လန္ဒန္ဒါဘီပြဲအျပီးမွာ လူးကပ္ေတာ္ရဲရားကို သက္သာရာရေစခဲ့တဲ့ ပိုခ်က္တီနို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေျမာက္လန္ဒန္ဒါဘီမွာထုတ္ပယ္ခံခဲ့ရတဲ့ အာဆင္နယ္ကြင္းလယ္ကစားသမားေတာ္ရဲရားကို ပြဲအျပီးမွာပိုခ်က္တီနိုက စကားသြားေျပာခဲ့ပါတယ္။ေတာ္ရဲရားအေနနဲ႔ မိနစ္ကိုးဆယ္ျပည့္လို႔ထပ္ေဆာင္းအခ်ိန္ပိုမွာ ဒန္နီရို႕ကို ျပင္းျပင္းထန္ထန္ဖ်က္ထုတ္ခဲ့တာေျကာင့္ဒိုင္လူျကီး အန္တိုနီေတလာကတိုက္ရိုက္အနီကဒ္ျပထုတ္ပယ္ခဲ့တာပါ။
ဒီဆံုးျဖတ္ခ်က္ကို ေတာ္ရဲရားက မေက်မနပ္ျဖစ္ခဲ့တာပါ။အဲ့ဒီေနာက္မွာေတာ့ ဝင္ဘာေလကြင္းျကီးရဲ႕ဥမင္လိႈဏ္ေခါင္းအတြင္း ကြင္းလယ္ဒိုင္နဲ႔ထိပ္တိုက္ေတြ႔ဆံုဖို႔ ေတာ္ရဲရားကေစာင့္ေနခဲ့တာပါ။စည္းမ်ည္းေတြအရေတာ့ ပြဲအျပီးမွာ ဒိုင္လူျကီးနဲ႔ အေခ်အတင္စကားမ်ားျခင္းဟာ ကစားသမားတစ္ေယာက္အတြက္အႏၲရာယ္မ်ားလြန္းပါတယ္။ဒါေျကာင့္ပိုခ်က္တီနိုကေတာ္ရဲရားအနားခ်ည္းကပ္ျပီး စိတ္ေလ်ွာ႔ဖို႔တိုက္တြန္းခဲ့ပါတယ္။
ေဘာလံုးကိုရည္ရြယ္ျဖတ္ထုတ္ခဲ့တယ္ဆိုတာနားလည္ေျကာင္းနဲ႔အနီကဒ္ျပဒ္ဒဏ္ဟာပြဲလံုးပြဲေတြမွာျမင္ေတြ႕ေနျကအရာသာျဖစ္ေျကာင္းေျပာျပီး ေတာ္ရဲရားအေပၚစာနာမႈျပသခဲ့တာပါ။ စပါးလ္မန္ေနဂ်ာရဲ႕စကားေျကာင့္သာ ေတာ္ရဲရားအေနနဲ႔ ဆံုးျဖတ္ခ်က္ကိုျပင္ဆင္ခဲ့တာျဖစ္ျပီး ပြဲပယ္ျပစ္ဒဏ္ထပ္တိုးခ်မွတ္ခံရမယ့္အေျခအေနကေနေရွာင္လႊဲနိုင္ခဲ့ပါတယ္။တကယ္ဆိုျပိဳင္ဘက္ကစားသမား ပြဲပယ္ျပစ္ဒဏ္က်ခံရမယ့္အေရးကပိုခ်က္တီနိုအတြက္အေနသာျကီးပါ။
အခုသူ႔လုပ္ရပ္ကေတာ့ေလးစားစရာပါပဲ။ဥရုေဂြးသားေတာ္ရဲရားကေတာ့ စပါးနဲ႔လန္ဒန္ဒါဘီပထမအေက်ာ့ပြဲစဥ္မွာအထူးေျခစြမ္းျပခဲ့သူျဖစ္ျပီးကၽြဲတစ္ေကာင္လိုရုန္းအားမ်ိဳးနဲ႔အသင္းကြင္းလယ္ကိုဦးေဆာင္ခဲ့ပါတယ္။ဒါေပမယ့္အခုပြဲမွာေတာ့ပြဲထြက္ခြင့္မရခဲ့ပါဘူး။
