Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချဲလ်ဆီးအသင်းဆောက်တမ်တန်ကိုသရေကျခဲ့တာကြောင့်ပေါင်၄၁၀၀ထောခဲ့တဲ့အမျိုးသမီး
ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ယှဉ်ပြိုင်ကစားခဲ့တဲ့ချဲလ်ဆီးအသင်းနှင့်ဆောက်သမ်တန်အသင်း ပွဲစဉ်မှာလူတော်တော်များများက ချဲလ်ဆီးအသင်းသရေကျမယ်လို့ ဘယ်သူမှထင်မှတ်ခဲ့မှာမဟုတ်ပါဘူး။ဒါပေမယ့်ပရိသတ်တစ်ဦးကတော့ ဆောက်သမ်တန် အသင်းကိုယုံကြည်အားကိုးကာ ၂ပေါင်လောင်းကြေးထပ်ခဲ့ပြီးတဲ့နောက် ပေါင်၄၁၀၀အနိူင်ရရှိခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်တွေဟာ တစ်နှစ်မှာတစ်ကြိမ်တောင်တိုက်ဆိုင်ဖို့မလွယ်တဲ့ရလဒ်တွေပဲဖြစ်ပါတယ်။အခုလောင်းကစားတဲ့ပုံစံဟာ နှစ်သင်းအနက်တစ်သင်းရဲ့ရလဒ်ကိုရွေးချယ်ရမှာဖြစ်ပြီး ဒါမှမဟုတ်ရင် ပွဲစဉ်တစ်ခုမှာ ဘယ်နှဂိုးသွင်းမလဲဆိုတာခန်မှန်းရတာဖြစ်ပါတယ်။ယခုလိုခရစ်စမတ်ကာလမှာတော့အခုလိုရလဒ်တွေကထွက်ပေါ်လေ့ရှိပါတယ်။ယခုလိုလောင်ကစားလုပ်ဖို့ဆိုတာဝါသာနာပါလွန်းမှသာ လုပ်ကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဘောလုံးပွဲတွေရဲ့ရလဒ်တွေက မထင်မှတ်ထားလောက်စိတ်လှုပ်ရှားစရာတွေ အာရုံစူးစိုက်လေ့လာရဖို့လိုအပ်ပါတယ်။ဒါအပြင် ကစားသမားတွေကစားထားရတဲ့အခြေအနေတွေကိုသုံးသပ်ပြီး ကစားသမားတွေပင်ပန်းနေကောင်းပင်ပန်းနေမှာပါအဲဒီလိုအခြေအနေမှာဆိုရင်တော့အမှားဖြစ်ဖို့အများဆုံးပါပဲ။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးညကကစားခဲ့တဲ့ပွဲစဉ်မှာ လောင်းကြေးနိုင်ခဲ့တဲ့ပရိသတ်က ခရစ်တယ်ပဲလေ့စ် နှင့်ဘန်လေကို အဝေးကွင်းနိူင်မည်လို့ ရွေးချယ်ခဲ့ပြီး နာမည်ကြီးချဲလ်ဆီးအသင်းကိုတော့အိမ်ကွင်းမှာဆောက်သမ်တန်ကိုသရေကျမည်လို့ရွေးချယ်ခဲ့ပါတယ်။ဆောက်သမ်တန်အသင်းက နည်းပြ Ralph Hasenhuttlရဲ့လက်အောက်မှာ တိုးတက်လာခဲ့ပါတယ်။ချဲလ်ဆီးအသင်းကပရီးမီးယားလိဂ်ဆုဖလားအတွက် မန်စီးတီး လီဗာပူးလ်အသင်းတို့နှင့်အပြိုင်လုနေရပါတယ်။
လူမှုကွန်ရက်မှာလည်းအဆိုပွဲစဉ်နှင့်လောင်းကြေးကိစ္စတွေအကြောင်းပလူပြန်သလိုဝေဖန်နေကြပါတယ်။
"သူ ပေါင်၄၁၀၀အနိုင်ရရှိခဲ့တယ်လို့ကျွန်တော်ကိုပြောတော့အရမ်းအံသြမိတယ်။ချဲလ်ဆီးကအိမ်ကွင်းမှာ ဆောက်သမ်တန်ကိုသရေကျဖို့ဘယ်သူကရွေးချယ်ကြမလဲပေါ့။ဒါပေမယ့်ချဲလ်ဆီးကအနိုင်မရခဲ့ဘူးလေ။ဒီကောင်မလေးကအသင်းရဲ့ဂိုးသမားကိုအရမ်းကျေးဇူးတွေတင်နေတယ်ဗျ။"
မန်စီးတီးအသင်းဂိုးသမားဟောင်းကြီးကိုပရိသတ်တွေကအဆိုပါပွဲမှာလက်စွမ်းပြလို့ကျေးဇူးတွေအများကြီးတင်နေကြပါတယ်။
“အန်ဂတ်စ်ဂွန်း က အဲဒီညကအရမ်းကောင်းခဲ့တယ်။သူကဘောလုံးကိုလေနဲ့မှုတ်ပြီးအဝေးရောက်အောက်လုပ်နေတာဗျ။"
"ဆောက်သမ်တန် အသင်းအတွက်ဂုဏ်ယူမိပါတယိ။အသင်းရဲနောက်ခံလူတွေကအရမ်းကောင်းခဲ့ပါတယ်။တကယ်ကိုကောင်းလွန်းတာက အသင်းရဲ့ကစားဟန်ပါ။ကွင်းလယ်ကိုနောက်တန်းကအကောင်းဆုံးပံ့ပိုးပေးခဲ့တယ်။အသင်းဂိုးသမားအန်ဂတ်စ်ဂွန်းကအတောင့်တင်းဆုံးဖြစ်စေခဲ့ပါတယ်။"
Post a Comment