ဆီးႏွင္းေတြကလီဗာပူးလ္တို ့ကိုခ်န္ပီယံဆုအတြက္အမွတ္ျဖတ္မယ့္အခြင့္အေရးမေပးခဲ့ပါဘူး။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ာဂန္ကေလာ့ရဲ ့လီဗာပူးလ္အသင္းဟာ လက္စတာစီးတီးအသင္းကို အနိုင္ရမည္ဆိုပါက အဆင့္၂က မန္စီးတီးကို ရမွတ္ ၇မွတ္ျပတ္ျဖင့္ဦးေဆာင္နိုင္ခဲ့ေသာ္လည္း အဆံုးမွာေတာ့ ၁-၁ သေရရလဒ္ျဖင့္သာေက်နပ္ခဲ့ပါတယ္။
ဇန္န၀ါရီလသာရိွပါေသးတယ္။ လာမယ့္ဧပရယ္နဲ ့ေမလ မွာ အန္ဖီးလ္ကြင္းၾကီးအေျခအေနကိုခင္ဗ်ားတို ့ေတြခန္ ့မွန္းနိုင္ၾကလား? ဆီးႏွင္းေတြက်ဆင္းေနခဲ့တာက လီဗာပူးလ္အသင္းရဲ ့ပရီးမီးယားလိပ္ခ်န္ပီယံစိန္ေခၚမႈလမ္းေၾကာင္းမွာ အျပတ္အသတ္သာေအာင္လုပ္တဲ့ေနရာမွာ အဟန္ ့အတားတစ္ခုျဖစ္ေစခဲ့ပါတယ္။ဇယားထိပ္မွာ ၅မွတ္ပဲျဖတ္ထားနိုင္ေသးတာေၾကာင့္ အနည္းငယ္စိတ္ပ်က္စရာျဖစ္ေနပါတယ္။
တကယ္ေတာ့ ဒါဟာအရမ္းၾကီးစိတ္ပ်က္စရာေကာင္းတာေတာ့မဟုတ္ပါဘူး။ဒါပင္မယ့္ အဂၤါေန ့ညက မန္စီးတီးရဲ ့နယူးကာဆယ္အသင္းကို အေရးနိမ့္ခဲ့တာေၾကာင့္ ဂ်ာဂန္ကေလာ့နဲ ့သူ ့အဖြဲ ့သားေတြအတြက္ ဒီအခြင့္အေရးကိုအေကာင္းဆံုးအသံုးခ်ဖို ့အေျခအေနေပးခဲ့ပါတယ္။ ၇မွတ္ျပတ္နဲ ့ဦးေဆာင္နိုင္မယ့္အခြင့္အေရးကလက္စတာပြဲနဲ ့မတိုင္ခင္ထိစာင့္ဆိုင္းေနတာပါ။
ဒီရာသီလီဗာပူးလ္အသင္းအေၾကာင္းေျပာခ်င္တာက သူတို ့အသင္းအတြက္ေသခ်ာေပါက္အနိုင္ယူနိုင္မယ့္အသင္းေတြနဲ ့ေတြ ့ဆံုတိုင္း မေတာ္တဆ ရမွတ္ေတြဆံုးရံႈးခဲ့တာပဲျဖစ္ပါတယ္။လက္စတာစီးတီးအသင္းဟာ ခ်ဲလ္ဆီးအသင္းေရာ မန္စီးတီးအသင္းတို ့ကို ဒီရာသီမွာအနိုင္ယူနိုင္ခဲ့ၿပီး Final Third ဇုန္မွာ အေကာင္းဆံုးၾကိဳးစားအားထုတ္ခဲ့တာေၾကာင့္ ရမွတ္ ၃မွတ္အျပည့္ ရယူနိုင္ခဲ့တာကိုေတြ ့ရပါတယ္။
လီဗာပူးလ္အသင္းဟာ သူတို ့အသင္းရဲ ့ခ်န္ပီယံဆုအတြက္ မဟာအခြင့္အေရးကိုလြဲေခ်ာ္ခဲ့ပါတယ္။ရာသီဥတုဆိုးရြားလြန္းတဲ့ အန္ဖီးလ္ကြင္းရဲ ့ညမွာ သူတို ့အသင္းရဲ ့စြမ္းေဆာင္ရည္ဟာလည္း ညံ့ဖ်င္းခဲ့ပါတယ္။စိုးရိမ္ေနတဲ့ကစားဟန္နဲ ့ေနွးေကြးေလးလံစြာကစားေနတာေတြ၊ အေလအလႊင့္ျဖစ္ခဲ့တာေတြက ကေလာ့ေခတ္လို ့တင္စားေခၚေ၀ါေနၾကတဲ့အသင္းကစားဟန္နဲ ့တစ္ျခားစီျဖစ္ေနတာကိုေတြ ့ရပါတယ္။ကေလာ့ကေတာ့ သူ ့ရဲ့အသင္းသားေတြအေနနဲ ့ေနာင္တရတဲ့ ပံုစံနဲ ့မေနထိုင္ဖို ့ေမ ွ်ာ္လင့္ေနေၾကာင္းေျပာၾကားခဲ့ပါတယ္။
