Header Ads


အိမ္ငွားဗန္ဒိုက္စ္ေၾကာင့္ အိမ္ေျပာင္းဖို ့အခက္ေတြ ့ေနရရွာတဲ့အိမ္ရွင္ဆိုးလ္ရွား

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဆိုလ္ရွားတစ္ေယာက္ဟာ လက္ရိွအခ်ိန္မွာေတာ့ Lowry ေဟာ္တယ္ကေန စြန္ ့ခြာၿပီးမန္ခ်က္စတာၿမိဳ ့မွာအိမ္အသစ္ရွာပံုေတာ္ဖြင့္ေနတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္းအခုတစ္ၾကိမ္မွာေတာ့ အိုထရက္ဖို ့ဒ္ရဲ ့ယာယီနည္းျပၾကီးဆိုးလ္ရွားတစ္ေယာက္ အနီေရာင္တပ္သားကို အရံႈးေပးရေတာ့မယ့္ပံုေပၚေနပါတယ္။

အိုေလဂန္းနာဆိုးလ္ရွားတစ္ေယာက္ဟာ သူ ့ရဲ ့ကိုယ္ပိုင္အိမ္ကိုေျပာင္းေရႊ ့နိုင္ျခင္းမရိွေသးပါဘူး။ဘာလို ့လဲဆိုေတာ့လီဗာပူးလ္ေနာက္ခံလူဗန္ဒိုက္စ္ကအဆိုပါအိမ္ကိုလက္ရိွမွာ ငွားထားတာေၾကာင့္လို ့သိရပါတယ္။မန္ခ်က္စတာယူနိုက္တက္ရဲ ့ယာယီနည္းျပၾကီးဟာ ယူနိုက္တက္မွာ အၿမဲတမ္းနည္းျပျဖစ္လာေတာ့မွာျဖစ္တဲ့အတြက္ Lowry ေဟာ္တယ္ကေန ေျပာင္းေရႊ ့ဖို ့ဆံုးျဖတ္ခ်က္ခ်ထားတာပဲျဖစ္ပါတယ္။



ေမာ္ရင္ဟိုေနရာအစားထိုး၀င္ေရာက္လာခဲ့တဲ့ နည္းျပဆိုးလ္ရွားဟာ ယူနိုက္တက္ရဲ့ ၿပိဳင္ပြဲစံု ၁၆ပြဲမွာ ၁၃ပြဲအထိအနိုင္ယူထားနိုင္ခဲ့သလို ကစားသမားတစ္ေယာက္အေနနဲ့ ေအာင္ျမင္တဲ့ကစားသမားဘ၀ကိုပိုင္ဆိုင္ခဲ့ဖူးတဲ့ သူဟာ ေပါင္ ၄သန္းတန္အိမ္ၾကီးမွာ ေနထိုင္ခဲ့ဖူးပါတယ္။The Sun သတင္းစာရဲ့ေဖာ္ျပခ်က္ကေတာ့ သူဟာ ၿပီးခဲ့တဲ့နွစ္အေတာ္ၾကာက သူေနထိုင္ခဲ့တဲ့ အိမ္ကိုေရာင္းခ်ဖို ့လုပ္ေဆာင္ခဲ့ဖူးတယ္လို ့သိရပါတယ္။ သူဟာ မန္ခ်က္စတာကို ျပန္လာဖို ့မရိွေတာ့ဘူးလို ့ထင္ထားခဲ့တာေၾကာင့္အခုလိုအိမ္ကိုေရာင္းခ်ဖို ့လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း သူဟာ အဆိုပါအိမ္ကို၀ယ္မယ့္သူကိုရွာမေတြ ့ခဲ့ပါဘူး။ဒါ့ေၾကာင့္လည္း ၂၀၁၈ ခုနွစ္မွာေဆာက္တမ္တန္ကေနေျပာင္းလာတဲ့ ဗန္ဒိုက္စ္က အဆိုပါအိမ္ကိုငွားရမ္းသံုးစြဲေနတာပဲျဖစ္ပါတယ္။


