Header Ads


အဲရစ္ဆင္free-kick လြဲသြားခ်ိန္မွာအားရပါးရတုန္႔ျပန္ခဲ့တဲ့ လင္ဒီေလာ့ဖ္




Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
အဲရစ်ဆင်free-kick လွဲသွားချိန်မှာအားရပါးရတုန့်ပြန်ခဲ့တဲ့ လင်ဒီလော့ဖ်                        

မန်ချက်စတာယူနိုက်တက်ဖန်တွေကတော့ လင်ဒီလော့ရဲ့အပြုအမူတစ်ခုကို အားရကျေနပ်နေကြပါတယ်။လင်ဒီလော့ဟာ စပါးနဲ့ပွဲမှာ ဘောလုံးဦးနှောက်အပြည့်နဲ့ ယူနိုက်တက်နောက်တန်းကို ပွဲချိန်ပြည့်ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ပေးဂိုးမဲ့သုံးမှတ်ရခဲ့ရုံသာမက ပွဲအတွင်းအဖြစ်အပျက်တစ်ခုကနေ ယူနိုက်တက်ပရိတ်သတ်တွေရဲ့အာရုံစူးစိုက်မှုကိုပါ လင်ဒီလော့ရယူသွားနိုင်ခဲ့ပါတယ်။


ဒါကတော့ဒုတိယပိုင်းမှာ  စပါးအသင်း ယူနိုက်တက်ဂိုးပေါက်အနီးပြစ်ဒဏ်ဘောရခဲ့ပါတယ်။ဒီအခွင့်အရေးကို စပါးကွင်းလယ်လူ အဲရစ်ဆင်က အပိုင်အဆုံးသတ်ရာမှာ ဂိုးပေါက်နဲ့လွဲချော်သွားချိန်မှာ လင်ဒီလော့ဟာ နိုင်လိုစိတ်အပြည့်နဲ့ အားရပါးရအောင်ပွဲခံခဲ့တာပါ။ဘောလုံးဂိုးဘေးထွက်သွားတာကို လိုက်ကြည့်ရင်း ဆွီဒင်သားဟာ  သူကိုယ်တိုင်ပဲအနိုင် ဂိုးသွင်းလိုက်တဲ့ပုံစံမျိုးနဲ့အောင်ပွဲခံခဲ့တာပါ။

 နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းတည်ငြိမ်လာတဲ့ လင်ဒီလော့ကို ဆိုးရှားကလည်းဆက်တိုက်အသုံးပြုနေပါတယ်။ဘင်ဖီကာကနေ၃၁သန်းနဲ့ပြောင်းရွေ့ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာအခြေကျဖို့ရုန်းကန်ခဲ့ရတဲ့လင်ဒီလော့အတွက် လက်ရှိအခြေနေဟာ  ယူနိုက်တက်ကစားသမားဘဝအကောင်းဆုံးအခိုက်အတန့်ကိုရောက်နေပြီလို့ဆိုရမှာပါပဲ။


သူဟာ တစ်ပွဲထက်တစ်ပွဲပိုမိုးတိုးတက်လာနေပြီး ဖာဒီနန်လို နောက်ထပ်သွေးအေးမာကျောသူတစ်ယောက်ဖြစ်လာမလားစောင့်ကြည့်ချင်စရာပါပဲ။သေချာတာတော့ ဝင်ဘာလေအောင်ပွဲအတွက် ဆိုရှယ်မီဒီယာမှာ ချီးကျူးခံနေရတာ ဒီဂီယာတစ်ယောက်ထဲမဟုတ်ဖူးဆိုတာပါပဲ။ ကဲ ယူနိုက်တက်ဖန်တွေကရော လင်ဒီလော့ကိုဘယ်လောက်ထိမျှော်လင့်ထားလဲ။

(Unicode)

