Header Ads


စပါးကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ အႏိုင္ယူျပီး လိဂ္ဖလားဗိုလ္လုပြဲတက္တဲ့ ခ်ယ္လ္ဆီး


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မေန႔ညက ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာေတာ့ ဆာရီရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ အိမ္ကြင္းမွာ စပါးကို ပယ္နယ္တီအဆံုးအျဖတ္ နဲ႔ အႏိုင္ယူခဲ့ျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ပါတယ္။ ပထမအေက်ာ့မွာ အေရးနိမ့္ထားခဲ့ေပမယ့္ အိမ္ကြင္းမွာ (၂-၁)နဲ႔ ျပန္အႏိုင္ယူခဲ့ျပီးေနာက္ ပယ္နယ္တီနဲ႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးမွာ ဂီေရာ့ဒ္ ပါ၀င္လာခဲ့ျပီး ဟာဇက္က ဘယ္ေတာင္ပံကို ထြက္ကစားခဲ့ပါတယ္။ အဓိကကစားသမားေတြ အစံုအလင္ ပါ၀င္လာခဲ့တဲ့ ခ်ယ္လ္ဆီးက လူမစံုတဲ့ စပါးအသင္းကို အသာစီးက ကစားႏိုင္ခဲ့ပါတယ္။ စပါးကေတာ့ တိုက္စစ္မွာ လာမယ္လာ နဲ႔ ေလာ္ရန္ေတးတိဳ႔ ပါ၀င္လာခဲ့ျပီး ဂိုးသမားေနရာမွာ လိုရစ္အစား ဂက္ဇာနီဂါ ပါ၀င္လာခဲ့ပါတယ္။


ပထမပိုင္းမွာကတည္းက ခ်ယ္လ္ဆီးက (၂)ဂိုးျပတ္နဲ႔ အႏိုင္ရရွိထားခဲ့တာ ျဖစ္ပါတယ္။ အဖြင့္ဂိုးကို (၂၇)မိနစ္မွာ ကန္ေတက သြင္းယူခဲ့ျပီး (၃၈)မိနစ္မွာ ဟာဇက္က ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ ဟယ္ရီကိန္း နဲ႔ အလီ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ ဆြန္ေဟာင္မင္ကိုလည္း လက္လႊတ္ထားရတဲ့ စပါးအတြက္ေတာ့ တိုက္စစ္အားနည္းတဲ့ဒဏ္ကို ဒီပြဲမွာ ခံစားခဲ့ရပါတယ္။


ဒါေပမယ့္ ဒုတိယပိုင္း မိနစ္ (၅၀)မွာ ေလာ္ရန္ေတးရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ စပါးတို႔ ေမွ်ာ္လင့္ခ်က္ ရွင္သန္ခဲ့ပါတယ္။ ဒါဟာ ေလာ္ရန္းေတးအတြက္လည္း စပါးအတြက္ ပြဲထြက္ခြင့္ရခဲ့တဲ့ ေနာက္ဆံုး (၅)ပြဲမွာ (၈)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ လက္က်န္ ပြဲခ်ိန္အတြင္းမွာ ႏွစ္သင္းစလုံး ဂိုးမသြင္းႏိုင္ခဲ့ၾကပဲ ႏွစ္ေက်ာ့ေပါင္း ရလဒ္ (၂-၂) ျဖစ္ေနခဲ့ပါတယ္။

ဒီအတြက္ ပယ္နယ္တီအဆံုးအျဖတ္ကို တိုက္ရိုက္ခံယူခဲ့ရျပီး ကန္သြင္းခဲ့ၾကပါတယ္။ တစ္ဖက္ႏွစ္ဂိုးစီ ကန္သြင္းအျပီးမွာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၾကျပီး စပါးအတြက္ အဲရစ္ဆင္ နဲ႔ လာမယ္လာ၊ ခ်ယ္လ္ဆီးအတြက္ ၀ီလီယံနဲ႔ အက္ဇ္ပီလီက်ဴတာတို႔ ကန္သြငး္ခဲ့ၾကတာပါ။ အဲဒီေနာက္မွာ စပါးဘက္က အဲရစ္ဒီယာ ပယ္နယ္တီမ၀င္ခဲ့ပဲ လူးကပ္စ္ေမာ္ရာကပါ ထပ္မံလြဲေခ်ာ္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးဘက္က ေဂ်ာ္ဂ်င္ဟို နဲ႔ ေဒးဗစ္လုဇ္တို႔က အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့လို႔ ပယ္နယ္တီအဆံုးအျဖတ္ (၄-၂) နဲ႔ ခ်ယ္လ္ဆီးက အႏိုင္ရရွိခဲ့ျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ မန္စီးတီးန႔ဲ ကစားရမွာျဖစ္ျပီး ေဖေဖာ္၀ါရီ (၂၄)ရက္ေန႔မွာ ကစားသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

