ေမာ္ရင္ဟိုထိုင္တဲ့ေနရာမွာမထိုင္တဲ့နည္းျပဆိုးလ္ရွားရဲ ့စိတ္၀င္စားစရာနည္းျပထိုင္ခံုသီအိုရီ
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
မော်ရင်ဟိုထိုင်တဲ့နေရာမှာမထိုင်တဲ့နည်းပြဆိုးလ်ရှားရဲ့စိတ်ဝင်စားစရာနည်းပြထိုင်ခုံသီအိုရီ
နည်းပြဆိုးလ်ရှားတစ်ယောက်အရင်နည်းပြဟိုဆေးမော်ရင်ဟိုထိုင်တဲ့နေရာမှာမထိုင်ပဲ တခြားနေရာမှာထိုင်လေ့ရှိတာသတိပြုမိကြလား?ဟုတ်ပါတယ်။မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တစ်ချို့ကတော့ ဆိုးလ်ရှားရဲ့ နေရာကိုသေချာလေ့လာနေကြပါတယ်။ဆိုးလ်ရှားတစ်ယောက်အရင်နည်းပြလို ဘာလို့မထိုင်တာလဲ စိတ်ဝင်စားနေကြပါတယ်။
ဟိုဆေးမော်ရင်ဟိုတစ်ယောက် ယူနိုက်တက်မှာစိုးစံစဉ်ကာလက အိုထရက်ဖို့ဒ်ကွင်းရဲ့နည်းပြအဖွဲ့ဝင်ထိုင်ခုံမှာတော့ ကွင်းဘေးစည်းကျပ်နေရာနဲ့ အနီးဆုံးနေရာဖြစ်တဲ့ ပထမဆုံးတန်းမှာထိုင်လေ့ရှိပါတယ်။
ဒါပင်မယ့်လည်း ယူနိုက်တက်ရဲ့လက်ရှိယာယီနည်းပြကြီး ဆိုးလ်ရှားကတော့ အရံလူတွေထိုင်တဲ့နေရာနောက်ကနေ နေရာယူထိုင်ပြီးအသင်းကိုကြီးကြပ်တာတွေ့ရပါတယ်။ဒါ့အပြင် ဒီလိုထိုင်ခြင်းဖြင့် ကွင်းဘေးနည်းပြစည်းကျပ်နေရာနဲ့အဝေးဆုံးအနေအထားမှာရှိနေတာဖြစ်ပြီး ပွဲကိုအကောင်းဆုံးကြည့်ရှုနိုင်တဲ့မြင်ကွင်းဖြစ်တယ်လို့သိရပါတယ်။
A Reddit အသုံးပြုသူတစ်ဦးကတော့ ” အခြားမန်နေဂျာတွေဒီလိုလုပ်တာကျွန်တော်မမြင်ဖူးပါဘူး။သူတို့တွေဟာ အရှေ့ဆုံးတန်းမှာသာနေရာယူကြပြီး ကွင်းဘေးစည်းကျပ်နဲ့အနီးဆုံးကိုဖြစ်ချင်ကြတာပါ။ဒါဟာ သူ့အတွက် ပွဲကို နည်းစနစ်ကျကျဖတ်နိုင်တဲ့နေရာမို့လိုလား ဒါမှမဟုတ်တခြားအကြောင်းအရင်းကြောင့်လား?”
