တိုက္စစ္မွဴးဒီေရဂိုေကာ္စတာကိုခ်ဲလ္ဆီးတို ့ ျပန္ေခၚသင့္တယ္လို႕ ထင္ပါသလား?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပီတာခေရာ့ကေတာ့ ဘဏ္တိုက္ဖြင့္ျပီး ေကာ္စတာကိုျပန္ေခၚသင့္တယ္လို႔ေျပာင္ေျပာင္တင္းတင္းပဲ ေျပာဆိုခဲ့ပါတယ္။ ဆာရီဟာ ရာသီအစကိုအေကာင္းဆံုးစတင္နိုင္ခဲ့ျပီး ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚလိုတယ္ဆိုရင္ ေကာ္စတာလိုတိုက္စစ္မွဴးမ်ိဳးလိုအပ္တယ္လို႔အျကံေပးခဲ့တာပါ။
''ဒီပံုအတိုင္းဆိုေနာက္ရာသီမွာလည္း သူတို႔ EPL ဖလားကိုစိန္ေခၚ နိုင္ပါ့မလား စိုးရိမ္မိတယ္။လက္ရွိထိပ္ဆံုးေျခာက္သင္းမွာ သြင္းဂိုးအနည္းဆံုးကခ်ယ္ဆီးျဖစ္ေနတယ္။ခံစစ္ဘယ္ေလာက္ေကာင္းေကာင္း21ပြဲအျပီး38ဂိုးပဲရတာ ခ်န္ပီယံအသင္းရဲ႕လကၡဏာမဟုတ္ဖူး။သူတို႔လိုအပ္ေနတာ တစ္ရာသီဂိုး၃၀ေလာက္ပံုမွန္သြင္းေပးနိုင္သူတစ္ေယာက္။ခ်ယ္ဆီးမွာ ဆာလာ,အဂူရို,ဟယ္ရီကိန္းတို႔လို တိုက္စစ္မွဴးမ်ိဳးမရွိဘူးျဖစ္ေနတယ္။သိပ္မျကာခင္ကဆိုရွိခဲ့တယ္။ဟုတ္ပါတယ္။ဒီေယဂိုေကာ္စတာပါပဲ။သူဟာ ခ်ယ္ဆီးရဲ႕ကံတရားကိုေျပာင္းလဲေပးနိုင္သူပါ။က်ေနာ့္စိတ္ျကိုက္သာဆိုရင္ေတာ့ ဘဏ္တိုက္ဖြင့္ျပီး သူ႕ကို အက္တလက္တီကိုကေနျပန္ေခၚပစ္မွာပါ။ဟီဂူအင္တို႔ဘန္ဇီမာတို႔ေခၚလည္းရတာပဲလို႔ခင္ဗ်ားေျပာနိုင္ပါတယ္။ဒါေပမယ့္ ေကာ္စတာသာလ်ွင္ ခ်ယ္ဆီးနဲ႕သင့္ေတာ္သူလို႕ က်ေနာ္ထင္ေနတယ္။''လို႔ပီတာခေရာ႔က Daily Mailသတင္းစာမွာေရးသားခဲ့ပါတယ္။
၂၀၁၄ခုနွစ္က ေကာ္စတာကို အက္တလက္တီကို ကေနေခၚယူခဲ့စဥ္က သူဟာ စတမ္းဖို႔ဘရစ္မွာ ၈၉ပြဲကစားျပီး ၅၂ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။2018ရဲ႕အေကာင္းဆံုးေဘာလံုးသမားအေယာက္တစ္ရာစာရင္းမွာလည္း ေကာ္စတာပါဝင္ခဲ့ပါတယ္။တကယ္ေတာ့ သူ အက္တလက္တီကို,ကို ျပန္ေျပာင္းေရြ႕ခဲ့တာလည္း ယခင္နည္းျပ ကြန္တီနဲ႕ဆက္ဆံေရးအဆင္မေျပခဲ့လို႕ပါ။လက္ရွိခ်ယ္ဆီးဟာ အာဆင္နယ္ကိုသံုးမွတ္ျဖတ္ျပီး အဆင့္ေလးေနရာမွာရပ္တည္ေနခဲ့ပါတယ္။နည္းျပဆာရီကေတာ့ ဇန္နဝါရီအေျပာင္းအေရြ႕ကာလမွာ အသင္းေခါင္းေဆာင္ ကာေဟးအပါအဝင္ စီနီယာကစားသမားအခ်ိဳ႕ကို ထြက္ခြာခြင့္ေပးဖြယ္ရွိေနပါတယ္။ေဘာလံုးဖန္တို႔ေရာ ဒီအေျခအေနမွာ ေကာ္စတာကိုျပန္ေခၚသင့္တယ္လို႔ မထင္ဘူးလား။
(Unicode)
တိုက်စစ်မှူးဒီရေဂိုကော်စတာကိုချဲလ်ဆီးတို့ ပြန်ခေါ်သင့်တယ်လို့ ထင်ပါသလား?
