Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ
ချဲလ်ဆီးအသင်းဟာ ဟီဂူအင်ကို ခေါ်ယူနိုင်ဖို့အတော်လေးနီးစပ်နေကြောင်းသိရပါတယ်။စာချုပ်အရလောလောဆယ်မှာ အငှားအဖြစ်သာခေါ်ယူမှာဖြစ်ပြီး နွေရာသီရောက်မှာ အပြီးသတ်ခေါ်ယူနိုင်ခွင့်ဆိုတဲ့ အချက်ကိုပါထည့်သွင်းထားတယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းနဲ့ဇင်းနစ်အသင်းတို့ဟာ ကွင်းလယ်ကစားသမားလန်ဒယိုပါရာဒီစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ရုရှားကလပ်က သူ့ကိုပေါင်၃၅သန်းအထိဈေးသတ်မှတ်ထားတယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းတိုက်စစ်မှူးမိုရာတာဟာ အသင်းကနေထွက်ခွာဖို့ရှိနေပါတယ်။ချဲလ်ဆီးအသင်းက ပေါင်၄၅သန်းရပါကသူ့ကိုလက်လွှတ်ဖို့ရှိနေပြီး အက်တလက်တီကိုမက်ဒရစ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့လူငယ်ကစားသမား ဟော့ဒ်ဆန်အိုဒရိုအတွက် အပြင်းအထန်ကြိုးပမ်းနေကြောင်းသိရပြီး ကစားသမားကိုယ်တိုင်ကလည်း ထွက်ခွာလိုနေကြောင်းသိရပါတယ်။
ဘတ်ရူဝါရီဟာ မိုနာကို အသင်းမှာ အငှားသွားကစားဖို့လက်ခံခဲ့တယ်လို့သိရပြီးချဲလ်ဆီးအသင်းက အဆိုပါအပြောင်းအရွှေ့ကိုဟန့်တားထားတယ်လို့သိရပါတယ်။ဒါပင်မယ့်လည်း ချဲလ်ဆီးအသင်းက လက်ခံရဖွယ်ရှိနေပါတယ်။
(Zawgyi)
Post a Comment