အီဒင္ဟာဇက္ဟာခ်ဲလ္ဆီးအသင္းနဲ ့မလိုက္ဖက္ေလာက္ေအာင္ကိုအရမ္းေကာင္းေနတာလား?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ာမိန္းဂ်ီးနပ္ကေတာ့ ခ်ယ္ဆီးအသင္းမွာ ဟာဇက္တစ္ေယာက္အလြန္အမင္းေကာင္းေနတယ္လို႔ သူ႔အျမင္ကိုေျပာသြားခဲ့ပါတယ္။ဟာဇက္ဟာ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြအလြန္ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။ဒီအပိုင္းမွာေတာ့ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးလို႔ေတာင္ေျပာနိုင္ပါတယ္။သူဟာ ဒီရာသီမွာလည္း ျပိဳင္ဘက္ေနာက္တန္းေတြကိုျဖိဳလွဲျပီး EPLသြင္းဂိုး၁၀ဂိုးအထိရရွိထားျပီျဖစ္ပါတယ္။ဒါေပမယ့္ ဒီရက္ပိုင္းအတြင္း လိဂ္ဖလားပထမအေက်ာ့မွာေတာ့ ခ်ယ္ဆီးဟာ ဒါဘီျပိဳင္ဘက္စပါးကိုအရံႈးေပးခဲ့ရပါတယ္။ဒါေျကာင့္ ဂ်ာမိန္းဂ်ီးနပ္က ဘယ္ဂ်ီယံသားရဲ႕ ခ်ယ္ဆီးအနာဂတ္နဲ႔ပတ္သတ္ျပီး ေျပာဆိုခဲ့ပါတယ္။
''တကယ္ေတာ့ သူဟာခ်ယ္ဆီးအတြက္ကစားေပးေနသင့္တာမဟုတ္ဖူး။ က်ေနာ္အျမင့္အရေတာ့ သူက ခ်ယ္ဆီးမွာ ခ်ြန္ထြက္ေနတယ္။''လို႔ေျပာခဲ့ပါတယ္။ ကမာၻ ့ဖလားမွာလည္း ဟာဇက္အေနနဲ႔ ဘယ္ဂ်ီယံအသင္းကို တတိယရရွိေအာင္အဓိကေနရာက ထမ္းပိုးေပးခဲ့တာပါ။ရာသီမစခင္မွာ ရီးရဲအသင္းက ဟာဇက္ကို ေငြအလံုးအရင္းအသံုးျပဳျပီး ေခၚေတာ့မလို သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ခဲ့ပါေသးတယ္။ဒါေပမယ့္စတမ္းဖို႔ဘရစ္မွာပဲဆက္ရွိေနျခင္းအေပၚ ဂ်ီးနပ္က အားမလိုအားမရျဖစ္ေနခဲ့တာပါ။
ခ်ယ္ဆီးကအသင္းျကီးတစ္သင္းဆိုေပမယ့္ဟာဇက္က ကမၻာ့အေကာင္းဆံုးကလပ္ေတြမွာရွိေနသင့္တာလို႔သူကယံုျကည္ေနတာပါ။ဒါေျကာင့္သူက''ခ်ယ္ဆီးအသင္းကတကယ္ေကာင္း မြန္တဲ့အသင္းျကီးတစ္သင္းပါ။ဒါေပမယ့္ ဟာဇက္ရဲ႕ေျခစြမ္းကပိုမိုထင္ရွားေနတယ္။ဟာဇက္ကအသင္းကစားသမားေတြထဲမွာကိုမွ တျခားသူေတြထက္တစ္ဆင့္ျမင့္ေနသလိုပဲ။ဒါေျကာင့္ သူဒီကထြက္ခြာသင့္တယ္။ ဟာဇက္ကသူ႕ပတ္ဝန္းက်င္ကလူေတြထက္ ပိုမိုေကာင္းမြန္တဲ့ ေျခစြမ္းပိုင္ဆိုင္ထားတာ ေသခ်ာပါတယ္။ ''လို႔ရွင္းလင္းေျပာျကားခဲ့ပါတယ္။
၂၈နွစ္အရြယ္ဟာဇက္ကိုေခၚယူဖို႔ အဂၤလန္ျပင္ပက အသင္းေတြရဲ႕ခ်ိတ္ဆက္မႈရွိေနပါတယ္။ဟာဇက္ဟာ ခ်ယ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္နွစ္ျကိမ္နဲ႕ FAဖလား,လိဂ္ဖလား,ယူရိုပါလိဂ္ဖလားေတြဆြတ္ခူးရရွိထားပါတယ္။ဒါေပမယ့္ခ်န္ပီယံလိဂ္ဖလားျကီးကိုေတာ့ အနားမကပ္နိုင္ေသးပါဘူး။ရီးရဲဟာ စီေရာ္နယ္ဒိုရဲ႕ေနရာအတြက္ သူတို႕ရဲ႕ကာလရွည္ပစ္မွတ္ဟာဇက္ကိုစိတ္ဝင္စားေနဆဲပါ။ ဟာဇက္ ရီးရဲကိုေရာက္သြားနိုင္မလား။
(Unicode)
အီဒင်ဟာဇက်ဟာချဲလ်ဆီးအသင်းနဲ့မလိုက်ဖက်လောက်အောင်ကိုအရမ်းကောင်းနေတာလား?