“ ဒါမှမဟုတ်လည်း စည်းကျပ်နေရာမှာနေရင် ဘောလုံးမှန်မှာဆိုးလို့လား? ခင်ဗျားတို့ဘယ်လိုထင်ကြလဲ? “
အခြားသောအသုံးပြုသူတွေကတော့ ဆိုးလ်ရှားဟာ သူ့ဆရာဖာဂူဆန်အတိုင်း အရံခုံတန်းတွေရဲ့နောက်မှာထိုင်တာမျိုးလုပ်တာလို့ဆိုနေကြပြီး အရံခုံတန်းပေါ်ကကစားသမားတွေကို ပွဲမှာအာရုံစူးစိုက်စေဖို့ပိုသေချာအောင်အနောက်ကနေထိန်းချုပ်ထားချင်တဲ့ပုံပေါ်တယ်လို့ပြန်လည်ရေးသားခဲ့ကြပါတယ်။
“ ဒါဟာ ပွဲကိုအကောင်းဆုံးဖတ်ရှုနိုင်တဲ့နေရာဖြစ်သလို အရံခုံကကစားသမားတွေပွဲကို အာရုံစူးစိုက်စေချင်တာကို ပိုသေချာစေချင်လို့နေမှာပါ။ဆာအဲလက်စ်ဖာဂူဆန်လည်း ထိုနည်း၎င်းထိုင်လေ့ရှိပါတယ်။(အခြားယူနိုက်တက်နည်းပြအများစုလည်းလုပ်ကြပါတယ်။) စည်းကျပ်နေရာကနေ ဆင်းလာဖို့ပိုအလှမ်းဝေးတာကြောင့် အကယ်လို့သူဆင်းလာပြီးဆို ပြိုင်ဘက်တွေ သတိထားမိချိန်ပိုကြာစေပြီး ထိတ်လန့်သွားစေအောင်လုပ်တာဖြစ်ပါမယ်။ဆိုးလ်ရှားက ဖာဂီဆီက သင်ထားတာဖြစ်ပါမယ်။” လို့ရေးသားခဲ့ပါတယ်။
နော်ဝေးနည်းပြကြီးဟာ ယူနိုက်တက်နည်းပြသက်တမ်းမှာရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့ပြီး အရေးပါတဲ့တော့တင်ဟမ်နဲ့ပွဲကိုလည်း အောင်ပွဲဆင်ခဲ့ပါတယ်။သူ့ရဲ့ယူနိုက်တက်အသင်းဟာလာမယ့်စနေနေ့မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာပဲဖြစ်ပါတယ်။
(Zawgyi)
ေမာ္ရင္ဟိုထိုင္တဲ့ေနရာမွာမထိုင္တဲ့နည္းျပဆိုးလ္ရွားရဲ ့စိတ္၀င္စားစရာနည္းျပထိုင္ခံုသီအိုရီ
နည္းျပဆိုးလ္ရွားတစ္ေယာက္အရင္နည္းျပဟိုေဆးေမာ္ရင္ဟိုထိုင္တဲ့ေနရာမွာမထိုင္ပဲ တျခားေနရာမွာထိုင္ေလ့ရိွတာသတိျပဳမိၾကလား?ဟုတ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ပရိတ္သတ္တစ္ခ်ိဳ့ကေတာ့ ဆိုးလ္ရွားရဲ့ ေနရာကိုေသခ်ာေလ့လာေနၾကပါတယ္။ဆိုးလ္ရွားတစ္ေယာက္အရင္နည္းျပလို ဘာလို ့မထိုင္တာလဲ စိတ္၀င္စားေနၾကပါတယ္။
ဟိုေဆးေမာ္ရင္ဟိုတစ္ေယာက္ ယူနိုက္တက္မွာစိုးစံစဥ္ကာလက အိုထရက္ဖို ့ဒ္ကြင္းရဲ ့နည္းျပအဖြဲ ့၀င္ထိုင္ခံုမွာေတာ့ ကြင္းေဘးစည္းက်ပ္ေနရာနဲ့ အနီးဆံုးေနရာျဖစ္တဲ့ ပထမဆံုးတန္းမွာထိုင္ေလ့ရိွပါတယ္။
ဒါပင္မယ့္လည္း ယူနိုက္တက္ရဲ ့လက္ရိွယာယီနည္းျပၾကီး ဆိုးလ္ရွားကေတာ့ အရံလူေတြထိုင္တဲ့ေနရာေနာက္ကေန ေနရာယူထိုင္ၿပီးအသင္းကိုၾကီးၾကပ္တာေတြ ့ရပါတယ္။ဒါ့အျပင္ ဒီလိုထိုင္ျခင္းျဖင့္ ကြင္းေဘးနည္းျပစည္းက်ပ္ေနရာနဲ ့အေ၀းဆံုးအေနအထားမွာရိွေနတာျဖစ္ၿပီး ပြဲကိုအေကာင္းဆံုးၾကည့္ရႈနိုင္တဲ့ျမင္ကြင္းျဖစ္တယ္လို ့သိရပါတယ္။
A Reddit အသံုးျပဳသူတစ္ဦးကေတာ့ ” အျခားမန္ေနဂ်ာေတြဒီလိုလုုပ္တာကၽြန္ေတာ္မျမင္ဖူးပါဘူး။သူတို ့ေတြဟာ အေရွ ့ဆံုးတန္းမွာသာေနရာယူၾကၿပီး ကြင္းေဘးစည္းက်ပ္နဲ ့အနီးဆံုးကိုုျဖစ္ခ်င္ၾကတာပါ။ဒါဟာ သူ ့အတြက္ ပြဲကို နည္းစနစ္က်က်ဖတ္နိုင္တဲ့ေနရာမို ့လိုလား ဒါမွမဟုတ္တျခားအေၾကာင္းအရင္းေၾကာင့္လား?”