” ကၽြန္ေတာ္တို ့ရသေလာက္ကိုယူေဆာင္ရပါမယ္။ဒီေန ့ညကေတာ့ ရမွတ္၁မွတ္ပဲေပါ့။ပြဲမတိုင္ခင္ေတာ့ ကၽြန္ေတာ္တို ့ဒီထက္ပိုရမယ္လို ့ထင္ခဲ့ပါတယ္။ၿပီးေတာ့အဆင္ေျပပါတယ္။ကၽြန္ေတာ္အရမ္းမ်ားေပ်ာ္ေနတာလား? မဟုတ္ပါဘူး။ဘာလို ့လဲဆိုေတာ့ တကယ္ေတာ့ ကၽြန္ေတာ္လည္း ဒီပြဲကိုနိုင္ခ်င္ပါတယ္။” လို ့ကေလာ့ကဆိုလိုက္ပါတယ္။
ပြဲအစ၂မိနစ္မွာ ဆာဒီယိုမာေနးက လီဗာပူးလ္အသင္းအတြက္အဖြင့္ဂိုးသြင္းယူေပးနိုင္ခဲ့ေသာ္လည္း ၾကိဳးၾကာနီတို ့ဦးေဆာင္ဂိုးကို မထိန္းနိုင္ခဲ့ပဲ မက္ဂြားယားရဲ ့ေခ်ပဂိုးကိုခြင့္ျပဳေပးခဲ့ရတာပဲျဖစ္ပါတယ္။
တစ္ကြင္းလံုးဟာ ဆီးႏွင္းေတြက်ဆင္းေနတာျဖစ္ၿပီး ဒါဟာသူတို ့ရဲ ့ကစားဟန္ေျခေခ်ာ္လဲေအာင္လုပ္ေဆာင္ေနခဲ့တာပဲျဖစ္ပါတယ္။ဂိုးသမားအယ္လီဆန္ကေနစၿပီး ေရွ ့ဆံုးကဆာလာအထိ ကြင္းထဲအလဲလဲအေခ်ာ္ေခ်ာ္ျဖစ္ေနခဲ့ၾကတာကိုေတြ ့ရပါတယ္။ပထမပိုင္းၿပီးခါနီ မက္ဂြားယားရဲ ့ေခ်ပဂိုးက ဒါဟာျဖစ္တတ္တဲ့ အရာမွန္းသိသာခံစားေစပါတယ္။
” အမွန္တကယ္ေတာ ့ဆီနွင္းေတြကကၽြန္ေတာ္တို ့အတြက္ျပႆနာတစ္ခုမဟုတ္ပါဘူး။ျပႆနာက ဆီးႏွင္းေတြ ျမက္ခင္းေပၚမွာရိွေနတာပဲျဖစ္ပါတယ္။” လို ့ကေလာ့ေျပာခဲ့ၿပီး ” ေဘာလံုးက တကယ့္ကို မလိမ့္တာပါ။အခ်ိန္ရဲ ့၇၀ -၈၀ ရာခိုင္နႈန္းေလာက္ေဘာလံုးကိုင္ထားတယ္ဆိုရင္ဒါဟာတကယ့္ကို သက္ေသာင့္သက္သာမျဖစ္ေစပါဘူး။” လို ့ေျပာၾကားခဲ့ပါတယ္။
လက္စတာစီးတီးအသင္းဟာ ဒုတိယပိုင္းမွာအနိုင္ရဖို ့အထိအခြင့္အေရးေတြရခဲ့ၿပီး လီဗာပူးလ္အသင္းကေတာ့ ကၽြန္ေတာ္တို ့ထင္သလို ျပန္လာနိုင္မယ့္အေျခအေနကို မရရိွခဲ့ပါဘူး။
” ဒီေန ့ညလက္စတာအသင္းလို ခံစစ္ကစားတဲ့အသင္းကို ျဖိဳခြင္းဖို ့ဆိုရင္ ကၽြန္ေတာ္တို ့အရိွန္ျမွင့္ၿပီးကစားရပါမယ္။ဆံုးျဖတ္ခ်က္ေပးနိုင္မယ့္ေနရာေတြမွာ အရိွန္တင္ၿပီးကစားရမွာပါ။တစ္ခါတစ္ေလ ကၽြန္ေတာ္တို ့မလုပ္နိုင္ခဲ့ပါဘူး။ဘာလို ့လဲဆိုတာကၽြန္ေတာ္အတိအက်မသိဘူး။တစ္ခါတစ္ေလကၽြန္ေတာ္တို ့မလုပ္ေဆာင္နုိင္ခဲ့ပါဘူး။” လို ့ကေလာ့က ၀န္ခံေျပာၾကားခဲ့ပါတယ္။