ဂျာမိန်းဂျီးနပ်ကတော့ ချယ်ဆီးအသင်းမှာ ဟာဇက်တစ်ယောက်အလွန်အမင်းကောင်းနေတယ်လို့ သူ့အမြင်ကိုပြောသွားခဲ့ပါတယ်။ဟာဇက်ဟာ တစ်ဦးချင်းကျော်ဖြတ်မှုတွေအလွန်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ဒီအပိုင်းမှာတော့ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးလို့တောင်ပြောနိုင်ပါတယ်။သူဟာ ဒီရာသီမှာလည်း ပြိုင်ဘက်နောက်တန်းတွေကိုဖြိုလှဲပြီး EPLသွင်းဂိုး၁၀ဂိုးအထိရရှိထားပြီဖြစ်ပါတယ်။ဒါပေမယ့် ဒီရက်ပိုင်းအတွင်း လိဂ်ဖလားပထမအကျော့မှာတော့ ချယ်ဆီးဟာ ဒါဘီပြိုင်ဘက်စပါးကိုအရှုံးပေးခဲ့ရပါတယ်။ဒါကြောင့် ဂျာမိန်းဂျီးနပ်က ဘယ်ဂျီယံသားရဲ့ ချယ်ဆီးအနာဂတ်နဲ့ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ်။
''တကယ်တော့ သူဟာချယ်ဆီးအတွက်ကစားပေးနေသင့်တာမဟုတ်ဖူး။ ကျနော်အမြင့်အရတော့ သူက ချယ်ဆီးမှာ ချွန်ထွက်နေတယ်။''လို့ပြောခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာလည်း ဟာဇက်အနေနဲ့ ဘယ်ဂျီယံအသင်းကို တတိယရရှိအောင်အဓိကနေရာက ထမ်းပိုးပေးခဲ့တာပါ။ရာသီမစခင်မှာ ရီးရဲအသင်းက ဟာဇက်ကို ငွေအလုံးအရင်းအသုံးပြုပြီး ခေါ်တော့မလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါသေးတယ်။ဒါပေမယ့်စတမ်းဖို့ဘရစ်မှာပဲဆက်ရှိနေခြင်းအပေါ် ဂျီးနပ်က အားမလိုအားမရဖြစ်နေခဲ့တာပါ။
ချယ်ဆီးကအသင်းကြီးတစ်သင်းဆိုပေမယ့်ဟာဇက်က ကမ္ဘာ့အကောင်းဆုံးကလပ်တွေမှာရှိနေသင့်တာလို့သူကယုံကြည်နေတာပါ။ဒါကြောင့်သူက''ချယ်ဆီးအသင်းကတကယ်ကောင်း မွန်တဲ့အသင်းကြီးတစ်သင်းပါ။ဒါပေမယ့် ဟာဇက်ရဲ့ခြေစွမ်းကပိုမိုထင်ရှားနေတယ်။ဟာဇက်ကအသင်းကစားသမားတွေထဲမှာကိုမှ တခြားသူတွေထက်တစ်ဆင့်မြင့်နေသလိုပဲ။ဒါကြောင့် သူဒီကထွက်ခွာသင့်တယ်။ ဟာဇက်ကသူ့ပတ်ဝန်းကျင်ကလူတွေထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းပိုင်ဆိုင်ထားတာ သေချာပါတယ်။ ''လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။
၂၈နှစ်အရွယ်ဟာဇက်ကိုခေါ်ယူဖို့ အင်္ဂလန်ပြင်ပက အသင်းတွေရဲ့ချိတ်ဆက်မှုရှိနေပါတယ်။ဟာဇက်ဟာ ချယ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်နှစ်ကြိမ်နဲ့ FAဖလား,လိဂ်ဖလား,ယူရိုပါလိဂ်ဖလားတွေဆွတ်ခူးရရှိထားပါတယ်။ဒါပေမယ့်ချန်ပီယံလိဂ်ဖလားကြီးကိုတော့ အနားမကပ်နိုင်သေးပါဘူး။ရီးရဲဟာ စီရော်နယ်ဒိုရဲ့နေရာအတွက် သူတို့ရဲ့ကာလရှည်ပစ်မှတ်ဟာဇက်ကိုစိတ်ဝင်စားနေဆဲပါ။ ဟာဇက် ရီးရဲကိုရောက်သွားနိုင်မလား။
Post a Comment