Header Ads


စပါးလ္နဲ ့ပြဲမွာေျခေထာက္နဲ ့ပဲဖမ္းခဲ့လို ့နာမည္ၾကီးခဲ့တဲ့ဂိုးသမားဒီဂီယာရဲ ့ဖိနပ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ၿပီးခဲ့တဲ့ ၂ပတ္ေက်ာ္က ပရီးမီးယားလိပ္ပြဲစဥ္အျဖစ္စပါးလ္အသင္းနဲ ့မန္ခ်က္စတာယူနိုက္တက္တို ့ကစားခဲ့တဲ့ပြဲမွာ ယူနိုက္တက္ဂိုးသမားေဒးဗစ္ဒီဂီယာရဲ ့ဖိနပ္မွာ စပယ္ရွယ္အရာတစ္ခုပါ၀င္ေနၾကသိရပါတယ္။

၀င္ဘာေလမွာကစားခဲ့တဲ့ အဆိုပါပြဲမွာ ဂိုးသမားေဒးဗစ္ဒီဂီယာဟာ ပံုစံေကာင္းေတြျပသခဲ့ၿပီး စပါးကစားသမားေတြျဖစ္တဲ့ ဟာရီကိန္း၊အလီ၊ဆြန္ေဟာင္မင္တို ့ရဲ ့အပိုင္သြင္းဂိုးေတြကို ပုတ္ထုတ္ကာကြယ္ျပခဲ့ၿပီး clean sheet တစ္ပြဲကိုရယူနိုင္ခဲ့ပါတယ္။သူဟာ အပိုင္သြင္းဂိုး ၄ဂိုးကို သူ ့ရဲ ့ေျခေထာက္နဲ ့ပုတ္ထုတ္ျပခဲ့တာပဲျဖစ္ပါတယ္။အထူးသျဖင့္ သူျမင္ကြင္းကြယ္အေနအထားကေန အန္ဒါ၀ီယာဒ္ရဲ ့အပိုင္ကန္သြင္းခ်က္ကို ေျခေထာက္နဲ ့ပုတ္ထုတ္ျပတာဟာ တကယ့္ကို အံၾသသင့္စရာပဲျဖစ္ပါတယ္။

Sky Sports ရဲ ့အားကစားသမားစီစဥ္တင္ဆက္သူ မာတင္တိုင္လာက ေတာ့ ဒီဂီယာရဲ ့ဖိနပ္ဖြဲ ့စည္းပံုကို အၾကံညဏ္ေပးခဲ့တာျဖစ္ၿပီး  ဒီဂီယာကလည္း အဆိုပါဖိနပ္ဖြဲ ့စည္းပံုအတြက္ေက်းဇူးတင္ေၾကာင္းဆိုခဲ့ပါတယ္။

ဒီဂီယာဟာ အဆိုပါပြဲအတြက္သာ သူ ့ဖိနပ္ဖြဲ ့စည္းပံုေဘာင္ကို လုပ္ခဲ့တာျဖစ္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ အခုလိုတင္ခဲ့တာပဲျဖစ္ပါတယ္။

ေဘာင္အၾကံညဏ္ကိုေပးတဲ့ မာတင္ေရ ေက်းဇူးပါဗ်ာ။ပြဲတစ္ပြဲမွာ ေျခေထာက္နဲ ့အမ်ားဆံုးဖမ္းျပခဲ့တယ္မဟုတ္လား? “ လို ့တြစ္တာေပၚမွာတင္ခဲ့တာပဲျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အခုခ်ိန္မွာ ေတာ့ သူတို ့ရဲ ့အသက္၂၈ နွစ္အရြယ္ဂိုးသမားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္ဖို ့ယံုၾကည္ေနၿပီး ဒီဂီယာကိုယ္တိုင္ကလည္း ကလပ္မွာဆက္ရိွဖို ့လိုလားေၾကာင္းသိရပါတယ္။


(Unicode)

စပါးလ်နဲ့ပွဲမှာခြေထောက်နဲ့ပဲဖမ်းခဲ့လို့နာမည်ကြီးခဲ့တဲ့ဂိုးသမားဒီဂီယာရဲ့ဖိနပ်


ပြီးခဲ့တဲ့ ၂ပတ်ကျော်က ပရီးမီးယားလိပ်ပွဲစဉ်အဖြစ်စပါးလ်အသင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာရဲ့ဖိနပ်မှာ စပယ်ရှယ်အရာတစ်ခုပါဝင်နေကြသိရပါတယ်။

ဝင်ဘာလေမှာကစားခဲ့တဲ့ အဆိုပါပွဲမှာ ဂိုးသမားဒေးဗစ်ဒီဂီယာဟာ ပုံစံကောင်းတွေပြသခဲ့ပြီး စပါးကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း၊အလီ၊ဆွန်ဟောင်မင်တို့ရဲ့အပိုင်သွင်းဂိုးတွေကို ပုတ်ထုတ်ကာကွယ်ပြခဲ့ပြီး clean sheet တစ်ပွဲကိုရယူနိုင်ခဲ့ပါတယ်။သူဟာ အပိုင်သွင်းဂိုး ၄ဂိုးကို သူ့ရဲ့ခြေထောက်နဲ့ပုတ်ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။အထူးသဖြင့် သူမြင်ကွင်းကွယ်အနေအထားကနေ အန်ဒါဝီယာဒ်ရဲ့အပိုင်ကန်သွင်းချက်ကို ခြေထောက်နဲ့ပုတ်ထုတ်ပြတာဟာ တကယ့်ကို အံသြသင့်စရာပဲဖြစ်ပါတယ်။

Sky Sports ရဲ့အားကစားသမားစီစဉ်တင်ဆက်သူ မာတင်တိုင်လာက တော့ ဒီဂီယာရဲ့ဖိနပ်ဖွဲ့စည်းပုံကို အကြံညဏ်ပေးခဲ့တာဖြစ်ပြီး  ဒီဂီယာကလည်း အဆိုပါဖိနပ်ဖွဲ့စည်းပုံအတွက်ကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။

ဒီဂီယာဟာ အဆိုပါပွဲအတွက်သာ သူ့ဖိနပ်ဖွဲ့စည်းပုံဘောင်ကို လုပ်ခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အခုလိုတင်ခဲ့တာပဲဖြစ်ပါတယ်။

” ဘောင်အကြံညဏ်ကိုပေးတဲ့ မာတင်ရေ ကျေးဇူးပါဗျာ။ပွဲတစ်ပွဲမှာ ခြေထောက်နဲ့အများဆုံးဖမ်းပြခဲ့တယ်မဟုတ်လား? “ လို့တွစ်တာပေါ်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုချိန်မှာ တော့ သူတို့ရဲ့အသက်၂၈ နှစ်အရွယ်ဂိုးသမားကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ယုံကြည်နေပြီး ဒီဂီယာကိုယ်တိုင်ကလည်း ကလပ်မှာဆက်ရှိဖို့လိုလားကြောင်းသိရပါတယ်။

No comments

Powered by Blogger.