အဆိုပါအိမ္မွာ အိုေလနဲ ့သူမိသားစုေတြဟာ ယူနိုက္တက္မွာအိုေလတစ္ေယာက္ကစားခဲ့စဥ္အခ်ိန္ထဲကေနထိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။သူဟာအသင္းကေနထြက္ခြာသြားတဲ့အခ်ိန္မွာေတာ့ ဒီအိမ္ၾကီးကိုေရာင္းခ်ဖို ့ဆံုးျဖတ္ခဲ့ပါတယ္။ဒါပင္မယ့္လည္း ဒီအိမ္ကို ၀ယ္မယ့္သူမရိွခဲ့ပါဘူး။ဒါ့ေၾကာင့္ လီဗာပူးလ္ဆီေျပာင္းလာတဲ့ ဗန္ဒိုက္စ္က ဒီအိမ္ကိုေတြ ့ၿပီးသေဘာက်သြားရာကေနငွားရမ္းေနထိုင္သြားတာပဲျဖစ္ပါတယ္။အိုေလးက သူဟာမန္ခ်က္စတာဆီျပန္လာဖို ့လမ္းမရိွဘူးလို ့ေတြးခဲ့တဲ့ပံုေပၚပါတယ္။ဒါပင္မယ့္လည္း အခုေတာ့ အထင္နဲ ့အျမင္တျခားစီျဖစ္ေနပါၿပီ။သူပိုင္ဆိုင္ထားဆဲျဖစ္တဲ့သူ ့ရဲ ့ေနရာေဟာင္းကို သူျပန္ေျပာင္းလာဖို ့မရိွေတာ့ပါဘူး။ယူနိုက္တက္ရဲ ့ခါးသီးတဲ့ ၿပိဳင္ဘက္အသင္းက ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဗန္ဒိုက္စ္ဟာ ဒီအိမ္မွာ ငွားေနတာကို သိေနတဲ့လူေတြကေတာ့ ၿပံဳးၿဖဲၿဖဲေတြလုပ္ေနၾကတာေပါ့့။လို ့သတင္းေထာက္ရဲ ့သတင္းပို ့ခ်က္အတိုင္းေရးသားထားတာကိုေတြ ့ရပါတယ္။

အရင္နည္းျပေမာ္ရင္ဟိုအတိုင္းပဲ ဆိုးလ္ရွားဟာ Lowry ေဟာ္တယ္မွာ ေနထိုင္ေနဆဲျဖစ္ပါတယ္။နည္းျပေဟာင္းေမာ္ရင္ဟိုဟာ ယူနိုက္တက္မွာ ရိွခဲ့စဥ္ကာလတစ္ေလ ွ်ာက္ Lowry ေဟာ္တယ္မွာပဲေနထိုင္ခဲ့တာပဲျဖစ္ပါတယ္။ဒီဇင္ဘာ၁၈ရက္ေန ့မွာ ေမာ္ရင္ဟိုတစ္ေယာက္အထုတ္ခံခဲ့ရၿပီးေနာက္သူဟာ ယူနိုက္တက္နည္းျပအျဖစ္ အဆိုပါေဟာ္တယ္မွာ ၉၀၁ ရက္ၾကာေနထိုင္ခဲ့ပါတယ္။ေမာ္ရင္ဟိုဟာ River-Side view အခန္းမွာေနထိုင္ခဲ့ၿပီး တစ္ညတည္းခိုက ေပါင္၆၀၀ က်သင့္ကာ စုစုေပါင္း ေပါင္ ၅၄၀,၆၀၀ ကုန္က်ခဲ့ပါတယ္။

