Header Ads


ဟီဂူအင္ကိုနည္းျပဂတ္တူဆိုတစ္ေယာက္ဘာလို ့အခန္ းပိတ္ေလာ့ခ္ခတ္ထားခ်င္ေနတာလဲ?









Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဟီဂူအင္တစ္ေယာက္ခ်ဲလ္ဆီးအသင္းဆီေျပာင္းေရႊ ့ေရးကိစၥမွာ အခုထိလက္ခဲတည္းလည္းအေျခအေနျဖစ္ေနၿပီးမၿပီးျပတ္ေနေသးတာေၾကာင့္ ေအစီမီလန္အသင္းနည္းျပဂတ္တူဆုိက စိတ္မရွည္ေတာ့ပဲ သူ႔သေဘာတုိင္းဆုိဟီဂူအင္ကုိ အခန္းထဲပိတ္ၿပီး ေလာ့ခ္ခ်ထားလုိက္ၿပီလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ထုတ္ေျပာသြားခဲ့ပါတယ္။

ေအစီမီလန္အသင္းရဲ ့နည္းျပဂတ္တူဆုိဟာ ကစားသမားဘဝမွာကတည္းက စိတ္ဆတ္သူ၊စိတ္တိုလြယ္သူတစ္ေယာက္ ျဖစ္သလုိ၊ အျဖစ္အပ်က္ တစ္ခုကုိတုန္ျပန္ ့ရမွာ အလ်င္လိုသူအျဖစ္ နာမည္ႀကီးခဲ့သူျဖစ္ၿပီး ယခုဟီဂူအင္ရဲ့အေျပာင္းအေရႊ႔မွာလည္းကာယကံရွင္ရဲ့သေဘာထား နဲ႔ ခ်ယ္လ္ဆီးရဲ့ ႀကိဳးပမ္းမႈတို ့ေ၀့လည္ေၾကာင္ပတ္ျဖစ္ေနတာကုိ သေဘာမက်ဘဲအသင္း ေျပာင္းမယ္ဆုိလည္းျမန္ျမန္ေျပာင္းဖုိ႔ျပင္ၿပီး မေျပာင္းဖူးဆုိလည္း အသင္းရဲ့ပြဲေတြမွာ အာရုံစုိက္ဖုိ႔ ဆႏၵရွိေနတယ္လုိ႔သိရပါတယ္။

ဟီဂူအင္ရဲ့အေျပာင္းအေရႊ႔ဟာေနာက္ဆံုးသိရသေလာက္ေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ကစားသမားကုိပုိင္ဆုိင္တဲ့အသင္းေဟာင္းဂ်ဴဗင္တပ္စ္အသင္းဆီတုိက္ရုိက္တရားဝင္ခ်ဥ္းကပ္ၿပီး ေပါင္ ၃၂ သန္းနဲ႔ေခၚယူဖုိ႔ ႀကိဳးစားေနတာပဲျဖစ္ပါတယ္။တကယ္လုိ႔သေဘာတူညီခ်က္ရခဲ့မယ္ဆုိရင္ ေအစီမီလန္အသင္းအတြက္ မုိရာတာကုိအဌားသေဘာနဲ႔ ျပန္အလဲအလွယ္ေပးဖုိ႔ စီစဥ္ေနတယ္လုိ႔လည္းသိရပါတယ္။

ဒီအေျပာင္းအေရႊ႔နဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာဂတ္တူဆုိကုိေမးျမန္းရာမွာအေျပာင္းအေရႊ႔တစ္ခုမွာ ေျပာင္းခ်င္လား မေျပာင္းခ်င္လားဆုိတာ ကစားသမားကိုယ္တိုင္ကဆုံးျဖတ္ရတာပါ။ က်ေနာ္ ့ကုိလာမေမးၾကပါနဲ႔၊ က်ေနာ္ ့သေဘာတုိင္းဆုိ သူ႔ကုိအိမ္ေခၚသြားၿပီး အခန္းထဲထည့္ ေလာ့ခ္ခ်ထားလိုက္မယ္။ နာရီ နာရီၾကား အစားအစာေပးပစ္ေကြ်းတာကလြဲလုိ႔ တံခါးလုံးဝဖြင့္ေပးမွာ မဟုတ္ဘူးလုိ႔ေျပာသြားခဲ့တာပဲျဖစ္ပါတယ္။


ဟီဂူအင္ကေတာ့ ေအစီမီလန္အသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြထံ ခ်ယ္လ္ဆီးအသင္းကုိေျပာင္းေရႊ႔ကစားဖုိ႔အေရးေတာင္းဆုိထားတယ္လုိ႔သိရၿပီး၊ သူ႔အေနနဲ႔ အဂၤလန္မွာကစားခ်င္စိတ္ျပင္းျပေနသလုိ အရင္နာပိုလီနည္းျပေဟာင္းဆာရီလက္ေအာက္မွာ ကစားဖို ့စိတ္အားထက္သန္ေနတာေၾကာင့္ ခုေဆာင္းရာသီအေျပာင္းအေရႊ႔မွာပဲ ေျပာင္းျဖစ္ေအာင္ေျပာင္းခ်င္ေနတယ္ လုိ႔ ထုတ္ေဖာ္ေျပာခဲ့တာပဲျဖစ္ပါတယ္။

(Unicode)

ဟီဂူအင်ကိုနည်းပြဂတ်တူဆိုတစ်ယောက်ဘာလို့အခန့်ပိတ်လော့ခ်ခတ်ထားချင်နေတာလဲ?