လက္စတာကစားသမား ရီကာဒိုပီရီယာတစ္ေယာက္ နဘီကီတာအေပၚပယ္နယ္တီဧရိယာအတြင္း ျဖတ္ထုတ္ခဲ့တဲ့အေပၚ ကြင္းလယ္ဒိုင္ အက္ကင္ဆန္က ပယ္နယ္တီေပးဖို ့ပ်က္ကြက္ခဲ့တာနဲ ့ပတ္သတ္ၿပီး ” အဲ့အခ်ိန္မွာ သူဘာေတြစဥ္းစားေနလဲ ကၽြန္ေတာ္မသိပါဘူး။ခင္ဗ်ားတို ့သူ ့ကိုသြားေမးသင့္ပါတယ္။” လို ့ေျပာၾကားခဲ့ပါတယ္။
ခ်န္ပီယံစိန္ေခၚမႈအတြက္စိတ္လႈပ္ရွားစရာေကာင္းေနတုန္းပါပဲ။လီဗာပူးလ္အသင္းဟာ ဒီရာသီလိပ္မွာအေကာင္းဆံုးစြမ္းေဆာင္ထားနိုင္ပါတယ္။ဒါပင္မယ့္ ခ်န္ပီယံျဖစ္ၿပီးလားဆိုတဲ့ ေမ ွ်ာ္လင့္ခ်က္ level ကေတာ့ လက္ခံဖို ့ခက္ခဲေနဆဲပါပဲ။အနီးကပ္ဆံုးၿပိဳင္ဘက္မန္စီးတီးအသင္းကေတာ့ လာမယ့္တနဂၤေႏြေန ့မွာ အာဆင္နယ္အသင္းနဲ ့ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ကေလာ့ရဲ ့အသင္းဟာ တနလၤာေန ့ညမွာ ၀က္စ္ဟမ္းအသင္းရဲ ့အိမ္ကြင္းမွာသြားေရာက္ကစားရမွာပဲျဖစ္ပါတယ္။
(Unicode)
ဆီးနှင်းတွေကလီဗာပူးလ်တို့ကိုချန်ပီယံဆုအတွက်အမှတ်ဖြတ်မယ့်အခွင့်အရေးမပေးခဲ့ပါဘူး။
ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းဟာ လက်စတာစီးတီးအသင်းကို အနိုင်ရမည်ဆိုပါက အဆင့်၂က မန်စီးတီးကို ရမှတ် ၇မှတ်ပြတ်ဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း အဆုံးမှာတော့ ၁-၁ သရေရလဒ်ဖြင့်သာကျေနပ်ခဲ့ပါတယ်။
ဇန်နဝါရီလသာရှိပါသေးတယ်။ လာမယ့်ဧပရယ်နဲ့မေလ မှာ အန်ဖီးလ်ကွင်းကြီးအခြေအနေကိုခင်ဗျားတို့တွေခန့်မှန်းနိုင်ကြလား? ဆီးနှင်းတွေကျဆင်းနေခဲ့တာက လီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိပ်ချန်ပီယံစိန်ခေါ်မှုလမ်းကြောင်းမှာ အပြတ်အသတ်သာအောင်လုပ်တဲ့နေရာမှာ အဟန့်အတားတစ်ခုဖြစ်စေခဲ့ပါတယ်။ဇယားထိပ်မှာ ၅မှတ်ပဲဖြတ်ထားနိုင်သေးတာကြောင့် အနည်းငယ်စိတ်ပျက်စရာဖြစ်နေပါတယ်။
တကယ်တော့ ဒါဟာအရမ်းကြီးစိတ်ပျက်စရာကောင်းတာတော့မဟုတ်ပါဘူး။ဒါပင်မယ့် အင်္ဂါနေ့ညက မန်စီးတီးရဲ့နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဂျာဂန်ကလော့နဲ့သူ့အဖွဲ့သားတွေအတွက် ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချဖို့အခြေအနေပေးခဲ့ပါတယ်။ ၇မှတ်ပြတ်နဲ့ဦးဆောင်နိုင်မယ့်အခွင့်အရေးကလက်စတာပွဲနဲ့မတိုင်ခင်ထိစာင့်ဆိုင်းနေတာပါ။
