PSG အသင္းအတြက္ေနရာစံုမွာ ကစားေပးနိုင္ခဲ့တဲ့ ဒန္နီအဲလ္ဗက္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒန္နီအဲလ္ဗက္စ္ဆိုသည္မွာ စြယ္စံုရလူသားလို ့အဓိပၸာယ္ဖြင့္ဆိုနိုင္ပါတယ္။ဒီဘရာဇီးသားဟာ ၂၀၁၇ ေႏြရာသီမွာ PSG ကို ေျပာင္းေရႊ ့လာခဲ့ၿပီးေနာက္အခုခ်ိန္ဆို ဒုတိယရာသီကိုေရာက္ရိွလို ့လာေနၿပီပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း လီဂူး၁ ခ်န္ပီယံအသင္းအတြက္ ေနရာေပါင္းစံုကေန ၀င္ေရာက္ကစားေပးနိုင္ခဲ့ပါတယ္။
ဟုတ္ပါတယ္။ ခံစစ္ဆိုတာ အဲလ္ဗက္စ္အတြက္ အားအသန္ဆံုးေနရာပဲျဖစ္ပါတယ္။ဘာလို ့လဲဆိုေတာ့ ဒီေနရာဟာ အဲလ္ဗက္စ္အတြက္ ပံုေသကစားေနခဲ့တဲ့ေနရာျဖစ္ၿပီး သူ ့ရဲ ့ကစားသမားဘ၀တစ္ေလ ွ်ာက္လံုးအေကာင္းဆံုးကစားနိုင္ခဲ့တဲ့ေနရပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း သူဟာတိုက္စစ္ကိုလည္းအေကာင္းဆံုးလိုက္ပါပံ့ပိုးကစားေပးနိုင္တဲ့သူုျဖစ္ၿပီး ေတာင္ပံကေန တိုက္စစ္အထိေရွ ့တက္ကစားနိုင္တဲ့ ထူးခၽြန္တဲ့ေနာက္တန္းကစားသမားတစ္ေယာက္ျဖစ္ပါတယ္။
အခုလက္ရိွအခ်ိန္ အသင္းေဖာ္ဗာရက္တီဟာ ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရတဲ့အခ်ိန္မွာေတာ့ ဘာကာနဲ ့ဂ်ဴဗင္တပ္စ္ကစားသမားေဟာင္းၾကီးက ကြင္းလယ္ေနရာကေန၀င္ကစားေပးခဲ့ရၿပီး အေကာင္းဆံုးလုပ္ေဆာင္နိုင္ခဲ့ပါတယ္။
သူ ့ရဲ ့လိုက္ေလ်ာညီေထြေျပာင္းလဲနိုင္စြမ္းကဒီထက္ပိုေတာင္လြန္ေနပါတယ္။ဘာလို ့လဲဆိုေတာ့ ၿပီးခဲ့တဲ့ရာသီက အဲလ္ဗက္စ္တစ္ေယာက္ ျပင္သစ္ဖလားပြဲစဥ္အျဖစ္ Sochaux အသင္းနဲ့ပြဲမွာ ဂိုးသမားလက္အိတ္နဲ ့ဂိုးသမားအျဖစ္၀င္ကစားခဲ့ပါတယ္။
Sochauxအသင္းကို ၄-၁ ျဖင့္ PSG အသင္းနိုင္ရခဲ့တဲ့ ပြဲရဲ့ ပြဲကစားခ်ိန္ မိနစ္၉၀ မွာေတာ့ PSG ဂိုးသမား ထရပ္တစ္ေယာက္ အထုတ္ခံခဲ့ရၿပီး လူစားထိုးဖို ့လူမရိွေတာ့တာေၾကာင့္ အရပ္ ၅ေပ ၆ လက္မသာရိွတဲ့ အဲလ္ဗက္စ္က ဂိုးသမားအျဖစ္၀င္ကစားခဲ့ၿပီး သူဖမ္းတဲ့ အခ်ိန္ဂိုးမေပးရေအာင္ကာကြယ္ခဲ့ပါတယ္။အထူသျဖင့္ ၿပိဳင္ဘက္အသင္းရဲ ့ဖရီးကစ္ကန္သြင္းခ်က္ကိုကာကြယ္ဖို ့သူ ့ရဲ့အသင္းေဖာ္ေနာက္တန္းေတြကို ညႊန္ၾကားေနတာကို ေတြ ့ရတာသိပ္ကို ပရိုဖယ္ရွင္နယ္ဆန္လြန္ခဲ့ပါတယ္။
အခုခ်ိန္မွာ ကြင္းလယ္ေနရာမွာအေကာင္းဆံုးကစားျပေနတဲ့ အသက္၃၅နွစ္အရြယ္ကစားသမားၾကီး ျပင္သစ္ကလပ္အတြက္အေရးပါအရာေရာက္တဲ့ကစားသမားတစ္ေယာက္ျဖစ္လို ့ေနပါတယ္။
ၿပီးခဲ့တဲ့ရာသီက PSG အသင္းနဲ ့ျပည္တြင္းဖလား ၃လံုးကိုတစ္ၿပိဳင္နက္ရယူၿပီးေနာက္ အဲလ္ဗက္စ္ဟာ ကစားသမားဘ၀သက္တမ္းတစ္ေလ ွ်ာက္ ဖလား၃၈ လံုးအထိရယူနိုင္ခဲ့ၿပီး လက္ရိွေဘာလံုးေလာကမွာ ထူးခၽြန္ေျပာင္ေျမာက္ကစားသမားတစ္ဦးအျဖစ္ရပ္တည္လ်က္ရိွေနပါတယ္။
(Unicode)
PSG အသင်းအတွက်နေရာစုံမှာ ကစားပေးနိုင်ခဲ့တဲ့ ဒန်နီအဲလ်ဗက်စ်
