Header Ads


အသင္းကစားသမားေတြနဲ႔ ပထမဆံုးေတြ႕ဆံုမႈမွာေဒးဗစ္မိုရက္စ္ေျပာခဲ့တဲ့စကားေတြကိုျပန္လည္ထုတ္ေဖာ္လာတဲ့မိုက္ကယ္ကာရစ္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္အသင္းသမိုင္းတစ္ေလ်ွာက္မွာ မိုရက္စ္ဟာ ျသဇာလႊမ္းမိုးနိုင္မႈအားအနည္းဆံုးနည္းျပတစ္ေယာက္လို႕ေတာင္ဆိုရမလိုပါပဲ။သူယူနိုက္တက္ကိုေရာက္လာခ်ိန္မွာ ေျပာခဲ့တဲ့စကားေတြကို ကာရစ္ကျပန္လည္ဖြင့္ဟခဲ့ပါတယ္။ေဘာလံုးေလာကမွာ မထင္မွတ္တာေတြျဖစ္တက္တဲ့ထံုးစံအတိုင္း ဖာဂူဆန္ရဲ႕ေထာက္ခံမႈနဲ႔အတူ မိုရက္စ္ ယူနိုက္တက္နည္းျပသစ္ျဖစ္လာပါတယ္။ဒါေပမယ့္ ဖာဂူဆန္ေနာက္ပိုင္းနည္းျပေတြ ဟာ စာခ်ဳပ္မျပည့္ခင္အထုတ္ခံခဲ့ရတာခ်ည္းပါပဲ။မိုရက္ဆိုရင္ ေျခာက္နွစ္စာခ်ဳပ္ခ်ဳပ္ခဲ့ေပမယ့္ တစ္ရာသီမျပည့္ခင္ပဲ ထုတ္ပယ္ခံခဲ့ရပါတယ္။

မိုရက္စ္လိုပဲ လူးဝစ္ဗန္ဟား,ေမာ္ရင္ဟိုတို႔ဟာ ဖာဂူဆန္တည္ေဆာက္ခဲ့တဲ့ ယူနိုက္တက္ရဲ႕ေအာင္ျမင္မႈအစဥ္အလာေတြကို မထိမ္းသိန္းေပးနိုင္ခဲ့ပါဘူး။ဒါေပမယ့္မိုရက္ကေတာ့ အဆိုးဆံုးပါပဲ။ဂႏၲဝင္နည္းျပျကီးဖာဂူဆန္ရဲ႕ ပရီးမီးယားလိဂ္ခ်ိန္ပီယံအသင္းကို လက္ဆင့္ကမ္းခဲ့ရတာျဖစ္ေပမယ့္ အဆင့္ေလးအတြင္းဝင္ေအာင္ေတာင္ မစြမ္းေဆာင္နိုင္ခဲ့ပါဘူး။ကာရစ္ရဲ႕''Between the lines''ဆိုတဲ့ အတၳဳပၸတၲိ မွာ မိုရက္စ္ပထမဆံုးေျပာခဲ့တာေတြကို ထည့္ေရးခဲ့ပါတယ္။

ကာရစ္ေျပာခဲ့တာေတြကေတာ့''မိုရက္စ္နဲ႕က်ေနာ့္ျကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့ပါတယ္။ကေတာက္ကဆ ျဖစ္ခဲ့တာေလးေတာင္ တစ္ခါမွမရွိခဲ့ဘူး။စြမ္းအားေတြအျပည့္နဲ႔သူေရာက္လာျပီး က်ေနာ္တို႔ဘယ္လိုတိုးတက္ေအာင္လုပ္ရမလဲအျကံဥာဏ္ေတြေပးခဲ့တယ္။ကစားသမားေတြနဲ႔ပထမဆံုးေတြ႕ဆံုမႈမွာ သူေျပာခဲ့တာေတြကို မွတ္မိေနေသးတယ္။''ငါမင္းတို႔ကို ပိုေကာင္းေအာင္လုပ္ေပးနိုင္မယ္လို႔ ယံုထားတယ္။မနွစ္က  အမွတ္ေပးဖလားရေအာင္မင္းတို႔စြမ္းေဆာင္နိုင္ခဲ့တယ္။ဒါကိုငါလည္းေစာင့္ျကည့္ခဲ့တာပဲ။အခု ဒီထက္ပို ျမင့္ျမင့္ပ်ံနိုင္ဖို႔ ငါလုပ္ေဆာင္သြားမယ္''လို႔မိုရက္စ္ေျပာခဲ့တယ္။သူကက်ေနာ္တို႔ျကားဘယ္ေနရာ မွာအားနည္းခ်က္ေတြရွိေနလဲရွာေဖြျပီးေတာ့ တိုးတက္လာေအာင္ကူညီေပးမယ္။ေနာက္တစ္ဆင့္ေရာက္ေအာင္ တြန္းတင္ေပးနိုင္လိမ့္မယ္လို႔ယံုျကည္ခဲ့တာ။ဒါေပမယ့္္ လမ္းမွန္ကိုေရာက္မလာခဲ့ဘူးလို႔က်ေနာ္ထင္တယ္။