ဒီအိမ္ျပႆနာထက္ပိုၿပီးအေရးၾကီးတာကေတာ့ ဒီေန ့ညမွာယူနိုက္တက္တို ့ဟာ PSG အသင္းနဲ ့ခ်န္ပီယံလိပ္ဒုေက်ာ့ကို ကစားရဖို ့ရိွေနပါတယ္။ျပင္သစ္ကလပ္ဟာ အိုထရက္ဖို ့ဒ္မွာ - ျဖင့္အနိုင္ယူထားတာျဖစ္ၿပီးဆိုးလ္ရွားရဲ ့ယူနုိက္တက္အသင္းဟာ အဓိကကစားသမား ၁၀ ဦးထိမပါပဲ PSG အသင္းကိုရင္ဆိုင္ကစားရေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

အိမ်ငှားဗန်ဒိုက်စ်ကြောင့် အိမ်ပြောင်းဖို့အခက်တွေ့နေရရှာတဲ့အိမ်ရှင်ဆိုးလ်ရှား

ဆိုလ်ရှားတစ်ယောက်ဟာ လက်ရှိအချိန်မှာတော့ Lowry ဟော်တယ်ကနေ စွန့်ခွာပြီးမန်ချက်စတာမြို့မှာအိမ်အသစ်ရှာပုံတော်ဖွင့်နေတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းအခုတစ်ကြိမ်မှာတော့ အိုထရက်ဖို့ဒ်ရဲ့ယာယီနည်းပြကြီးဆိုးလ်ရှားတစ်ယောက် အနီရောင်တပ်သားကို အရှုံးပေးရတော့မယ့်ပုံပေါ်နေပါတယ်။

အိုလေဂန်းနာဆိုးလ်ရှားတစ်ယောက်ဟာ သူ့ရဲ့ကိုယ်ပိုင်အိမ်ကိုပြောင်းရွှေ့နိုင်ခြင်းမရှိသေးပါဘူး။ဘာလို့လဲဆိုတော့လီဗာပူးလ်နောက်ခံလူဗန်ဒိုက်စ်ကအဆိုပါအိမ်ကိုလက်ရှိမှာ ငှားထားတာကြောင့်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ယာယီနည်းပြကြီးဟာ ယူနိုက်တက်မှာ အမြဲတမ်းနည်းပြဖြစ်လာတော့မှာဖြစ်တဲ့အတွက် Lowry ဟော်တယ်ကနေ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်ချထားတာပဲဖြစ်ပါတယ်။

မော်ရင်ဟိုနေရာအစားထိုးဝင်ရောက်လာခဲ့တဲ့ နည်းပြဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ ၁၆ပွဲမှာ ၁၃ပွဲအထိအနိုင်ယူထားနိုင်ခဲ့သလို ကစားသမားတစ်ယောက်အနေနဲ့ အောင်မြင်တဲ့ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ သူဟာ ပေါင် ၄သန်းတန်အိမ်ကြီးမှာ နေထိုင်ခဲ့ဖူးပါတယ်။The Sun သတင်းစာရဲ့ဖော်ပြချက်ကတော့ သူဟာ ပြီးခဲ့တဲ့နှစ်အတော်ကြာက သူနေထိုင်ခဲ့တဲ့ အိမ်ကိုရောင်းချဖို့လုပ်ဆောင်ခဲ့ဖူးတယ်လို့သိရပါတယ်။ သူဟာ မန်ချက်စတာကို ပြန်လာဖို့မရှိတော့ဘူးလို့ထင်ထားခဲ့တာကြောင့်အခုလိုအိမ်ကိုရောင်းချဖို့လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း သူဟာ အဆိုပါအိမ်ကိုဝယ်မယ့်သူကိုရှာမတွေ့ခဲ့ပါဘူး။ဒါ့ကြောင့်လည်း ၂၀၁၈ ခုနှစ်မှာဆောက်တမ်တန်ကနေပြောင်းလာတဲ့ ဗန်ဒိုက်စ်က အဆိုပါအိမ်ကိုငှားရမ်းသုံးစွဲနေတာပဲဖြစ်ပါတယ်။

