Header Ads


ခ်ဲလ္ဆီးအသင္းနဲ ့စပိန္အသင္းအတြက္ေသခ်ာေပါက္ဂိုးေတြလြဲေခ်ာ္ခဲ့တဲ့ မိုရာတာရဲ ့ဗီဒီယို




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေပါင္သန္း၆၀ တန္တိုက္စစ္မွဴးမိုရာတာတစ္ေယာက္ ခ်ဲလ္ဆီးအသင္းကေနထြက္ခြာသြားခဲ့ၿပီလို ့ဆိုနိုင္ပါၿပီ။
စပိန္တိုက္စစ္မွဴးဟာစတန္းဖို ့ဘရစ္ခ်္ကလပ္ထံ ေမ ွ်ာ္လင့္ခ်က္အေျမာက္အျမားနဲ ့ေရာက္ရိွလာျခင္းခံရသူလည္းျဖစ္ပါတယ္။ဒါပင္မယ့္လည္း မိုရာတာဟာ ခ်ဲလ္ဆီးအသင္းအတြက္ပြဲေပါင္း၇၂ပြဲမွာ ၂၄ဂိုးသာသြင္းၿပီးအသင္းနဲ ့လမ္းခြဲသြားခဲ့တာပဲျဖစ္ပါတယ္။
မေန ့တနလၤာေန ့ညက အက္တလက္တီကိုမက္ဒရစ္အသင္းဟာ မိုရာတာကို ၁၈လအငွားျဖင့္ေခၚယူခဲ့နိုင္ၿပီလို ့အတည္ျပဳေျပာၾကားခဲ့ၿပီး အငွားသက္တမ္းကုန္ဆံုးပါက ေပါင္၄၈.၅သန္းျဖင့္ အၿပီးသတ္ေခၚယူနို္င္ခြင့္ပါ၀င္ေၾကာင္းသိရပါတယ္။

အမွန္တကယ္ေတာ့ ခ်ဲလ္ဆီးအသင္းပရိတ္သတ္ေတြဟာ သူတို ့အသင္းမွာ ေျခစြမ္းျပဖို ့ရုန္းကန္ေနရတဲ့ ကစားသမားတစ္ေယာက္ရဲ့အေၾကာင္းကို ေကာင္းေကာင္းသိၾကတဲ့သူေတြျဖစ္ပါတယ္။ဒီရာသီၿပိဳင္ပြဲစံု ၂၄ပြဲအတြင္း ဂိုးသြင္းယူထားတာဟာ အရမ္းၾကီးအေျခအေနဆိုးတဲ့ပံုေတာ့မေပၚပါဘူး။ဒါပင္မယ့္လည္း မိုရတာတစ္ေယာက္ ဂိုးေရွ ့မွာဂိုးတစ္ဂိုးသြင္းယူနိုင္ဖို ့အေတာ္ေလးရုန္းကန္ခဲ့ရတာကိုအထင္းသားေတြ ့ျမင္နိုင္ပါတယ္။

သူ ့ရဲ ့အက္တလက္တီကိုမက္ဒရစ္ဆီအေျပာင္းအေရႊ ့အတည္ျပဳၿပီး ခဏအၾကာမွာတင္ မိုရာတာတစ္ေယာက္ ဂိုးေရွ့ ဘယ္လိုေတြအလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနသလဲဆိုတာ အေသအခ်ာျပထားတဲ့ ဗီဒီယိုတစ္ခုထြက္ေပၚလာခဲ့ပါတယ္။



မိုရာတာဟာ ေသခ်ာေပါက္ဂိုး၀င္ရမယ့္အခြင့္အေရးေတြကို အသံုးမခ်နိုင္ခဲ့ပါဘူး။တစ္ၾကိမ္လြဲေခ်ာ္တိုင္း သူ ့ရဲ ့ယံုၾကည္ခ်က္ေတြတျဖည္းျဖည္းက်ဆင္းလာခဲ့တာကို ကၽြန္ေတာ္တို ့ေတြ ့ျမင္ခဲ့ရပါတယ္။

ဒါပင္မယ့္လည္း မိုရာတာရဲ ့အနာဂတ္ဟာ အမ်ားၾကီးက်န္ရိွေသးတာျဖစ္ၿပီး အခုသူ ့ေမြးရပ္ေျမစပိန္မွာ ဘာေတြဆက္လုပ္ျပမလဲေစာင့္ၾကည့္ရမွာပါ။မိုရာတာအေနနဲ ့အသင္းသစ္နဲ ့သူ ့ရဲ ့ကစားသမားဘ၀ အခန္းသစ္ကို ဖြင့္လွစ္ဖို ့စိတ္လႈပ္ရွားေနပါတယ္။

ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဒီမွာရိွေနရတဲ့အတြက္ ဂုဏ္ယူမိပါတယ္။လို ့မိုရာတာက ေျပာၾကားခဲ့ပါတယ္။

ကၽြန္ေတာ္ ့အသင္းေဖာ္အသစ္ေတြနဲ ့ေတြ ့ဆံုၿပီး ေလ့က်င့္ခန္းအတူဆင္းၿပီး ကစားဖို ့မေစာင့္နိုင္ေတာ့ပါဘူး၊

ဒါပင္မယ့္လည္း ခ်ဲလ္ဆီးနည္းျပ ဆာရီကေတာ့ မိုရာတာဟာ ၿပီးခဲ့တဲ့လထဲကအသင္းကေနထြက္ခြာဖို ့ဆံုးျဖတ္ခဲ့တာျဖစ္တယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့လထဲက သူအျခားအသင္းတစ္သင္းမွာ သြားကစားခ်င္တယ္လို ့ေျပာခဲ့ပါတယ္။” 


ဒါ့ေၾကာင့္ ကၽြန္ေတာ္တို ့ကို သူ ့ရဲ ့စိတ္ဓာတ္ပိုင္းနဲ ့၁၀၀ရာခိုင္နႈန္းေပးဆပ္ဖို ့အေတာ္ေလးခက္ခဲသြားတာေနမယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။မိုရာတာ ဟာ လက္ရိွမွာေတာ့ အေရးပါတဲ့ကစားသမားပါ။ၾကံခုိင္မႈပိုင္းေရာ၊နည္းစနစ္ပိုင္းရႈေထာင့္ရၾကည့္မယ္ဆိုရင္လည္း သူဟာအရမ္းကိုေကာင္းတဲ့ကစားသမားျဖစ္ၿပိး ကၽြန္ေတာ့္ေဘာလံုးနည္းစနစ္နဲ ့လည္းအံ၀င္တဲ့ကစားသမားပါ။ဒါပင္မယ့္အေျခအေနေတြက ၿပီးခဲ့တဲ့လထဲကေျပာင္းလဲသြားတာပါ။ဒါ့ေၾကာင့္ ကၽြန္ေတာ္တို ့ေျပာင္းလဲဖို ့လိုအပ္ခဲ့တာပါလို ့ဆာရီက ၀န္ခံေျပာၾကားခဲ့ပါတယ္။

(Unicode)

ချဲလ်ဆီးအသင်းနဲ့စပိန်အသင်းအတွက်သေချာပေါက်ဂိုးတွေလွဲချော်ခဲ့တဲ့ မိုရာတာရဲ့ဗီဒီယို


ပေါင်သန်း၆၀ တန်တိုက်စစ်မှူးမိုရာတာတစ်ယောက် ချဲလ်ဆီးအသင်းကနေထွက်ခွာသွားခဲ့ပြီလို့ဆိုနိုင်ပါပြီ။
စပိန်တိုက်စစ်မှူးဟာစတန်းဖို့ဘရစ်ချ်ကလပ်ထံ မေ ျှာ်လင့်ချက်အမြောက်အမြားနဲ့ရောက်ရှိလာခြင်းခံရသူလည်းဖြစ်ပါတယ်။ဒါပင်မယ့်လည်း မိုရာတာဟာ ချဲလ်ဆီးအသင်းအတွက်ပွဲပေါင်း၇၂ပွဲမှာ ၂၄ဂိုးသာသွင်းပြီးအသင်းနဲ့လမ်းခွဲသွားခဲ့တာပဲဖြစ်ပါတယ်။
မနေ့တနင်္လာနေ့ညက အက်တလက်တီကိုမက်ဒရစ်အသင်းဟာ မိုရာတာကို ၁၈လအငှားဖြင့်ခေါ်ယူခဲ့နိုင်ပြီလို့အတည်ပြုပြောကြားခဲ့ပြီး အငှားသက်တမ်းကုန်ဆုံးပါက ပေါင်၄၈.၅သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခွင့်ပါဝင်ကြောင်းသိရပါတယ်။

