အင္ဒီဟာဇက္ရဲ့ထာ၀ရအေကာင္းဆံုးကစားသမားတစ္ေယာက္ဟာဘယ္သူလဲ?
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
အင်ဒီဟာဇက်ရဲ့ထာဝရအကောင်းဆုံးကစားသမားတစ်ယောက်ဟာဘယ်သူလဲ?
သူ့နာမည်ကတော့ လီယွန်နယ်မက်ဆီပါပဲ။
အင်ဒီဟာဇက်က မှတ်တမ်းမှတ်ရာများအရ လီယွန်နယ်မက်ဆီသာထာဝရအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ကြောင်းညွှန်းဆိုနေတာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။
“ ထာဝရအကောင်းဆုံးဆိုတာ ၂ယောက်မရှိပါဘူး။၁ယောက်ထဲရှိတာပါ။အဲ့ဒါကတော့ မက်ဆီပါပဲ။“ လို့ဘယ်လ်ဂျီယံသားက HLN ကိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဟာဇက်ဟာ မနှစ်ရာသီချန်ပီယံလိပ်မှာအာဂျင်တိုင်းကစားသမားရဲ့ဘာစီလိုနာအသင်းနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက်တစ်ဆင့်ကိုတော့တက်ရောက်ဖို့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဘာစီလိုနာအသင်းဟာချဲလ်ဆီးအသင်းကို ၂ကျော့ပေါင်းရလဒ် ၄-၁ ဖြင့်အနိုင်ယူခဲ့တာကြောင့် ဟာဇက်ရဲ့၂၀၁၈ အမှတ်တရတွေထဲမှာ မှတ်ထားစရာကောင်းလှတဲ့အခြေအနေမျိုးမဖြစ်ခဲ့သော်လည်း မက်ဆီကိုရင်ဆိုင်ကစားရတာကိုတော့သူပျော်ကြောင်းဆိုခဲ့ပါတယ်။
” ဘာစီလိုနာအသင်းနဲ့ရင်ဆိုင်ကစားရတဲ့ ၂ပွဲစလုံးက ကျွန်တော့်ရဲ့၂၀၁၈ အမှတ်တရတွေထဲမှာ အတော်အလှမ်းဝေးသွားပြီပေါ့ဗျာ။ဒါပင်မယ့် မက်ဆီနဲ့ဘာစီလိုနာကိုရင်ဆိုင်ကစားရတာကျွန်တော်ပျော်ပါတယ်။“ ဆက်လက်ပြီးသူက ” ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်းတော့ဖြစ်မလာခဲ့တာကြောင့်စိတ်ပျက်မိခဲ့ပါတယ်။”
ဟုတ်ပါတယ်။မက်ဆီနဲ့သူ့ရဲ့မဟာပြိုင်ဘက်ရိုနယ်ဒိုတို့ဟာ လက်ရှိဘောလုံးလောကအပေါ် ၁၀စုနှစ်အကြာ လွှမ်းမိုးနေခဲ့တာဖြစ်ပြီး ဘောလုံးနတ်ဘုရားတွေအဖြစ်ရပ်တည်နေရင်းဘယ်သူဟာ အကောင်းဆုံးဖြစ်လဲအမြင်တွေကွဲပြားနေလျက်ရှိတာအမှန်ပါပဲ။ဒါပင်မယ့်လည်းဟာဇက်အတွက်တော့ မက်ဆီသာ လ ျှင်ထာဝရအကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာလက်ခံထားလျက်ရှိနေပါတယ်။
အသက်၃၁နှစ်အရွယ်မက်ဆီဟာ ပြီးခဲ့တဲ့ အီဘာအသင်းနဲ့ပွဲမှာ ၁ဂိုးသွင်းယူခဲ့ပြီးနောက် ဥရောပထိပ်တန်းလိပ်၅ခုအတွင်း ဂိုး၄၀၀ ကိုပထမဆုံးသွင်းယူနိုင်တဲ့လာလီဂါသမိုင်းတစ်လေ ျှာက်စံချိန်သစ်ကို စိုက်ထူခဲ့တာပဲဖြစ်ပါတယ်။
သူဟာ အခုရာသီမှာလည်း လိပ်ဂိုး ၁၇ဂိုးထိသွင်းယူထားပြီးပြီပဲဖြစ်ပါတယ်။
မက်ဆီဟာ ထာဝရအကောင်းဆုံးကစားသမားတစ်ယောက်လား?သင့်အမြင်ကို ကွန်းမန့်မှာဝင်ရောက်ရေးသားဆွေးနွေးနိုင်ပါတယ်။
(Zawgyi)
အင္ဒီဟာဇက္ရဲ့ထာ၀ရအေကာင္းဆံုးကစားသမားတစ္ေယာက္ဟာဘယ္သူလဲ?