ဒီဇင္ဘာလက စပါးကို၄-၂နဲ႔န္ိုင္တဲ့ပြဲမွာဆိုရင္ ဂိုးသြင္းအျပီး ျမက္ခင္းကိုလက္သီးနဲ႔ထိုးကာအားရပါးရေအာင္ပြဲခံခဲ့တာေျကာင့္ ေတာ္ရဲရားဂန္နားဖန္ေတြ႔ရဲ႕ ခ်စ္ျမတ္နိုးမႈကိုရခဲ့ပါေသးတယ္။သူ႔ရဲ႕အသင္းအေပၚ ခ်စ္စိတ္ျပင္းထန္မႈက အာဆင္နယ္ဖန္ေတြသေဘာက်စရာျဖစ္ျပီးအသင္းရဲ႕ အနာဂတ္ကြင္းလယ္ဗိုလ္ခ်ဳပ္အျဖစ္သတ္မွတ္ခံထားရသူပါ။
အသက္အရြယ္အရလည္း23နွစ္သာရွိေသးျပီး ေႏြရာသီကမွ ဆန္ဒိုးရီးယားကေနေျပာင္းေရြ႕လာတာပါ။ဂန္းနားတို႔အေနနဲ႔ကေတာ့ သူ႔အတြက္ ေပါင္၂၆သန္းသာသံုးစြဲခဲ့ရတာေျကာင့္ ပစၥည္းေကာင္းတစ္ခုက ေစ်းေပါေပါရလိုက္သလိုပါပဲ။ေငြေျကးအဆမတန္ေဖာင္းပြေနတဲ့ေဘာလံုးကမာၻတစ္ခုမွာေတာ့ ေတာ္ရဲရားအတြက္ေပးရတဲ့တန္ေျကးက အလြန္သင့္ျမတ္တဲ့အေျပာင္းအေရြ႕တစ္ခုဆိုတာအေသအခ်ာပါပဲ။ဒီရာသီပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးေခၚယူမႈလို႔ေတာင္ဆိုနိုင္ပါတယ္။ပရိတ္သတ္ေတြအျမင္ကေရာ လက္ရွိရာသီအတြက္ အေကာင္းဆံုးအေျပာင္းအေရြ႕ကဘယ္တစ္ေယာက္လို႔ထင္လဲ။
(Unicode)
လန်ဒန်ဒါဘီပွဲအပြီးမှာ လူးကပ်တော်ရဲရားကို သက်သာရာရစေခဲ့တဲ့ ပိုချက်တီနို
မြောက်လန်ဒန်ဒါဘီမှာထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမားတော်ရဲရားကို ပွဲအပြီးမှာပိုချက်တီနိုက စကားသွားပြောခဲ့ပါတယ်။တော်ရဲရားအနေနဲ့ မိနစ်ကိုးဆယ်ပြည့်လို့ထပ်ဆောင်းအချိန်ပိုမှာ ဒန်နီရို့ကို ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့တာကြောင့်ဒိုင်လူကြီး အန်တိုနီတေလာကတိုက်ရိုက်အနီကဒ်ပြထုတ်ပယ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကို တော်ရဲရားက မကျေမနပ်ဖြစ်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့ ဝင်ဘာလေကွင်းကြီးရဲ့ဥမင်လှိုဏ်ခေါင်းအတွင်း ကွင်းလယ်ဒိုင်နဲ့ထိပ်တိုက်တွေ့ဆုံဖို့ တော်ရဲရားကစောင့်နေခဲ့တာပါ။စည်းမျည်းတွေအရတော့ ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ အချေအတင်စကားများခြင်းဟာ ကစားသမားတစ်ယောက်အတွက်အန္တရာယ်များလွန်းပါတယ်။ဒါကြောင့်ပိုချက်တီနိုကတော်ရဲရားအနားချည်းကပ်ပြီး စိတ်လျှော့ဖို့တိုက်တွန်းခဲ့ပါတယ်။