နည္းျပတစ္ေယာက္အေနနဲ႔ အသင္းသစ္ကို ေရာက္လာျပီး ကစားသမားေတြကို မ်က္နွာခ်ိဳေသြးတာ နည္းမွန္လမ္းမွန္မွမဟုတ္တာ။အထူးသျဖင့္ မန္ေနဂ်ာဘဝနဲ႔ ဆုဖလားေတြမရခဲ့ဖူးသူက ခ်န္ပီ
ယံအသင္းတစ္သင္းေရွ႕မွာေျပာမယ္ဆိုရင္ေပါ့။ဒါဟာ Brain  Clough လိဒ္ယူနိုက္တက္ကို ကိုင္တြယ္ခ်ိန္က  နာမည္ေက်ာ္ေျပာစကားေတြနဲ႕ကြာျခားလြန္းေနပါတယ္ Don Revieရဲ႕ေနရာဆက္ခံတဲ့ ေနာ္တင္ဟမ္ေဖာ္ရက္အသင္းရဲ႕ဂႏၲဝင္နည္းျပျကီးေျပာခဲ့တာကေတာ့ ''မင္းတ္ို႔ Don Revieလက္ထက္မွာ ျပည္တြင္းဆုဖလားေတြေရာ ျပည္ပဖလားေတြပါသိမ္းပိုက္ထားတာငါသိတယ္။အခုငါစိုးရိမ္တာက မင္းတို႔ငါ့အတြက္ပထမဆံုးလုပ္ေပးတဲ့အရာက ဒီဆုတံဆိပ္ေတြကိုအမိႈက္ပံုးထဲလႊင့္ပစ္မွာပဲ။မ်ွမ်ွတတလုပ္ေနလို႔ေတာ့ ဘယ္ေတာ့မွအနိုင္ရမွာမဟုတ္ဘူး။ မာယာေတြလွည့္စားမႈေတြရွိမွသာ ေအာင္ပြဲေတြဆင္နိုင္လိမ့္မယ္''လို႔ဆိုခဲ့တာ''လို႔ကာရစ္ကေရးသားခဲ့ပါတယ္။


ကာရစ္ကေတာ့ နည္းျပတစ္ေယာက္အေနနဲ႔ အသင္းသားေတြအေပၚ လြမ္းမိုးမႈရွိေစခဲ့ခ်င္ပံုပါပဲ။မိုရက္စ္ကို ေျခာက္နွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တာရူးေျကာင္ေျကာင္နိုင္တဲ့ကိစၥဆိုေပမယ့္ အဲ့ထက္ဆိုးတာရွိေသးပါတယ္။ အလန္ပါဂ်ဴးကို နယူးကာဆယ္က ရွစ္နွစ္စာခ်ဳပ္ခ်ဳပ္ျပီးမျကာခင္အထုတ္ခံလိုက္ရတာပါပဲ။

(Unicode)

အသင်းကစားသမားတွေနဲ့ ပထမဆုံးတွေ့ဆုံမှုမှာဒေးဗစ်မိုရက်စ်ပြောခဲ့တဲ့စကားတွေကိုပြန်လည်ထုတ်ဖော်လာတဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာယူနိုက်တက်အသင်းသမိုင်းတစ်လျှောက်မှာ မိုရက်စ်ဟာ သြဇာလွှမ်းမိုးနိုင်မှုအားအနည်းဆုံးနည်းပြတစ်ယောက်လို့တောင်ဆိုရမလိုပါပဲ။သူယူနိုက်တက်ကိုရောက်လာချိန်မှာ ပြောခဲ့တဲ့စကားတွေကို ကာရစ်ကပြန်လည်ဖွင့်ဟခဲ့ပါတယ်။ဘောလုံးလောကမှာ မထင်မှတ်တာတွေဖြစ်တက်တဲ့ထုံးစံအတိုင်း ဖာဂူဆန်ရဲ့ထောက်ခံမှုနဲ့အတူ မိုရက်စ် ယူနိုက်တက်နည်းပြသစ်ဖြစ်လာပါတယ်။ဒါပေမယ့် ဖာဂူဆန်နောက်ပိုင်းနည်းပြတွေ ဟာ စာချုပ်မပြည့်ခင်အထုတ်ခံခဲ့ရတာချည်းပါပဲ။မိုရက်ဆိုရင် ခြောက်နှစ်စာချုပ်ချုပ်ခဲ့ပေမယ့် တစ်ရာသီမပြည့်ခင်ပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။