ဒန်နီအဲလ်ဗက်စ်ဆိုသည်မှာ စွယ်စုံရလူသားလို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ဒီဘရာဇီးသားဟာ ၂၀၁၇ နွေရာသီမှာ PSG ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်အခုချိန်ဆို ဒုတိယရာသီကိုရောက်ရှိလို့လာနေပြီပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း လီဂူး၁ ချန်ပီယံအသင်းအတွက် နေရာပေါင်းစုံကနေ ဝင်ရောက်ကစားပေးနိုင်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ ခံစစ်ဆိုတာ အဲလ်ဗက်စ်အတွက် အားအသန်ဆုံးနေရာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီနေရာဟာ အဲလ်ဗက်စ်အတွက် ပုံသေကစားနေခဲ့တဲ့နေရာဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတစ်လေ ျှာက်လုံးအကောင်းဆုံးကစားနိုင်ခဲ့တဲ့နေရပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း သူဟာတိုက်စစ်ကိုလည်းအကောင်းဆုံးလိုက်ပါပံ့ပိုးကစားပေးနိုင်တဲ့သူုဖြစ်ပြီး တောင်ပံကနေ တိုက်စစ်အထိရှေ့တက်ကစားနိုင်တဲ့ ထူးချွန်တဲ့နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်။
အခုလက်ရှိအချိန် အသင်းဖော်ဗာရက်တီဟာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့အချိန်မှာတော့ ဘာကာနဲ့ဂျူဗင်တပ်စ်ကစားသမားဟောင်းကြီးက ကွင်းလယ်နေရာကနေဝင်ကစားပေးခဲ့ရပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်းကဒီထက်ပိုတောင်လွန်နေပါတယ်။ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက အဲလ်ဗက်စ်တစ်ယောက် ပြင်သစ်ဖလားပွဲစဉ်အဖြစ် Sochaux အသင်းနဲ့ပွဲမှာ ဂိုးသမားလက်အိတ်နဲ့ဂိုးသမားအဖြစ်ဝင်ကစားခဲ့ပါတယ်။
Sochauxအသင်းကို ၄-၁ ဖြင့် PSG အသင်းနိုင်ရခဲ့တဲ့ ပွဲရဲ့ ပွဲကစားချိန် မိနစ်၉၀ မှာတော့ PSG ဂိုးသမား ထရပ်တစ်ယောက် အထုတ်ခံခဲ့ရပြီး လူစားထိုးဖို့လူမရှိတော့တာကြောင့် အရပ် ၅ပေ ၆ လက်မသာရှိတဲ့ အဲလ်ဗက်စ်က ဂိုးသမားအဖြစ်ဝင်ကစားခဲ့ပြီး သူဖမ်းတဲ့ အချိန်ဂိုးမပေးရအောင်ကာကွယ်ခဲ့ပါတယ်။အထူသဖြင့် ပြိုင်ဘက်အသင်းရဲ့ဖရီးကစ်ကန်သွင်းချက်ကိုကာကွယ်ဖို့သူ့ရဲ့အသင်းဖော်နောက်တန်းတွေကို ညွှန်ကြားနေတာကို တွေ့ရတာသိပ်ကို ပရိုဖယ်ရှင်နယ်ဆန်လွန်ခဲ့ပါတယ်။
အခုချိန်မှာ ကွင်းလယ်နေရာမှာအကောင်းဆုံးကစားပြနေတဲ့ အသက်၃၅နှစ်အရွယ်ကစားသမားကြီး ပြင်သစ်ကလပ်အတွက်အရေးပါအရာရောက်တဲ့ကစားသမားတစ်ယောက်ဖြစ်လို့နေပါတယ်။
ပြီးခဲ့တဲ့ရာသီက PSG အသင်းနဲ့ပြည်တွင်းဖလား ၃လုံးကိုတစ်ပြိုင်နက်ရယူပြီးနောက် အဲလ်ဗက်စ်ဟာ ကစားသမားဘဝသက်တမ်းတစ်လေ ျှာက် ဖလား၃၈ လုံးအထိရယူနိုင်ခဲ့ပြီး လက်ရှိဘောလုံးလောကမှာ ထူးချွန်ပြောင်မြောက်ကစားသမားတစ်ဦးအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။
Post a Comment