လီဗာပူးလ္တို ့ကိုအသဲခြဲခဲ့တဲ့ နာဗက္စ္ရဲ ့ဒံုက်ည္ကစ္သြင္းဂိုး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရူဘင္နာဗက္စ္ဆိုတာ ကမာၻ ့အဆင့္သြင္းဂိုးေတြသာ သြင္းယူတတ္တဲ့သူတစ္ေယာက္ဆိုတာလံုး၀ျငင္းလို ့မရပါဘူး။
လီဗာပူးလ္တိုက္စစ္မွဴး အိုရီဂီက ၁-၁ သေရက်ေစမယ့္ေခ်ပဂိုးကို သြင္းယူၿပီး ၄မိနစ္အၾကာမွာေတာ့ ေပၚတူဂီကြင္းလယ္လူဟာ ကိုက္၃၀ အကြာကေန လီဗာပူးလ္ဂိုးသမားမီနိုလတ္တစ္ေယာက္လံုး၀ဟန္ ့တားနိုင္ျခင္းမရိွေစတဲ့သြင္းဂိုးကို သြင္းယူျပခဲ့ကာ ၀ုလ္ဗ္တို ့ကို ၂-၁ ရလဒ္ျဖင့္ ေနာက္တစ္ဆင့္တက္ေရာက္ေစခဲ့ပါတယ္။
နာဗက္စ္ရဲ ့အဆိုပါ ဒံုးက်ည္ဂိုးကို အသင္းေဖာ္ဘယ္ေတာင္ပံေနာက္ခံအစြန္လူ ရူဘင္ဗန္နာဂရီက ခ်ေပးခဲ့တာျဖစ္ၿပီး အဆိုပါသြင္းဂိုးေၾကာင့္နာမည္ၾကီး လီဗာပူးလ္တို ့FA ဖလားကို လက္ျပနႈတ္ဆက္ခဲ့ရၿပီပဲျဖစ္ပါတယ္။ေပၚတိုအသင္းကေန ၀ုလ္ဗ္အသင္းဆီေပါင္ ၁၅သန္းျဖင့္ေျပာင္းေရႊ ့လာတဲ့ နာဗက္စစ္ဟာ အေ၀းကန္ခ်က္ေတြမွာေတာ့ စံခ်ိန္ေကာင္းေတြနဲ ့အတူ နာမည္ရေနတာပဲျဖစ္ပါတယ္။
သူဟာ စီနီယာကစားသမားဘ၀တစ္ေလ ွ်ာက္သြင္းဂိုး၁၃ဂိုးသြင္းယူထားတာျဖစ္ၿပီး အဆိုပါသြင္းဂိုးေတြထဲက ၂ဂိုးသာလ ွ်င္ ဂိုးဧရိယာ၁၈ကိုက္အတြင္းသြင္းယူထားတာပဲျဖစ္ပါတယ္။၀ုလ္ဗ္အသင္းအတြက္ သြင္းဂိုး ၉ ဂိုးအထိသြင္းယူထားရာ ၈ဂိုးစလံုးဟာ ဂိုးဧရိယာျပင္ပကေန အေ၀းကန္ခ်က္ေတြနဲ ့ကန္သြင္းယူထားခဲ့တာပဲျဖစ္ပါတယ္။
ဒါ့ေၾကာင့္နာဗက္စ္တစ္ေယာက္ အေ၀းကစ္ဘုရင္တစ္ပါးလို ့ေခၚဆိုခ်ီးက်ဴးနိုင္ဖြယ္ရိွပါတယ္။
နာဗက္စ္ရဲ့ ပထမဆံုးပရီးမီးယားလိပ္သြင္းဂိုးကေတာ့ ၾသဂတ္စ္လက အဲဗာတန္အသင္းနဲ့ကစားခဲ့တဲ့ပြဲက ဖရီးကစ္သြင္းဂိုးပဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ဒါဘီနဲ ့ပြဲကသြင္းဂိုးကေတာ့ သူ ့ရဲ ့အထူးခၽြန္အေျပာင္ေျမာက္ဆံုးအလွပဆံုးဂိုးတစ္ဂိုးပဲျဖစ္ပါတယ္။
သင္သာ ဂိုးသမားတစ္ေယာက္ဆိုရင္ နာဗက္စ္ရဲ ့ဒံုက်ည္ကစ္ေတြကို ကာကြယ္နိုင္မယ္မထင္ပါဘူး။
(Unicode)