ပီတာခရော့ကတော့ ဘဏ်တိုက်ဖွင့်ပြီး ကော်စတာကိုပြန်ခေါ်သင့်တယ်လို့ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုခဲ့ပါတယ်။ ဆာရီဟာ ရာသီအစကိုအကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်လိုတယ်ဆိုရင် ကော်စတာလိုတိုက်စစ်မှူးမျိုးလိုအပ်တယ်လို့အကြံပေးခဲ့တာပါ။
''ဒီပုံအတိုင်းဆိုနောက်ရာသီမှာလည်း သူတို့ EPL ဖလားကိုစိန်ခေါ် နိုင်ပါ့မလား စိုးရိမ်မိတယ်။လက်ရှိထိပ်ဆုံးခြောက်သင်းမှာ သွင်းဂိုးအနည်းဆုံးကချယ်ဆီးဖြစ်နေတယ်။ခံစစ်ဘယ်လောက်ကောင်းကောင်း21ပွဲအပြီး38ဂိုးပဲရတာ ချန်ပီယံအသင်းရဲ့လက္ခဏာမဟုတ်ဖူး။သူတို့လိုအပ်နေတာ တစ်ရာသီဂိုး၃၀လောက်ပုံမှန်သွင်းပေးနိုင်သူတစ်ယောက်။ချယ်ဆီးမှာ ဆာလာ,အဂူရို,ဟယ်ရီကိန်းတို့လို တိုက်စစ်မှူးမျိုးမရှိဘူးဖြစ်နေတယ်။သိပ်မကြာခင်ကဆိုရှိခဲ့တယ်။ဟုတ်ပါတယ်။ဒီယေဂိုကော်စတာပါပဲ။သူဟာ ချယ်ဆီးရဲ့ကံတရားကိုပြောင်းလဲပေးနိုင်သူပါ။ကျနော့်စိတ်ကြိုက်သာဆိုရင်တော့ ဘဏ်တိုက်ဖွင့်ပြီး သူ့ကို အက်တလက်တီကိုကနေပြန်ခေါ်ပစ်မှာပါ။ဟီဂူအင်တို့ဘန်ဇီမာတို့ခေါ်လည်းရတာပဲလို့ခင်ဗျားပြောနိုင်ပါတယ်။ဒါပေမယ့် ကော်စတာသာလျှင် ချယ်ဆီးနဲ့သင့်တော်သူလို့ ကျနော်ထင်နေတယ်။''လို့ပီတာခရော့က Daily Mailသတင်းစာမှာရေးသားခဲ့ပါတယ်။
၂၀၁၄ခုနှစ်က ကော်စတာကို အက်တလက်တီကို ကနေခေါ်ယူခဲ့စဉ်က သူဟာ စတမ်းဖို့ဘရစ်မှာ ၈၉ပွဲကစားပြီး ၅၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။2018ရဲ့အကောင်းဆုံးဘောလုံးသမားအယောက်တစ်ရာစာရင်းမှာလည်း ကော်စတာပါဝင်ခဲ့ပါတယ်။တကယ်တော့ သူ အက်တလက်တီကို,ကို ပြန်ပြောင်းရွေ့ခဲ့တာလည်း ယခင်နည်းပြ ကွန်တီနဲ့ဆက်ဆံရေးအဆင်မပြေခဲ့လို့ပါ။လက်ရှိချယ်ဆီးဟာ အာဆင်နယ်ကိုသုံးမှတ်ဖြတ်ပြီး အဆင့်လေးနေရာမှာရပ်တည်နေခဲ့ပါတယ်။နည်းပြဆာရီကတော့ ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အသင်းခေါင်းဆောင် ကာဟေးအပါအဝင် စီနီယာကစားသမားအချို့ကို ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။ဘောလုံးဖန်တို့ရော ဒီအခြေအနေမှာ ကော်စတာကိုပြန်ခေါ်သင့်တယ်လို့ မထင်ဘူးလား။
Post a Comment