မိုရက်စ်လိုပဲ လူးဝစ်ဗန်ဟား,မော်ရင်ဟိုတို့ဟာ ဖာဂူဆန်တည်ဆောက်ခဲ့တဲ့ ယူနိုက်တက်ရဲ့အောင်မြင်မှုအစဉ်အလာတွေကို မထိမ်းသိန်းပေးနိုင်ခဲ့ပါဘူး။ဒါပေမယ့်မိုရက်ကတော့ အဆိုးဆုံးပါပဲ။ဂန္တဝင်နည်းပြကြီးဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ်ချိန်ပီယံအသင်းကို လက်ဆင့်ကမ်းခဲ့ရတာဖြစ်ပေမယ့် အဆင့်လေးအတွင်းဝင်အောင်တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ကာရစ်ရဲ့''Between the lines''ဆိုတဲ့ အတ္ထုပ္ပတ္တိ မှာ မိုရက်စ်ပထမဆုံးပြောခဲ့တာတွေကို ထည့်ရေးခဲ့ပါတယ်။

ကာရစ်ပြောခဲ့တာတွေကတော့''မိုရက်စ်နဲ့ကျနော့်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ကတောက်ကဆ ဖြစ်ခဲ့တာလေးတောင် တစ်ခါမှမရှိခဲ့ဘူး။စွမ်းအားတွေအပြည့်နဲ့သူရောက်လာပြီး ကျနော်တို့ဘယ်လိုတိုးတက်အောင်လုပ်ရမလဲအကြံဉာဏ်တွေပေးခဲ့တယ်။ကစားသမားတွေနဲ့ပထမဆုံးတွေ့ဆုံမှုမှာ သူပြောခဲ့တာတွေကို မှတ်မိနေသေးတယ်။''ငါမင်းတို့ကို ပိုကောင်းအောင်လုပ်ပေးနိုင်မယ်လို့ ယုံထားတယ်။မနှစ်က  အမှတ်ပေးဖလားရအောင်မင်းတို့စွမ်းဆောင်နိုင်ခဲ့တယ်။ဒါကိုငါလည်းစောင့်ကြည့်ခဲ့တာပဲ။အခု ဒီထက်ပို မြင့်မြင့်ပျံနိုင်ဖို့ ငါလုပ်ဆောင်သွားမယ်''လို့မိုရက်စ်ပြောခဲ့တယ်။သူကကျနော်တို့ကြားဘယ်နေရာ မှာအားနည်းချက်တွေရှိနေလဲရှာဖွေပြီးတော့ တိုးတက်လာအောင်ကူညီပေးမယ်။နောက်တစ်ဆင့်ရောက်အောင် တွန်းတင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာ။ဒါပေမယ့် လမ်းမှန်ကိုရောက်မလာခဲ့ဘူးလို့ကျနော်ထင်တယ်။

နည်းပြတစ်ယောက်အနေနဲ့ အသင်းသစ်ကို ရောက်လာပြီး ကစားသမားတွေကို မျက်နှာချိုသွေးတာ နည်းမှန်လမ်းမှန်မှမဟုတ်တာ။အထူးသဖြင့် မန်နေဂျာဘဝနဲ့ ဆုဖလားတွေမရခဲ့ဖူးသူက ချန်ပီ
ယံအသင်းတစ်သင်းရှေ့မှာပြောမယ်ဆိုရင်ပေါ့။ဒါဟာ Brain  Clough လိဒ်ယူနိုက်တက်ကို ကိုင်တွယ်ချိန်က  နာမည်ကျော်ပြောစကားတွေနဲ့ကွာခြားလွန်းနေပါတယ် ။Don Revieရဲ့နေရာဆက်ခံတဲ့ နော်တင်ဟမ်ဖော်ရက်အသင်းရဲ့ဂန္တဝင်နည်းပြကြီးပြောခဲ့တာကတော့ ''မင်းတို့ Don Revieလက်ထက်မှာ ပြည်တွင်းဆုဖလားတွေရော ပြည်ပဖလားတွေပါသိမ်းပိုက်ထားတာငါသိတယ်။အခုငါစိုးရိမ်တာက မင်းတို့ငါ့အတွက်ပထမဆုံးလုပ်ပေးတဲ့အရာက ဒီဆုတံဆိပ်တွေကိုအမှိုက်ပုံးထဲလွှင့်ပစ်မှာပဲ။မျှမျှတတလုပ်နေလို့တော့ ဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူး။ မာယာတွေလှည့်စားမှုတွေရှိမှသာ အောင်ပွဲတွေဆင်နိုင်လိမ့်မယ်''လို့ဆိုခဲ့တာ''လို့ကာရစ်ကရေးသားခဲ့ပါတယ်။

ကာရစ်ကတော့ နည်းပြတစ်ယောက်အနေနဲ့ အသင်းသားတွေအပေါ် လွမ်းမိုးမှုရှိစေခဲ့ချင်ပုံပါပဲ။မိုရက်စ်ကို ခြောက်နှစ်စာချုပ်ချုပ်ခဲ့တာရူးကြောင်ကြောင်နိုင်တဲ့ကိစ္စဆိုပေမယ့် အဲ့ထက်ဆိုးတာရှိသေးပါတယ်။ အလန်ပါဂျူးကို နယူးကာဆယ်က ရှစ်နှစ်စာချုပ်ချုပ်ပြီးမကြာခင်အထုတ်ခံလိုက်ရတာပါပဲ။

No comments

Powered by Blogger.