Header Ads


တိုက္စစ္္မွဴးဆာလာလိုက္ပါစီးနင္းတဲ့ေလယာဥ္ေပ်ာက္ဆံုးေနအသက္ရွင္ဖို ့အခြင့္အေရးအလြန္နည္းပါး



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကာဒစ္အသင္းက ျပင္သစ္လီဂူးကလပ္ နန္႔တက္အသင္းမွေျပာင္းေရႊ႕ေၾကး စတာလင္ေပါင္
၁၅သန္းျဖင့္ ေခၚယူလိုက္တဲ့ တိုက္စစ္မွဴး အမ္မီလီယာႏို ဆာလာဟာ ကာဒစ္အသင္းႏွင့္ လာေရာက္ပူးေပါင္းရန္ေလေၾကာင္းခရီးျဖင့္ ထြက္ခြာခဲ့ရာ၄င္းလိုက္ပါစီးနင္းလာသည့္ ေလယာဥ္သည္ ေလေၾကာင္းအသြားအလာ ထိန္းခ်ဳပ္ေရးစင္တာႏွင့္အဆက္အသြယ္ျပတ္ေတာက္ေနေၾကာင္း ျပင္သစ္ေလေၾကာင္းအသြားအလာထိန္းခ်ဳပ္ေရးစင္တာက ထုတ္ျပန္ခဲ့တာကိုသိရိွရပါတယ္။

တာဝန္ရွိသူမ်ားက ေပ်ာက္ဆံုးေနသည့္ေလယာဥ္ကို ရွာေဖြေနဆဲျဖစ္ေသာ္လည္း အမ္မီလီယာႏိုဆာလာအေနျဖင့္ အသက္ရွင္ရန္ အခြင့္အလမ္းနည္းပါးလ်က္ရွိေၾကာင္းသိရပါတယ္။အဆိုပါျဖစ္စဥ္ေၾကာင့္ နန္႔တက္အသင္းဟာအန္တီတီအသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည့္ ျပင္သစ္ကိုပါဖလားပြဲစဥ္ကို ရက္ေရႊ႕ဆိုင္းခဲ့ပါတယ္။အမ္မီလီယာႏိုသည္ ကာဒစ္အသင္းႏွင့္ ပူးေပါင္းရန္ နန္႔တက္အသင္းေဖာ္မ်ားကို ႏႈတ္ဆက္ခဲ့ၿပီးအသင္းေဖာ္မ်ားႏွင့္အတူ ဓာတ္ပံု႐ိုက္ကူးသြားခဲ့ေၾကာင္း သိရသည္။

အမ္မီလီယာႏိုဆာလာ၏မိခင္ မာစီးဒီးစ္က ကြ်န္မရဲ႕သားကို လာေခၚသြားတဲ့ေလယာဥ္က ကာဒစ္အသင္းဥကၠ႒ရဲ႕ ေလယာဥ္လို႔သိရပါတယ္။ကာဒစ္အသင္းက ကြ်န္မတို႔ကို ေလယာဥ္ေပ်ာက္ေနတဲ့ အေၾကာင္း
အသိေပးခဲ့ပါတယ္လို ့ေျပာၾကားခဲ့ပါတယ္။


အမ္မီလီယာႏိုဆာလာဟာ အာဂ်င္တီးနားႏိုင္ငံသားျဖစ္ၿပီး ၄င္း၏ကစားသမားဘဝကို ျပင္သစ္လီဂူးၿပိဳင္ပြဲ၌သာ က်င္လည္ခဲ့သူျဖစ္ၿပီးကာဒစ္အသင္းသို႔ မေျပာင္းေရႊ႕မီေဘာ္ဒိုး၊ ကိန္းႏွင့္ နန္႔တက္အသင္းတို႔တြင္ ကစားခဲ့သူျဖစ္ေၾကာင္းသိရပါတယ္။


(Unicode)

တိုက်စစ်မှူးဆာလာလိုက်ပါစီးနင်းတဲ့လေယာဉ်ပျောက်ဆုံးနေအသက်ရှင်ဖို့အခွင့်အရေးအလွန်နည်းပါး

ကာဒစ်အသင်းက ပြင်သစ်လီဂူးကလပ် နန့်တက်အသင်းမှပြောင်းရွှေ့ကြေး စတာလင်ပေါင်
၁၅သန်းဖြင့် ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး အမ်မီလီယာနို ဆာလာဟာ ကာဒစ်အသင်းနှင့် လာရောက်ပူးပေါင်းရန်လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ၎င်းလိုက်ပါစီးနင်းလာသည့် လေယာဉ်သည် လေကြောင်းအသွားအလာ ထိန်းချုပ်ရေးစင်တာနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်း ပြင်သစ်လေကြောင်းအသွားအလာထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ခဲ့တာကိုသိရှိရပါတယ်။

တာဝန်ရှိသူများက ပျောက်ဆုံးနေသည့်လေယာဉ်ကို ရှာဖွေနေဆဲဖြစ်သော်လည်း အမ်မီလီယာနိုဆာလာအနေဖြင့် အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးလျက်ရှိကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်ကြောင့် နန့်တက်အသင်းဟာအန်တီတီအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ပြင်သစ်ကိုပါဖလားပွဲစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။အမ်မီလီယာနိုသည် ကာဒစ်အသင်းနှင့် ပူးပေါင်းရန် နန့်တက်အသင်းဖော်များကို နှုတ်ဆက်ခဲ့ပြီးအသင်းဖော်များနှင့်အတူ ဓာတ်ပုံရိုက်ကူးသွားခဲ့ကြောင်း သိရသည်။

အမ်မီလီယာနိုဆာလာ၏မိခင် မာစီးဒီးစ်က ကျွန်မရဲ့သားကို လာခေါ်သွားတဲ့လေယာဉ်က ကာဒစ်အသင်းဥက္ကဋ္ဌရဲ့ လေယာဉ်လို့သိရပါတယ်။ကာဒစ်အသင်းက ကျွန်မတို့ကို လေယာဉ်ပျောက်နေတဲ့ အကြောင်း
အသိပေးခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။

အမ်မီလီယာနိုဆာလာဟာ အာဂျင်တီးနားနိုင်ငံသားဖြစ်ပြီး ၎င်း၏ကစားသမားဘဝကို ပြင်သစ်လီဂူးပြိုင်ပွဲ၌သာ ကျင်လည်ခဲ့သူဖြစ်ပြီးကာဒစ်အသင်းသို့ မပြောင်းရွှေ့မီဘော်ဒိုး၊ ကိန်းနှင့် နန့်တက်အသင်းတို့တွင် ကစားခဲ့သူဖြစ်ကြောင်းသိရပါတယ်။

No comments

Powered by Blogger.