(Credit)

(Unicode)

စပါးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး လိဂ်ဖလားဗိုလ်လုပွဲတက်တဲ့ ချယ်လ်ဆီး


မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ ဆာရီရဲ့ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ စပါးကို ပယ်နယ်တီအဆုံးအဖြတ် နဲ့ အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ပထမအကျော့မှာ အရေးနိမ့်ထားခဲ့ပေမယ့် အိမ်ကွင်းမှာ (၂-၁)နဲ့ ပြန်အနိုင်ယူခဲ့ပြီးနောက် ပယ်နယ်တီနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးမှာ ဂီရော့ဒ် ပါဝင်လာခဲ့ပြီး ဟာဇက်က ဘယ်တောင်ပံကို ထွက်ကစားခဲ့ပါတယ်။ အဓိကကစားသမားတွေ အစုံအလင် ပါဝင်လာခဲ့တဲ့ ချယ်လ်ဆီးက လူမစုံတဲ့ စပါးအသင်းကို အသာစီးက ကစားနိုင်ခဲ့ပါတယ်။ စပါးကတော့ တိုက်စစ်မှာ လာမယ်လာ နဲ့ လော်ရန်တေးတို့ ပါဝင်လာခဲ့ပြီး ဂိုးသမားနေရာမှာ လိုရစ်အစား ဂက်ဇာနီဂါ ပါဝင်လာခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက ချယ်လ်ဆီးက (၂)ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ဂိုးကို (၂၇)မိနစ်မှာ ကန်တေက သွင်းယူခဲ့ပြီး (၃၈)မိနစ်မှာ ဟာဇက်က နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်း နဲ့ အလီ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဆွန်ဟောင်မင်ကိုလည်း လက်လွှတ်ထားရတဲ့ စပါးအတွက်တော့ တိုက်စစ်အားနည်းတဲ့ဒဏ်ကို ဒီပွဲမှာ ခံစားခဲ့ရပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း မိနစ် (၅၀)မှာ လော်ရန်တေးရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် စပါးတို့ မျှော်လင့်ချက် ရှင်သန်ခဲ့ပါတယ်။ ဒါဟာ လော်ရန်းတေးအတွက်လည်း စပါးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ နောက်ဆုံး (၅)ပွဲမှာ (၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်အတွင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြပဲ နှစ်ကျော့ပေါင်း ရလဒ် (၂-၂) ဖြစ်နေခဲ့ပါတယ်။

ဒီအတွက် ပယ်နယ်တီအဆုံးအဖြတ်ကို တိုက်ရိုက်ခံယူခဲ့ရပြီး ကန်သွင်းခဲ့ကြပါတယ်။ တစ်ဖက်နှစ်ဂိုးစီ ကန်သွင်းအပြီးမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ကြပြီး စပါးအတွက် အဲရစ်ဆင် နဲ့ လာမယ်လာ၊ ချယ်လ်ဆီးအတွက် ဝီလီယံနဲ့ အက်ဇ်ပီလီကျူတာတို့ ကန်သွင်းခဲ့ကြတာပါ။ အဲဒီနောက်မှာ စပါးဘက်က အဲရစ်ဒီယာ ပယ်နယ်တီမဝင်ခဲ့ပဲ လူးကပ်စ်မော်ရာကပါ ထပ်မံလွဲချော်ခဲ့ပါတယ်။

ချယ်လ်ဆီးဘက်က ဂျော်ဂျင်ဟို နဲ့ ဒေးဗစ်လုဇ်တို့က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ် (၄-၂) နဲ့ ချယ်လ်ဆီးက အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီ (၂၄)ရက်နေ့မှာ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(Credit)

No comments

Powered by Blogger.