” အဆိုပါအိမ်မှာ အိုလေနဲ့သူမိသားစုတွေဟာ ယူနိုက်တက်မှာအိုလေတစ်ယောက်ကစားခဲ့စဉ်အချိန်ထဲကနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။သူဟာအသင်းကနေထွက်ခွာသွားတဲ့အချိန်မှာတော့ ဒီအိမ်ကြီးကိုရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ဒီအိမ်ကို ဝယ်မယ့်သူမရှိခဲ့ပါဘူး။ဒါ့ကြောင့် လီဗာပူးလ်ဆီပြောင်းလာတဲ့ ဗန်ဒိုက်စ်က ဒီအိမ်ကိုတွေ့ပြီးသဘောကျသွားရာကနေငှားရမ်းနေထိုင်သွားတာပဲဖြစ်ပါတယ်။အိုလေးက သူဟာမန်ချက်စတာဆီပြန်လာဖို့လမ်းမရှိဘူးလို့တွေးခဲ့တဲ့ပုံပေါ်ပါတယ်။ဒါပင်မယ့်လည်း အခုတော့ အထင်နဲ့အမြင်တခြားစီဖြစ်နေပါပြီ။သူပိုင်ဆိုင်ထားဆဲဖြစ်တဲ့သူ့ရဲ့နေရာဟောင်းကို သူပြန်ပြောင်းလာဖို့မရှိတော့ပါဘူး။ယူနိုက်တက်ရဲ့ခါးသီးတဲ့ ပြိုင်ဘက်အသင်းက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်စ်ဟာ ဒီအိမ်မှာ ငှားနေတာကို သိနေတဲ့လူတွေကတော့ ပြုံးဖြဲဖြဲတွေလုပ်နေကြတာပေါ့။” လို့သတင်းထောက်ရဲ့သတင်းပို့ချက်အတိုင်းရေးသားထားတာကိုတွေ့ရပါတယ်။

အရင်နည်းပြမော်ရင်ဟိုအတိုင်းပဲ ဆိုးလ်ရှားဟာ Lowry ဟော်တယ်မှာ နေထိုင်နေဆဲဖြစ်ပါတယ်။နည်းပြဟောင်းမော်ရင်ဟိုဟာ ယူနိုက်တက်မှာ ရှိခဲ့စဉ်ကာလတစ်လေ ျှာက် Lowry ဟော်တယ်မှာပဲနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီဇင်ဘာ၁၈ရက်နေ့မှာ မော်ရင်ဟိုတစ်ယောက်အထုတ်ခံခဲ့ရပြီးနောက်သူဟာ ယူနိုက်တက်နည်းပြအဖြစ် အဆိုပါဟော်တယ်မှာ ၉၀၁ ရက်ကြာနေထိုင်ခဲ့ပါတယ်။မော်ရင်ဟိုဟာ River-Side view အခန်းမှာနေထိုင်ခဲ့ပြီး တစ်ညတည်းခိုက ပေါင်၆၀၀ ကျသင့်ကာ စုစုပေါင်း ပေါင် ၅၄၀,၆၀၀ ကုန်ကျခဲ့ပါတယ်။

ဒီအိမ်ပြဿနာထက်ပိုပြီးအရေးကြီးတာကတော့ ဒီနေ့ညမှာယူနိုက်တက်တို့ဟာ PSG အသင်းနဲ့ချန်ပီယံလိပ်ဒုကျော့ကို ကစားရဖို့ရှိနေပါတယ်။ပြင်သစ်ကလပ်ဟာ အိုထရက်ဖို့ဒ်မှာ ဝ-၂ ဖြင့်အနိုင်ယူထားတာဖြစ်ပြီးဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ အဓိကကစားသမား ၁၀ ဦးထိမပါပဲ PSG အသင်းကိုရင်ဆိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.