ဒီရာသီလီဗာပူးလ်အသင်းအကြောင်းပြောချင်တာက သူတို့အသင်းအတွက်သေချာပေါက်အနိုင်ယူနိုင်မယ့်အသင်းတွေနဲ့တွေ့ဆုံတိုင်း မတော်တဆ ရမှတ်တွေဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။လက်စတာစီးတီးအသင်းဟာ ချဲလ်ဆီးအသင်းရော မန်စီးတီးအသင်းတို့ကို ဒီရာသီမှာအနိုင်ယူနိုင်ခဲ့ပြီး Final Third ဇုန်မှာ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့တာကြောင့် ရမှတ် ၃မှတ်အပြည့် ရယူနိုင်ခဲ့တာကိုတွေ့ရပါတယ်။
လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲ့ချန်ပီယံဆုအတွက် မဟာအခွင့်အရေးကိုလွဲချော်ခဲ့ပါတယ်။ရာသီဥတုဆိုးရွားလွန်းတဲ့ အန်ဖီးလ်ကွင်းရဲ့ညမှာ သူတို့အသင်းရဲ့စွမ်းဆောင်ရည်ဟာလည်း ညံ့ဖျင်းခဲ့ပါတယ်။စိုးရိမ်နေတဲ့ကစားဟန်နဲ့နှေးကွေးလေးလံစွာကစားနေတာတွေ၊ အလေအလွှင့်ဖြစ်ခဲ့တာတွေက ကလော့ခေတ်လို့တင်စားခေါ်ဝေါနေကြတဲ့အသင်းကစားဟန်နဲ့တစ်ခြားစီဖြစ်နေတာကိုတွေ့ရပါတယ်။ကလော့ကတော့ သူ့ရဲ့အသင်းသားတွေအနေနဲ့နောင်တရတဲ့ ပုံစံနဲ့မနေထိုင်ဖို့မေ ျှာ်လင့်နေကြောင်းပြောကြားခဲ့ပါတယ်။
” ကျွန်တော်တို့ရသလောက်ကိုယူဆောင်ရပါမယ်။ဒီနေ့ညကတော့ ရမှတ်၁မှတ်ပဲပေါ့။ပွဲမတိုင်ခင်တော့ ကျွန်တော်တို့ဒီထက်ပိုရမယ်လို့ထင်ခဲ့ပါတယ်။ပြီးတော့အဆင်ပြေပါတယ်။ကျွန်တော်အရမ်းများပျော်နေတာလား? မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ တကယ်တော့ ကျွန်တော်လည်း ဒီပွဲကိုနိုင်ချင်ပါတယ်။” လို့ကလော့ကဆိုလိုက်ပါတယ်။
ပွဲအစ၂မိနစ်မှာ ဆာဒီယိုမာနေးက လီဗာပူးလ်အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ကြိုးကြာနီတို့ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့ပဲ မက်ဂွားယားရဲ့ချေပဂိုးကိုခွင့်ပြုပေးခဲ့ရတာပဲဖြစ်ပါတယ်။
တစ်ကွင်းလုံးဟာ ဆီးနှင်းတွေကျဆင်းနေတာဖြစ်ပြီး ဒါဟာသူတို့ရဲ့ကစားဟန်ခြေချော်လဲအောင်လုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ဂိုးသမားအယ်လီဆန်ကနေစပြီး ရှေ့ဆုံးကဆာလာအထိ ကွင်းထဲအလဲလဲအချော်ချော်ဖြစ်နေခဲ့ကြတာကိုတွေ့ရပါတယ်။ပထမပိုင်းပြီးခါနီ မက်ဂွားယားရဲ့ချေပဂိုးက ဒါဟာဖြစ်တတ်တဲ့ အရာမှန်းသိသာခံစားစေပါတယ်။
