ပရီးမီးယားလိဂ္မွာ ေဘာလံုးေပးပို႔မႈ၁၈၉၆ျကိမ္ျပဳလုပ္ခဲ့ေပမယ့္တစ္လံုးမွမဖန္တီးေပးနိုင္ေသးတဲ့ေဂ်ာ္ဂ်င္ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေဂ်ာ္ဂ်င္ဟိုဆိုတာနဲ႔ ေဘာလံုးေပးပို႔မႈတိက်သူတစ္ေယာက္အျဖစ္ ေဘာလံုးဖန္ေတြမ်က္စိထဲျမင္မိမွာပါ။ဒါေပမယ့္ ခ်ယ္ဆီးမွာ ေဘာလံုးေပးပို႔မႈ ၁၈၉၆ျကိမ္ျပဳလုပ္ခဲ့ေပမယ့္ ဂိုးဖန္တီးမႈတစ္ျကိမ္မွ မရွိခဲ့တာေတာ့အံ့ျသစရာပါပဲ။ဆာရီကသူ႔တပည့္ေဟာင္း ကို နာပိုလီကေန ေခၚယူခဲ့ျပီးေနာက္ အသင္းရဲ႕ကြင္းလယ္ပဲ့ကိုင္ရွင္အျဖစ္ ယံုယံုျကည္ျကည္ေနရာေပးခဲ့ပါတယ္။ဝက္ဟမ္းနဲ႔ဂိုးမရွိသေရက်တဲ့ပြဲမွာဆိုရင္ ေဂ်ာ္ဂ်င္ဟိုဟာ တိက်တဲ့ေဘာလံုးေပးပို႔မႈ အျကိမ္၁၈၀အထိျပဳလုပ္ျပီး စံခ်ိန္သစ္တင္ခဲ့ပါေသးတယ္။
ဒါေပမယ့္ ခ်ယ္ဆီးကြင္းလယ္က ေဘာလံုးဆံုးရံႈးမွာ အေျကာက္လြန္ျပီး ျကံရည္ဖန္ရည္ကင္းမဲ့လြန္းေနပါတယ္။ေဂ်ာ္ဂ်င္ဟို ကိုယ္တိုင္လည္း ကြင္းလယ္အသက္ေသြးေျကာေနရာမွာ ကစားေနေပမယ့္ အခြင့္အေရးဖန္တီးမႈအပိုင္းမွာေတာ့ အားနည္းလ်က္ရွိတာပါ။ေဘာလံုးမပ်က္ရံု အဓိပၸာယ္ကင္းမဲ့တဲ့ ေပးပို႔မႈေတြနဲ႔သာ အခ်ိန္ျဖဳန္းေနခဲ့တာပါ။တဖက္ကျပန္ျကည့္ရင္လည္းေဂ်ာ္ဂ်င္ဟိုဟာ ခ်ယ္ဆီးအသင္းရဲ႕ ခံစစ္ တိုက္စစ္အကူးအေျပာင္းအတြက္ ျကားခံနယ္ေနရာမွာ တာဝန္ယူထားျပီး ေဘာလံုးပိုင္ဆိုင္မႈထိန္းသိမ္းတဲ့ေနရာမွာေတာ့အျပစ္ဆိုစရာမရွိပါဘူး။
ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ေအာင္ျမင္တဲ့ ေဘာလံုးေပးပို႔မႈအျကိမ္အေရအတြက္ဟာ နယူးကာဆယ္တစ္သင္းလံုးထက္ေတာင္မ်ားေနပါေသးတယ္။ဒါ့အျပင္ ကြင္းလယ္deep roleကေန တိုက္စစ္ကိုတိုက္ရိုက္ေပးပို႔မႈေတြ တစ္ပြဲပ်မ္းမ်ွ ၁၃ျကိမ္ထိ စြမ္းေဆာင္ျပထားနိုင္ေပမယ့္ ဂိုးဖန္တီးမႈသုညျဖစ္ေနတာကေတာ့ ခ်ယ္ဆီးတိုက္စစ္မွဴးေတြရဲ႕တာဝန္မကင္းပါဘူူး။မျကာခင္အခ်ိန္မွာပဲ သူ႔ရဲ႕ဂိုးဖန္တီးမႈေတြ ျမင္ေတြ႕ရဖို႔ ေမ်ွာ္လင့္ရပါတယ္။
မန္စီးတီးဂိုးသမားအီဒါဆင္ေတာင္ဂိုးဖန္တီးမႈျပဳလုပ္ထားနိုင္ခ်ိန္မွာ အသင္းျကီးတစ္သင္းရဲ႕အဓိက ကြင္းလယ္လူတစ္ေယာက္အတြက္ေတာ့ လက္မခံနိုင္ခ်င္စရာပါပဲ။အီဒါဆင္ဟာျသဂုတ္လက ဟတ္ဒါဖီးနဲ႔ပြဲ မွာ အဂူရိုသြင္းခဲ့တဲ့ဂိုးကိုတိုက္ရိုက္ေပးပို႔ဖန္တီးခဲ့တာပါ။ေဂ်ာ္ဂ်င္ဟိုအေနနဲ႕ လာမယ့္ပြဲေတြမွာစြန္႕စားေပးပို႔မႈေတြျပဳလုပ္သင့္ေနပါျပီ။မဟုတ္ရင္ေတာ့ မီဒီယာေတြရဲ႕ေဝဖန္ေရးလိႈင္းလံုးေတြေအာက္ နစ္ျမဳပ္ရမယ့္အေျခအေနပါပဲ။
(Unicode)