“ ဒါမွမဟုတ္လည္း စည္းက်ပ္ေနရာမွာေနရင္ ေဘာလံုးမွန္မွာဆိုးလို ့လား? ခင္ဗ်ားတို ့ဘယ္လိုထင္ၾကလဲ? “
အျခားေသာအသံုးျပဳသူေတြကေတာ့ ဆိုးလ္ရွားဟာ သူ ့ဆရာဖာဂူဆန္အတိုင္း အရံခုံတန္းေတြရဲ ့ေနာက္မွာထိုင္တာမ်ိဳးလုပ္တာလို ့ဆိုေနၾကၿပီး အရံခုံတန္းေပၚကကစားသမားေတြကို ပြဲမွာအာရံုစူးစိုက္ေစဖို ့ပိုေသခ်ာေအာင္အေနာက္ကေနထိန္းခ်ဳပ္ထားခ်င္တဲ့ပံုေပၚတယ္လို ့ျပန္လည္ေရးသားခဲ့ၾကပါတယ္။
“ ဒါဟာ ပြဲကိုအေကာင္းဆံုးဖတ္ရႈနိုင္တဲ့ေနရာျဖစ္သလို အရံခုံကကစားသမားေတြပြဲကို အာရံုစူးစိုက္ေစခ်င္တာကို ပိုေသခ်ာေစခ်င္လို ့ေနမွာပါ။ဆာအဲလက္စ္ဖာဂူဆန္လည္း ထိုနည္း၎ထိုင္ေလ့ရိွပါတယ္။(အျခားယူနိုက္တက္နည္းျပအမ်ားစုလည္းလုပ္ၾကပါတယ္။) စည္းက်ပ္ေနရာကေန ဆင္းလာဖို ့ပိုအလွမ္းေ၀းတာေၾကာင့္ အကယ္လို ့သူဆင္းလာၿပီးဆို ၿပိဳင္ဘက္ေတြ သတိထားမိခ်ိန္ပိုၾကာေစၿပီး ထိတ္လန္ ့သြားေစေအာင္လုပ္တာျဖစ္ပါမယ္။ဆိုးလ္ရွားက ဖာဂီဆီက သင္ထားတာျဖစ္ပါမယ္။” လို ့ေရးသားခဲ့ပါတယ္။
ေနာ္ေ၀းနည္းျပၾကီးဟာ ယူနိုက္တက္နည္းျပသက္တမ္းမွာရာနႈန္းျပည့္နိုင္ပြဲရယူနိုင္ခဲ့ၿပီး အေရးပါတဲ့ေတာ့တင္ဟမ္နဲ ့ပြဲကိုလည္း ေအာင္ပြဲဆင္ခဲ့ပါတယ္။သူ ့ရဲ ့ယူနိုက္တက္အသင္းဟာလာမယ့္စေနေန ့မွာ ဘရိုက္တန္အသင္းကို အိမ္ကြင္းမွာလက္ခံကစားရမွာပဲျဖစ္ပါတယ္။
Post a Comment