အဲရစ္ဆင္free-kick လြဲသြားခ်ိန္မွာအားရပါးရတုန္႔ျပန္ခဲ့တဲ့ လင္ဒီေလာ့ဖ္                        

မန္ခ်က္စတာယူနိုက္တက္ဖန္ေတြကေတာ့ လင္ဒီေလာ့ရဲ႔အျပဳအမူတစ္ခုကို အားရေက်နပ္ေနျကပါတယ္။လင္ဒီေလာ့ဟာ စပါးနဲ႔ပြဲမွာ ေဘာလံုးဦးေနွာက္အျပည့္နဲ႔ ယူနိုက္တက္ေနာက္တန္းကို ပြဲခ်ိန္ျပည့္ဦးေဆာင္သြားနိုင္ခဲ့ပါတယ္။ဒီပြဲမွာ ေပးဂိုးမဲ႔သံုးမွတ္ရခဲ့ရံုသာမက ပြဲအတြင္းအျဖစ္အပ်က္တစ္ခုကေန ယူနိုက္တက္ပရိတ္သတ္ေတြရဲ႕အာရံုစူးစိုက္မႈကိုပါ လင္ဒီေလာ့ရယူသြားနိုင္ခဲ့ပါတယ္။

ဒါကေတာ့ဒုတိယပိုင္းမွာ  စပါးအသင္း ယူနိုက္တက္ဂိုးေပါက္အနီးျပစ္ဒဏ္ေဘာရခဲ့ပါတယ္။ဒီအခြင့္အေရးကို စပါးကြင္းလယ္လူ အဲရစ္ဆင္က အပိုင္အဆံုးသတ္ရာမွာ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားခ်ိန္မွာ လင္ဒီေလာ့ဟာ နိုင္လိုစိတ္အျပည့္နဲ႔ အားရပါးရေအာင္ပြဲခံခဲ့တာပါ။ေဘာလံုးဂိုးေဘးထြက္သြားတာကို လိုက္ျကည့္ရင္း ဆီြဒင္သားဟာ  သူကိုယ္တိုင္ပဲအနိုင္ ဂိုးသြင္းလိုက္တဲ့ပံုစံမ်ိဳးနဲ႔ေအာင္ပြဲခံခဲ့တာပါ။

 ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းတည္ျငိမ္လာတဲ့ လင္ဒီေလာ့ကို ဆိုးရွားကလည္းဆက္တိုက္အသံုးျပဳေနပါတယ္။ဘင္ဖီကာကေန၃၁သန္းနဲ႕ေျပာင္းေရြ႕ခဲ့ျပီးေနာက္ အိုးထရက္ဖို႔ဒ္မွာအေျခက်ဖို႔ရုန္းကန္ခဲ့ရတဲ့လင္ဒီေလာ့အတြက္ လက္ရွိအေျခေနဟာ  ယူနိုက္တက္ကစားသမားဘဝအေကာင္းဆံုးအခိုက္အတန္႔ကိုေရာက္ေနျပီလို႕ဆိုရမွာပါပဲ။

သူဟာ တစ္ပြဲထက္တစ္ပြဲပိုမိုးတိုးတက္လာေနျပီး ဖာဒီနန္လို ေနာက္ထပ္ေသြးေအးမာေက်ာသူတစ္ေယာက္ျဖစ္လာမလားေစာင့္ျကည့္ခ်င္စရာပါပဲ။ေသခ်ာတာေတာ့ ဝင္ဘာေလေအာင္ပြဲအတြက္ ဆိုရွယ္မီဒီယာမွာ ခ်ီးက်ဴးခံေနရတာ ဒီဂီယာတစ္ေယာက္ထဲမဟုတ္ဖူးဆိုတာပါပဲ။ ကဲ ယူနိုက္တက္ဖန္ေတြကေရာ လင္ဒီေလာ့ကိုဘယ္ေလာက္ထိေမ်ွာ္လင့္ထားလဲ။

No comments

Powered by Blogger.