အမှန်တကယ်တော့ ချဲလ်ဆီးအသင်းပရိတ်သတ်တွေဟာ သူတို့အသင်းမှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ကစားသမားတစ်ယောက်ရဲ့အကြောင်းကို ကောင်းကောင်းသိကြတဲ့သူတွေဖြစ်ပါတယ်။ဒီရာသီပြိုင်ပွဲစုံ ၂၄ပွဲအတွင်း ၉ ဂိုးသွင်းယူထားတာဟာ အရမ်းကြီးအခြေအနေဆိုးတဲ့ပုံတော့မပေါ်ပါဘူး။ဒါပင်မယ့်လည်း မိုရတာတစ်ယောက် ဂိုးရှေ့မှာဂိုးတစ်ဂိုးသွင်းယူနိုင်ဖို့အတော်လေးရုန်းကန်ခဲ့ရတာကိုအထင်းသားတွေ့မြင်နိုင်ပါတယ်။

သူ့ရဲ့အက်တလက်တီကိုမက်ဒရစ်ဆီအပြောင်းအရွှေ့အတည်ပြုပြီး ခဏအကြာမှာတင် မိုရာတာတစ်ယောက် ဂိုးရှေ့ ဘယ်လိုတွေအလွဲလွဲအချော်ချော်ဖြစ်နေသလဲဆိုတာ အသေအချာပြထားတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

မိုရာတာဟာ သေချာပေါက်ဂိုးဝင်ရမယ့်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။တစ်ကြိမ်လွဲချော်တိုင်း သူ့ရဲ့ယုံကြည်ချက်တွေတဖြည်းဖြည်းကျဆင်းလာခဲ့တာကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။

ဒါပင်မယ့်လည်း မိုရာတာရဲ့အနာဂတ်ဟာ အများကြီးကျန်ရှိသေးတာဖြစ်ပြီး အခုသူ့မွေးရပ်မြေစပိန်မှာ ဘာတွေဆက်လုပ်ပြမလဲစောင့်ကြည့်ရမှာပါ။မိုရာတာအနေနဲ့အသင်းသစ်နဲ့သူ့ရဲ့ကစားသမားဘ၀ အခန်းသစ်ကို ဖွင့်လှစ်ဖို့စိတ်လှုပ်ရှားနေပါတယ်။

” ကျွန်တော်အရမ်းပျော်ပါတယ်။ဒီမှာရှိနေရတဲ့အတွက် ဂုဏ်ယူမိပါတယ်။” လို့မိုရာတာက ပြောကြားခဲ့ပါတယ်။

” ကျွန်တော့်အသင်းဖော်အသစ်တွေနဲ့တွေ့ဆုံပြီး လေ့ကျင့်ခန်းအတူဆင်းပြီး ကစားဖို့မစောင့်နိုင်တော့ပါဘူး၊“

ဒါပင်မယ့်လည်း ချဲလ်ဆီးနည်းပြ ဆာရီကတော့ မိုရာတာဟာ ပြီးခဲ့တဲ့လထဲကအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

” ပြီးခဲ့တဲ့လထဲက သူအခြားအသင်းတစ်သင်းမှာ သွားကစားချင်တယ်လို့ပြောခဲ့ပါတယ်။” 

” ဒါ့ကြောင့် ကျွန်တော်တို့ကို သူ့ရဲ့စိတ်ဓာတ်ပိုင်းနဲ့၁၀၀ရာခိုင်နှုန်းပေးဆပ်ဖို့အတော်လေးခက်ခဲသွားတာနေမယ်လို့ကျွန်တော်ထင်ပါတယ်။မိုရာတာ ဟာ လက်ရှိမှာတော့ အရေးပါတဲ့ကစားသမားပါ။ကြံခိုင်မှုပိုင်းရော၊နည်းစနစ်ပိုင်းရှုထောင့်ရကြည့်မယ်ဆိုရင်လည်း သူဟာအရမ်းကိုကောင်းတဲ့ကစားသမားဖြစ်ပြိး ကျွန်တော့်ဘောလုံးနည်းစနစ်နဲ့လည်းအံဝင်တဲ့ကစားသမားပါ။ဒါပင်မယ့်အခြေအနေတွေက ပြီးခဲ့တဲ့လထဲကပြောင်းလဲသွားတာပါ။ဒါ့ကြောင့် ကျွန်တော်တို့ပြောင်းလဲဖို့လိုအပ်ခဲ့တာပါ” လို့ဆာရီက ဝန်ခံပြောကြားခဲ့ပါတယ်။

No comments

Powered by Blogger.