လီဗာပူးလ်တို့ကိုအသဲခွဲခဲ့တဲ့ နာဗက်စ်ရဲ့ဒုံကျည်ကစ်သွင်းဂိုး
ရူဘင်နာဗက်စ်ဆိုတာ ကမ္ဘာ့အဆင့်သွင်းဂိုးတွေသာ သွင်းယူတတ်တဲ့သူတစ်ယောက်ဆိုတာလုံးဝငြင်းလို့မရပါဘူး။
လီဗာပူးလ်တိုက်စစ်မှူး အိုရီဂီက ၁-၁ သရေကျစေမယ့်ချေပဂိုးကို သွင်းယူပြီး ၄မိနစ်အကြာမှာတော့ ပေါ်တူဂီကွင်းလယ်လူဟာ ကိုက်၃၀ အကွာကနေ လီဗာပူးလ်ဂိုးသမားမီနိုလတ်တစ်ယောက်လုံးဝဟန့်တားနိုင်ခြင်းမရှိစေတဲ့သွင်းဂိုးကို သွင်းယူပြခဲ့ကာ ဝုလ်ဗ်တို့ကို ၂-၁ ရလဒ်ဖြင့် နောက်တစ်ဆင့်တက်ရောက်စေခဲ့ပါတယ်။
နာဗက်စ်ရဲ့အဆိုပါ ဒုံးကျည်ဂိုးကို အသင်းဖော်ဘယ်တောင်ပံနောက်ခံအစွန်လူ ရူဘင်ဗန်နာဂရီက ချပေးခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးကြောင့်နာမည်ကြီး လီဗာပူးလ်တို့FA ဖလားကို လက်ပြနှုတ်ဆက်ခဲ့ရပြီပဲဖြစ်ပါတယ်။ပေါ်တိုအသင်းကနေ ဝုလ်ဗ်အသင်းဆီပေါင် ၁၅သန်းဖြင့်ပြောင်းရွှေ့လာတဲ့ နာဗက်စစ်ဟာ အဝေးကန်ချက်တွေမှာတော့ စံချိန်ကောင်းတွေနဲ့အတူ နာမည်ရနေတာပဲဖြစ်ပါတယ်။
သူဟာ စီနီယာကစားသမားဘဝတစ်လေ ျှာက်သွင်းဂိုး၁၃ဂိုးသွင်းယူထားတာဖြစ်ပြီး အဆိုပါသွင်းဂိုးတွေထဲက ၂ဂိုးသာလ ျှင် ဂိုးဧရိယာ၁၈ကိုက်အတွင်းသွင်းယူထားတာပဲဖြစ်ပါတယ်။ဝုလ်ဗ်အသင်းအတွက် သွင်းဂိုး ၉ ဂိုးအထိသွင်းယူထားရာ ၈ဂိုးစလုံးဟာ ဂိုးဧရိယာပြင်ပကနေ အဝေးကန်ချက်တွေနဲ့ကန်သွင်းယူထားခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ကြောင့်နာဗက်စ်တစ်ယောက် အဝေးကစ်ဘုရင်တစ်ပါးလို့ခေါ်ဆိုချီးကျူးနိုင်ဖွယ်ရှိပါတယ်။
နာဗက်စ်ရဲ့ ပထမဆုံးပရီးမီးယားလိပ်သွင်းဂိုးကတော့ သြဂတ်စ်လက အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပွဲက ဖရီးကစ်သွင်းဂိုးပဲဖြစ်ပြီး ပြီးခဲ့တဲ့ ဒါဘီနဲ့ပွဲကသွင်းဂိုးကတော့ သူ့ရဲ့အထူးချွန်အပြောင်မြောက်ဆုံးအလှပဆုံးဂိုးတစ်ဂိုးပဲဖြစ်ပါတယ်။
သင်သာ ဂိုးသမားတစ်ယောက်ဆိုရင် နာဗက်စ်ရဲ့ဒုံကျည်ကစ်တွေကို ကာကွယ်နိုင်မယ်မထင်ပါဘူး။
Post a Comment