ပရီးမီးယားလိဂ်မှာ ဘောလုံးပေးပို့မှု၁၈၉၆ကြိမ်ပြုလုပ်ခဲ့ပေမယ့်တစ်လုံးမှမဖန်တီးပေးနိုင်သေးတဲ့ဂျော်ဂျင်ဟို
ဂျော်ဂျင်ဟိုဆိုတာနဲ့ ဘောလုံးပေးပို့မှုတိကျသူတစ်ယောက်အဖြစ် ဘောလုံးဖန်တွေမျက်စိထဲမြင်မိမှာပါ။ဒါပေမယ့် ချယ်ဆီးမှာ ဘောလုံးပေးပို့မှု ၁၈၉၆ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဂိုးဖန်တီးမှုတစ်ကြိမ်မှ မရှိခဲ့တာတော့အံ့သြစရာပါပဲ။ဆာရီကသူ့တပည့်ဟောင်း ကို နာပိုလီကနေ ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ကွင်းလယ်ပဲ့ကိုင်ရှင်အဖြစ် ယုံယုံကြည်ကြည်နေရာပေးခဲ့ပါတယ်။ဝက်ဟမ်းနဲ့ဂိုးမရှိသရေကျတဲ့ပွဲမှာဆိုရင် ဂျော်ဂျင်ဟိုဟာ တိကျတဲ့ဘောလုံးပေးပို့မှု အကြိမ်၁၈၀အထိပြုလုပ်ပြီး စံချိန်သစ်တင်ခဲ့ပါသေးတယ်။
ဒါပေမယ့် ချယ်ဆီးကွင်းလယ်က ဘောလုံးဆုံးရှုံးမှာ အကြောက်လွန်ပြီး ကြံရည်ဖန်ရည်ကင်းမဲ့လွန်းနေပါတယ်။ဂျော်ဂျင်ဟို ကိုယ်တိုင်လည်း ကွင်းလယ်အသက်သွေးကြောနေရာမှာ ကစားနေပေမယ့် အခွင့်အရေးဖန်တီးမှုအပိုင်းမှာတော့ အားနည်းလျက်ရှိတာပါ။ဘောလုံးမပျက်ရုံ အဓိပ္ပာယ်ကင်းမဲ့တဲ့ ပေးပို့မှုတွေနဲ့သာ အချိန်ဖြုန်းနေခဲ့တာပါ။တဖက်ကပြန်ကြည့်ရင်လည်းဂျော်ဂျင်ဟိုဟာ ချယ်ဆီးအသင်းရဲ့ ခံစစ် တိုက်စစ်အကူးအပြောင်းအတွက် ကြားခံနယ်နေရာမှာ တာဝန်ယူထားပြီး ဘောလုံးပိုင်ဆိုင်မှုထိန်းသိမ်းတဲ့နေရာမှာတော့အပြစ်ဆိုစရာမရှိပါဘူး။
ပရီးမီးယားလိဂ်မှာ သူ့ရဲ့အောင်မြင်တဲ့ ဘောလုံးပေးပို့မှုအကြိမ်အရေအတွက်ဟာ နယူးကာဆယ်တစ်သင်းလုံးထက်တောင်များနေပါသေးတယ်။ဒါ့အပြင် ကွင်းလယ်deep roleကနေ တိုက်စစ်ကိုတိုက်ရိုက်ပေးပို့မှုတွေ တစ်ပွဲပျမ်းမျှ ၁၃ကြိမ်ထိ စွမ်းဆောင်ပြထားနိုင်ပေမယ့် ဂိုးဖန်တီးမှုသုညဖြစ်နေတာကတော့ ချယ်ဆီးတိုက်စစ်မှူးတွေရဲ့တာဝန်မကင်းပါဘူူး။မကြာခင်အချိန်မှာပဲ သူ့ရဲ့ဂိုးဖန်တီးမှုတွေ မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။
မန်စီးတီးဂိုးသမားအီဒါဆင်တောင်ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ချိန်မှာ အသင်းကြီးတစ်သင်းရဲ့အဓိက ကွင်းလယ်လူတစ်ယောက်အတွက်တော့ လက်မခံနိုင်ချင်စရာပါပဲ။အီဒါဆင်ဟာသြဂုတ်လက ဟတ်ဒါဖီးနဲ့ပွဲ မှာ အဂူရိုသွင်းခဲ့တဲ့ဂိုးကိုတိုက်ရိုက်ပေးပို့ဖန်တီးခဲ့တာပါ။ဂျော်ဂျင်ဟိုအနေနဲ့ လာမယ့်ပွဲတွေမှာစွန့်စားပေးပို့မှုတွေပြုလုပ်သင့်နေပါပြီ။မဟုတ်ရင်တော့ မီဒီယာတွေရဲ့ဝေဖန်ရေးလှိုင်းလုံးတွေအောက် နစ်မြုပ်ရမယ့်အခြေအနေပါပဲ။
Post a Comment