ဟီဂူအင်တစ်ယောက်ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ရေးကိစ္စမှာ အခုထိလက်ခဲတည်းလည်းအခြေအနေဖြစ်နေပြီးမပြီးပြတ်နေသေးတာကြောင့် အေစီမီလန်အသင်းနည်းပြဂတ်တူဆိုက စိတ်မရှည်တော့ပဲ သူ့သဘောတိုင်းဆိုဟီဂူအင်ကို အခန်းထဲပိတ်ပြီး လော့ခ်ချထားလိုက်ပြီလို့ အင်တာဗျူးတစ်ခုမှာ ထုတ်ပြောသွားခဲ့ပါတယ်။

အေစီမီလန်အသင်းရဲ့နည်းပြဂတ်တူဆိုဟာ ကစားသမားဘဝမှာကတည်းက စိတ်ဆတ်သူ၊စိတ်တိုလွယ်သူတစ်ယောက် ဖြစ်သလို၊ အဖြစ်အပျက် တစ်ခုကိုတုန်ပြန့်ရမှာ အလျင်လိုသူအဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီး ယခုဟီဂူအင်ရဲ့အပြောင်းအရွှေ့မှာလည်းကာယကံရှင်ရဲ့သဘောထား နဲ့ ချယ်လ်ဆီးရဲ့ ကြိုးပမ်းမှုတို့ဝေ့လည်ကြောင်ပတ်ဖြစ်နေတာကို သဘောမကျဘဲအသင်း ပြောင်းမယ်ဆိုလည်းမြန်မြန်ပြောင်းဖို့ပြင်ပြီး မပြောင်းဖူးဆိုလည်း အသင်းရဲ့ပွဲတွေမှာ အာရုံစိုက်ဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။

ဟီဂူအင်ရဲ့အပြောင်းအရွှေ့ဟာနောက်ဆုံးသိရသလောက်တော့ ချယ်လ်ဆီးအသင်းဟာ ကစားသမားကိုပိုင်ဆိုင်တဲ့အသင်းဟောင်းဂျူဗင်တပ်စ်အသင်းဆီတိုက်ရိုက်တရားဝင်ချဉ်းကပ်ပြီး ပေါင် ၃၂ သန်းနဲ့ခေါ်ယူဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။တကယ်လို့သဘောတူညီချက်ရခဲ့မယ်ဆိုရင် အေစီမီလန်အသင်းအတွက် မိုရာတာကိုအဌားသဘောနဲ့ ပြန်အလဲအလှယ်ပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာဂတ်တူဆိုကိုမေးမြန်းရာမှာ ” အပြောင်းအရွှေ့တစ်ခုမှာ ပြောင်းချင်လား မပြောင်းချင်လားဆိုတာ ကစားသမားကိုယ်တိုင်ကဆုံးဖြတ်ရတာပါ။ ကျနော့်ကိုလာမမေးကြပါနဲ့၊ ကျနော့်သဘောတိုင်းဆို သူ့ကိုအိမ်ခေါ်သွားပြီး အခန်းထဲထည့် လော့ခ်ချထားလိုက်မယ်။ ၂ နာရီ ၃ နာရီကြား အစားအစာပေးပစ်ကျွေးတာကလွဲလို့ တံခါးလုံးဝဖွင့်ပေးမှာ မဟုတ်ဘူး ” လို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။

ဟီဂူအင်ကတော့ အေစီမီလန်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတွေထံ ချယ်လ်ဆီးအသင်းကိုပြောင်းရွှေ့ကစားဖို့အရေးတောင်းဆိုထားတယ်လို့သိရပြီး၊ သူ့အနေနဲ့ အင်္ဂလန်မှာကစားချင်စိတ်ပြင်းပြနေသလို အရင်နာပိုလီနည်းပြဟောင်းဆာရီလက်အောက်မှာ ကစားဖို့စိတ်အားထက်သန်နေတာကြောင့် ခုဆောင်းရာသီအပြောင်းအရွှေ့မှာပဲ ပြောင်းဖြစ်အောင်ပြောင်းချင်နေတယ် လို့ ထုတ်ဖော်ပြောခဲ့တာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.