” အမှန်တကယ်တော့ဆီနှင်းတွေကကျွန်တော်တို့အတွက်ပြဿနာတစ်ခုမဟုတ်ပါဘူး။ပြဿနာက ဆီးနှင်းတွေ မြက်ခင်းပေါ်မှာရှိနေတာပဲဖြစ်ပါတယ်။” လို့ကလော့ပြောခဲ့ပြီး ” ဘောလုံးက တကယ့်ကို မလိမ့်တာပါ။အချိန်ရဲ့၇၀ -၈၀ ရာခိုင်နှုန်းလောက်ဘောလုံးကိုင်ထားတယ်ဆိုရင်ဒါဟာတကယ့်ကို သက်သောင့်သက်သာမဖြစ်စေပါဘူး။” လို့ပြောကြားခဲ့ပါတယ်။
လက်စတာစီးတီးအသင်းဟာ ဒုတိယပိုင်းမှာအနိုင်ရဖို့အထိအခွင့်အရေးတွေရခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ကျွန်တော်တို့ထင်သလို ပြန်လာနိုင်မယ့်အခြေအနေကို မရရှိခဲ့ပါဘူး။
” ဒီနေ့ညလက်စတာအသင်းလို ခံစစ်ကစားတဲ့အသင်းကို ဖြိုခွင်းဖို့ဆိုရင် ကျွန်တော်တို့အရှိန်မြှင့်ပြီးကစားရပါမယ်။ဆုံးဖြတ်ချက်ပေးနိုင်မယ့်နေရာတွေမှာ အရှိန်တင်ပြီးကစားရမှာပါ။တစ်ခါတစ်လေ ကျွန်တော်တို့မလုပ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတာကျွန်တော်အတိအကျမသိဘူး။တစ်ခါတစ်လေကျွန်တော်တို့မလုပ်ဆောင်နိုင်ခဲ့ပါဘူး။” လို့ကလော့က ဝန်ခံပြောကြားခဲ့ပါတယ်။
လက်စတာကစားသမား ရီကာဒိုပီရီယာတစ်ယောက် နဘီကီတာအပေါ်ပယ်နယ်တီဧရိယာအတွင်း ဖြတ်ထုတ်ခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပယ်နယ်တီပေးဖို့ပျက်ကွက်ခဲ့တာနဲ့ပတ်သတ်ပြီး ” အဲ့အချိန်မှာ သူဘာတွေစဉ်းစားနေလဲ ကျွန်တော်မသိပါဘူး။ခင်ဗျားတို့သူ့ကိုသွားမေးသင့်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
ချန်ပီယံစိန်ခေါ်မှုအတွက်စိတ်လှုပ်ရှားစရာကောင်းနေတုန်းပါပဲ။လီဗာပူးလ်အသင်းဟာ ဒီရာသီလိပ်မှာအကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။ဒါပင်မယ့် ချန်ပီယံဖြစ်ပြီးလားဆိုတဲ့ မေ ျှာ်လင့်ချက် level ကတော့ လက်ခံဖို့ခက်ခဲနေဆဲပါပဲ။အနီးကပ်ဆုံးပြိုင်ဘက်မန်စီးတီးအသင်းကတော့ လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး ကလော့ရဲ့အသင်းဟာ တနင်္လာနေ့ညမှာ ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းမှာသွားရောက်ကစားရမှာပဲဖြစ်ပါတယ်။
Post a Comment