ဘောလုံးကိုရည်ရွယ်ဖြတ်ထုတ်ခဲ့တယ်ဆိုတာနားလည်ကြောင်းနဲ့အနီကဒ်ပြဒ်ဒဏ်ဟာပွဲလုံးပွဲတွေမှာမြင်တွေ့နေကြအရာသာဖြစ်ကြောင်းပြောပြီး တော်ရဲရားအပေါ်စာနာမှုပြသခဲ့တာပါ။ စပါးလ်မန်နေဂျာရဲ့စကားကြောင့်သာ တော်ရဲရားအနေနဲ့ ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့တာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ထပ်တိုးချမှတ်ခံရမယ့်အခြေအနေကနေရှောင်လွှဲနိုင်ခဲ့ပါတယ်။တကယ်ဆိုပြိုင်ဘက်ကစားသမား ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့်အရေးကပိုချက်တီနိုအတွက်အနေသာကြီးပါ။
အခုသူ့လုပ်ရပ်ကတော့လေးစားစရာပါပဲ။ဥရုဂွေးသားတော်ရဲရားကတော့ စပါးနဲ့လန်ဒန်ဒါဘီပထမအကျော့ပွဲစဉ်မှာအထူးခြေစွမ်းပြခဲ့သူဖြစ်ပြီးကျွဲတစ်ကောင်လိုရုန်းအားမျိုးနဲ့အသင်းကွင်းလယ်ကိုဦးဆောင်ခဲ့ပါတယ်။ဒါပေမယ့်အခုပွဲမှာတော့ပွဲထွက်ခွင့်မရခဲ့ပါဘူး။
ဒီဇင်ဘာလက စပါးကို၄-၂နဲ့နိုင်တဲ့ပွဲမှာဆိုရင် ဂိုးသွင်းအပြီး မြက်ခင်းကိုလက်သီးနဲ့ထိုးကာအားရပါးရအောင်ပွဲခံခဲ့တာကြောင့် တော်ရဲရားဂန်နားဖန်တွေ့ရဲ့ ချစ်မြတ်နိုးမှုကိုရခဲ့ပါသေးတယ်။သူ့ရဲ့အသင်းအပေါ် ချစ်စိတ်ပြင်းထန်မှုက အာဆင်နယ်ဖန်တွေသဘောကျစရာဖြစ်ပြီးအသင်းရဲ့ အနာဂတ်ကွင်းလယ်ဗိုလ်ချုပ်အဖြစ်သတ်မှတ်ခံထားရသူပါ။
အသက်အရွယ်အရလည်း23နှစ်သာရှိသေးပြီး နွေရာသီကမှ ဆန်ဒိုးရီးယားကနေပြောင်းရွေ့လာတာပါ။ဂန်းနားတို့အနေနဲ့ကတော့ သူ့အတွက် ပေါင်၂၆သန်းသာသုံးစွဲခဲ့ရတာကြောင့် ပစ္စည်းကောင်းတစ်ခုက ဈေးပေါပေါရလိုက်သလိုပါပဲ။ငွေကြေးအဆမတန်ဖောင်းပွနေတဲ့ဘောလုံးကမ္ဘာတစ်ခုမှာတော့ တော်ရဲရားအတွက်ပေးရတဲ့တန်ကြေးက အလွန်သင့်မြတ်တဲ့အပြောင်းအရွေ့တစ်ခုဆိုတာအသေအချာပါပဲ။ဒီရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခေါ်ယူမှုလို့တောင်ဆိုနိုင်ပါတယ်။ပရိတ်သတ်တွေအမြင်ကရော လက်ရှိရာသီအတွက် အကောင်းဆုံးအပြောင်းအရွေ့ကဘယ်တစ်ယောက်လို့ထင်လဲ။
Post a Comment