သူ ့နာမည္ကေတာ့ လီယြန္နယ္မက္ဆီပါပဲ။
အင္ဒီဟာဇက္က မွတ္တမ္းမွတ္ရာမ်ားအရ လီယြန္နယ္မက္ဆီသာထာ၀ရအေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ေၾကာင္းညႊန္းဆိုေနတာျဖစ္တယ္လို ့ဆိုလိုက္ပါတယ္။
“ ထာ၀ရအေကာင္းဆံုးဆိုတာ ၂ေယာက္မရွိပါဘူး။၁ေယာက္ထဲရိွတာပါ။အဲ့ဒါကေတာ့ မက္ဆီပါပဲ။“ လို ့ဘယ္လ္ဂ်ီယံသားက HLN ကိုေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။ဟာဇက္ဟာ မနွစ္ရာသီခ်န္ပီယံလိပ္မွာအာဂ်င္တိုင္းကစားသမားရဲ့ဘာစီလိုနာအသင္းနဲ ့ထိပ္တိုက္ေတြ ့ဆံုခဲ့ၿပီးေနာက္တစ္ဆင့္ကိုေတာ့တက္ေရာက္ဖို ့မစြမ္းေဆာင္နိုင္ခဲ့ပါဘူး။
ဘာစီလိုနာအသင္းဟာခ်ဲလ္ဆီးအသင္းကို ၂ေက်ာ ့ေပါင္းရလဒ္ ၄-၁ ျဖင့္အနိုင္ယူခဲ့တာေၾကာင့္ ဟာဇက္ရဲ ့၂၀၁၈ အမွတ္တရေတြထဲမွာ မွတ္ထားစရာေကာင္းလွတဲ့အေျခအေနမ်ိဳးမျဖစ္ခဲ့ေသာ္လည္း မက္ဆီကိုရင္ဆိုင္ကစားရတာကိုေတာ့သူေပ်ာ္ေၾကာင္းဆိုခဲ့ပါတယ္။
” ဘာစီလိုနာအသင္းနဲ ့ရင္ဆိုင္ကစားရတဲ့ ၂ပြဲစလံုးက ကၽြန္ေတာ့္ရဲ ့၂၀၁၈ အမွတ္တရေတြထဲမွာ အေတာ္အလွမ္းေ၀းသြားၿပီေပါ့ဗ်ာ။ဒါပင္မယ့္ မက္ဆီနဲ ့ဘာစီလိုနာကိုရင္ဆိုင္ကစားရတာကၽြန္ေတာ္ေပ်ာ္ပါတယ္။“ ဆက္လက္ၿပီးသူက ” ကၽြန္ေတာ္လိုခ်င္တဲ့ ပံုစံအတိုင္းေတာ့ျဖစ္မလာခဲ့တာေၾကာင့္စိတ္ပ်က္မိခဲ့ပါတယ္။”
ဟုတ္ပါတယ္။မက္ဆီနဲ ့သူ ့ရဲ ့မဟာၿပိဳင္ဘက္ရိုနယ္ဒိုတို ့ဟာ လက္ရိွေဘာလံုးေလာကအေပၚ ၁၀စုနွစ္အၾကာ လႊမ္းမုိးေနခဲ့တာျဖစ္ၿပီး ေဘာလံုးနတ္ဘုရားေတြအျဖစ္ရပ္တည္ေနရင္းဘယ္သူဟာ အေကာင္းဆံုးျဖစ္လဲအျမင္ေတြကြဲျပားေနလ်က္ရိွတာအမွန္ပါပဲ။ဒါပင္မယ့္လည္းဟာဇက္အတြက္ေတာ့ မက္ဆီသာ လ ွ်င္ထာ၀ရအေကာင္းဆံုးကစားသမားတစ္ေယာက္ဆိုတာလက္ခံထားလ်က္ရိွေနပါတယ္။
အသက္၃၁နွစ္အရြယ္မက္ဆီဟာ ၿပီးခဲ့တဲ့ အီဘာအသင္းနဲ ့ပြဲမွာ ၁ဂိုးသြင္းယူခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းလိပ္၅ခုအတြင္း ဂိုး၄၀၀ ကိုပထမဆံုးသြင္းယူနိုင္တဲ့လာလီဂါသမိုင္းတစ္ေလ ွ်ာက္စံခ်ိန္သစ္ကို စိုက္ထူခဲ့တာပဲျဖစ္ပါတယ္။
သူဟာ အခုရာသီမွာလည္း လိပ္ဂိုး ၁၇ဂိုးထိသြင္းယူထားၿပီးၿပီပဲျဖစ္ပါတယ္။
မက္ဆီဟာ ထာ၀ရအေကာင္းဆံုးကစားသမားတစ္ေယာက္လား?သင့္အျမင္ကို ကြန္းမန္ ့မွာ၀င္ေရာက္ေရးသားေဆြးေႏြးနိုင္ပါတယ္။
Post a Comment