Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
 ဗန်ဒိုက်စ်ကိုအခုထိဘယ်ကစားသမားတစ်ယောက်မှ မလိမ်ခေါက်နိုင်မကျော်ဖြတ်နိုင်သေးပါဘူး။
ကြာသပတေးနေ့ညမှာယှဉ်ပြိုင်ကစားမည့်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနှင့်မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကိုအများကစောင့်ကြည့်ပြီးအားပေးဖို့ပြင်ဆင်နေကြပါတယ်။အဆိုပါနှစ်သင်းဟာလက်ရှိဇယားထိပ်မှာအပြိုင်ပြေးနေကြတဲ့အသင်းနှစ်သင်းဆိုလည်းမမှားပါဘူး။မန်စီးတီးအသင်းက သူတို့ရဲ့တိုက်စစ်ဆင်မှုတွေဟာ လီဗာပူးလ်အသင်းနောက်ခံလူဗန်ဒိုက်ကိုကျော်ဖြတ်နိုင်မလားဆိုတာစိုးရိမ်နေပြီး အဆိုပါနယ်သာလန်လက်ရွေးစင်ကစားသမားဟာ လက်ရှိလီဗာပူးလ်အသင်းမှာ မဟာတံတိုင်းတစ်ခုလိုကာကွယ်နေကာ အသင်းကိုစောင့်ရှောက်နေသူလည်းဖြစ်ပါတယ်။လီဗာပူးလ်အသင်းကလည်း မနှစ်ကလိုအခြေအနေမျိုးမဟုတ်တော့ဘဲ ပိုမိုတောင့်တင်းခိုင်မာလာခဲ့ပါတယ်။ဗန်ဒိုက်ကိုစာချုပ်ချုပ်ဆိုချိန်က ယခုလိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်မယ်လို့ဘယ်သူမှထင်မှတ်ကြမှာမဟုတ်ပါဘူး။ဂျာဂန်ကလော့က အဆိုပါဗဟိုခံစစ်သမားကို ၂၀၁၇ နွေရာသီထဲကခေါ်ယူခဲ့ချင်တာဖြစ်ပြီး ဆောက်သပတန် အသင်းက သူကိုဇန်နဝါရီအပြောင်းအရွေ့ကာလအထိထိန်းသိမ်းထားခဲ့ပါတယ်။လီဗာပူးလ်အသင်းကမနှစ်ကထိတိုက်စစ်ကောင်းခဲ့ပြီး ခံစစ်မှာအမဲဖြတ်မည့်မုဆိုးမရှိခဲ့တာကြောင့်ကလော့ကိုခေါင်းခဲစေခဲ့ပါတယ်။
ကလော့က ဗန်ဒိုက်နှင့်ပတ်သက်ပြီးဂုဏ်ယူစွာဖြင့် ဗန်ဒိုက်ရဲ့ဖြည့်ဆည်းမှုကို ပိုမိုကောင်းမွန်စေဖို့အတွက်ဂိုးသမား အလီဆင် ကိုခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ကာ ပြီးခဲ့တဲ့ရာသီရဲ့အားနည်ချက်တွေကိုပြုပြင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဗန်ဒိုက်စ်ကိုချီးမွှန်းမှုတွေအပြည့်အဝပေးခဲ့ပြီး သူကဧကန်မုချယခုနှစ်ရာသီမှာ ကမ္ဘာအကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းအနေနှင့်လည်း သူ့ကိုအရင်ကရရှိဖို့အရမ်းနီးစပ်ခဲ့ပါသေးတယ်။ဒီအချက်တွေက မန်စီးတီးအသင်းတိုက်စစ်မှုးတွေအတွက် ဗန်ဒိုက်ကိုကျော်ဖြတ်ရမည့်ကိစ္စမှာ အပြစ်ပုံချနိုင်မည်လို့ဆိုကြပါတယ်။ပရိသတ်တစ်ဦးက ယခုနှစ်ရာသီမှာဗန်ဒိုက်ကိုဘောလုံးပေါင်ကြားထည့်နိုင်သူတစ်ယောက်မှမရှိသေးဘူးလို့ မှတ်တမ်းပြုကာ ဆိုထားပါတယ်။စပါးအသင်းနောက်ခံလူ အယ်လ်ဒါဝီးဒ် က ပရီးမီးယားလိဂ်ပွဲစဉ်နှင့်ချန်ပိယံလိဂ်ပွဲစဉ်တွေရဲ့မှတ်တမ်းအရ သူကိုကျော်ဖြတ်နိုင်မှုနှုန်းက 0.6ကြိမ်သာရှိထားပါတယ်။ဒီဖက်မန်စီးတီးအသင်းရဲ့နောက်ခံလူ လာပေါ်တီ နှင့် လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက် တို့ရဲ့မှတ်တမ်းကတော့ 0.2ကြိမ်ဆီ ရှိနေပါတယ်။ယနေ့ညမှာကြည့်ရမှာကဘယ်သူက အထင်ကြီးစရာကောင်းတဲ့သူအဖြစ်ကျန်မယ်ဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းတိုက်စစ်ဆင်မှုဘောလုံးကျော်ဖြတ်မှုမှာတော့ ဆာနေး က တစ်ပွဲမှာ 2.1ကြိမ် စတားလင်းက 2.3ကြိမ် နှင့် တကယ်တိုက်စစ်မှုးကြီးအဂူရိုကတော့ 1.4ကြိမ်သာရှိပါတယ်။တကယ်ပွဲကြီးပွဲကောင်းက အဂူရိုနှင့်ဗန်ဒိုက်တို့ရဲ့တွေ့ဆုံမှုဖြစ်ပြီး ပက်ဂွာဒီယိုလာကတော့ ဗန်ဒိုက်စ်ကိုကျော်ဖြတ်ရမည့်နည်းတွေသိထားတယ်လို့သိရပါတယ်။
 ဗန်ဒိုက်က သူရဲ့လက်ရှိစွမ်းဆောင်ရည်ကိုထိန်းသိမ်းနိူင်ပြီး လီဗာပူးလ်အသင်းကို ၁၀မှတ်အသာဖြင့်ဦးဆောင်စေမလားဆိုတာစောင့်ကြည့်ရမည်ဖြစ်ပါတယ်။အကယ်၍ သူ့ကိုမကျော်နိုင်ဘူးဆိုရင်တော့....
No comments
Powered by Blogger.