရပါတယ်။အမေရိကန်၏ဥပေဒေများတွင် လူမြင်ကွင်း၌ အရက်သေစာသောက်စားခြင်းနှင့် ပတ်ဝန်းကျင်အား အနှောင့်အ ယှက်ပေးသည့်အပြုအမူများကို မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားပြီး ရွန်နီ၏အပြုအမူမှာ ဒဏ်ငွေဒေါ်လာ (၂၅၀)အထိ အများဆုံးပေးဆောင်ရနိုင်သည့်စွဲချက်နှင့်ညှိစွန်းနေကြောင်း သိရပါတယ်။
ရွန်နီ၏ပြောရေးဆိုခွင့်ရှိသူက '' လေယာဉ်စီးနေတဲ့အချိန်မှာ ဝိန်းဟာ အရက်နဲ့အိပ်ဆေးရောသောက်ခဲ့ပါတယ်။ အဲဒီနောက် လေဆိပ် ရောက်ချိန်မှာတော့ သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ပါဘူး။ လေဆိပ်ရဲတွေက သူ့ကိုသေးငယ်တဲ့အမှုတွဲတစ်ခုနဲ့ညှိစွန်းနေလို့ ဖမ်းဆီးခဲ့တာပါ။ အဲဒီဖြစ်စဉ်အတွက်လည်း ဒဏ်ငွေဆောင်ခဲ့ရပါတယ်။ အခုတော့ ဒီကိစ္စက အားလုံးပြီးဆုံးသွားပါပြီ'' ဟု ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းကြီးဟာ မန်ချက်စတာယူနိုက်တက်ကနေ အဲဗာတန်အသင်းဆီ တစ်ရာသီပြောင်းရွှေ့သွားကစားပြီးနောက် ၂၀၁၈ ဂျွန်လမှာတော့ DC United ဆီသွားရောက်ပြောင်းရွှေ့ကစားတာပဲဖြစ်ပါတယ်။သူ့ရဲ့MLS ပထမရာသီဟာအတော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့DC အသင်းဟာ သက်ဆိုင်ရာလိပ်အခွဲမှာ ဇယားအောက်ဆုံးနားမှာရှိနေတာဖြစ်ပြီး ရွန်းနီရဲ့သွင်းဂိုးတွေကြောင့် Play-Offကစားခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ရွန်းနီဟာ အသင်းဖော်တွေအတွက် ၆ကြိမ်အထိဂိုးဖန်တီးပေးခဲ့သလို သူကိုယ်တိုင်သွင်းဂိုး ၁၂ဂိုးသွင်းယူထားတဲ့သူလည်းဖြစ်ပါတယ်။ဒါပင်မယ့်လည်း အသက်၃၃နှစ်အရွယ်ကစားသမားကြီးဟာ Play-OFF ဖိုင်နယ်ကိုတက်ရောက်စေနိုင်မယ့် ပယ်နယ်တီအခွင့်အရေးကို အပိုင်အသုံးချနိုင်ခြင်းမရှိခဲ့တာကြောင့် PLay-off  အဆင့်နဲ့တင်လက်ပြနှုတ်ဆက်ခဲ့ရတာပဲဖြစ်ပါတယ်။

ရွန်းနီရဲ့ကစားသမားဘဝမှာအမည်းစက်တစ်ချို့ဟာ ကစားနေစဉ်တစ်လေ ျှာက်သူ့ဘေးမှာဒွန်တွဲလျက်ရှိခဲ့ပါတယ်။ဇနီးသည်ကောလင်းအပေါ်ဖောက်ပြန်ခဲ့မှုတွေ၊အိုထရက်ဖို့ဒ်မှာကစားစဉ် မန်စီးတီးဆီပြောင်းရွှေ့ဖို့တောင်းဆိုခဲ့ဖူးတာတွေရှိခဲ့ဖူးသော်လည်း သူ့ရဲ့အမှားတွေကိုအကောင်းဆုံးတည့်မတ်ကာ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။

ယခုနောက်ဆုံးသူ့ရဲ့ဖြစ်ရပ်ကတော့ အသေးအမွှားကိစ္စလေးသာဖြစ်သော်လည်း သူ့ကိုမကြိုက်နှစ်သက်ကြတဲ့လူတစ်ချို့ကတော့ ဝေဖန်နေဦးမယ်ဆိုတာသံသယဖြစ်စရာမရှိပါဘူး။






No comments

Powered by Blogger.