Header Ads


ရခဲ့တဲ့ဂိုးကို ပယ္ဖ်က္ခဲ့ရံုမက VAR အကူအညီရယူၿပီးၿပိဳင္ဘက္အသင္းကိုပါပယ္နယ္တီေပးခဲ့ရတဲ့ျဖစ္ရပ္တစ္ခု

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

VAR( Video Assistant Referee) လို ့ေခၚတဲ့ဗီဒီယိုအေထာက္အကူျပဳ ဒိုင္ဟာ ပြဲထဲက ကြင္းလယ္ဒိုင္ေတြကို အေရးၾကီးဆံုးအေထာက္အပံေတြေပးေနတာျဖစ္ၿပီး VAR အကူအညီယူၿပီးဆံုးျဖတ္ခ်က္ခ်ခဲ့တာေတြက အေတာ္ေလးတိက်ေနပါတယ္။ဒါပင္မယ့္လည္း ျပႆနာအတိုအထြာေလးကေတာ့ရိွေနဆဲျဖစ္ပါတယ္။

ခ်က္ေဘာလံုးလိပ္ပြဲတစ္ပြဲမွာေတာ့ VAR နဲ့ပတ္သတ္ၿပီးမေတာ္တဆျဖစ္ရပ္ေလးတစ္ခုရိွခဲ့ပါတယ္။Bohemians နဲ Slavia Prague တို ့၂သင္းေတြ ့ဆံုတဲ့ပြဲမွာ VAR ရဲ့ ရူးေၾကာင္ေၾကာင္ျဖစ္ရပ္ကိုေတြ ့ခဲ့ရပါတယ္။ပြဲကစားခ်ိန္၂၂မိနစ္မွာေတာ့ Slavia အသင္းက သူတို ့ပယ္နယ္တီရဖို ့ဒိုင္ကိုေတာင္းဆိုခဲ့ၾကပါတယ္။ဘာလို ့လဲဆိုေတာ့ Bohemians ရဲ ့အသင္းေခါင္းေဆာင္ ဒန္နီရယ္က လူကပ္စ္ကို ပယ္နယ္တီဧရိယာအတြင္းဆြဲလွဲခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။



ဒါပင္မယ့္လည္း ကြင္းလယ္ဒုိုင္ကပြဲကို ဆက္လက္ကစားေစခဲ့ၿပီး အိမ္ရွင္အသင္းျဖစ္တဲ့ Bohemians အသင္းကေန လ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ကေန တိုက္စစ္ဆင္ခဲ့ၿပီး Antonín Vaníček ရဲ ့ေပးပို ့မႈကေနDavid Puškáč  ကအဆံုးသတ္သြင္းယူသြားခဲ့ပါတယ္။
Bohemians အသင္းထင္ထားခဲ့တာကေတာ့ သူတို ့အသင္းဟာဦးေဆာင္ဂိုးရသြားၿပီဆိုတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း သူတို ့ရဲ ့ေအာင္ပြဲခံခ်ိန္ဟာ မယံုနိုင္စရာျဖစ္ရပ္အခ်ိဳ ့ေၾကာင့္ ၾကာရွည္မခံခဲ့ရွာပါဘူး။ဒိုင္လူၾကီးကေတာ့ VAR အဆံုးအျဖတ္ကိုရယူဖို ့ဆံုးျဖတ္ခဲ့ၿပီး ပယ္နယ္တီဧရိယာအတြင္းက မေတာ္တဆျဖစ္ရပ္ကို ျပန္ၾကည့္ဖို ့ဆံုးျဖတ္ခဲ့ပါတယ္။ထို ့ေနာက္ ဒိုင္လူၾကီးက အိမ္ရွင္အသင္းရဲ ့ဂိုးကိုပယ္ဖ်က္ခဲ့ၿပီး ဧည့္သည္အသင္းကို ပယ္နယ္တီေပးဖို ့ဆံုးျဖတ္ခဲ့ပါတယ္။ အဆိုပါပယ္နယ္တီကေန  Tomáš Souček က အဖြင့္ဂိုးသြင္းယူခဲ့ၿပီး Slavia အသင္းက - ျဖင့္အနိုင္ယူသြားၿပီး ၁၉၅၁ခုနွစ္ေနာက္ပိုင္း Bohemians အသင္းကိုဂိုးအျပတ္ဆံုးနိုင္ခဲ့တာပဲျဖစ္ပါတယ္။


ဒီလိုဆင္တူျဖစ္ရပ္မ်ိဳးဟာ ၂၀၁၇ ဒတ္ခ်္ဖလားပြဲမွာလည္း ျဖစ္ပြားခဲ့ဖူးၿပီး ဖီရင္နုအသင္းဟာ Chelsea’ Feeder ကလပ္ကို ဂိုးသြင္းယူခဲ့ေသာ္လည္း အဆိုပါဂိုးကိုပယ္ဖ်က္ခဲ့ၿပီးေနာက္ ကြင္းလယ္ဒိုင္က VAR အကူအညီနဲ့တစ္ဖက္အသင္းကို ပယ္နယ္တီေပးခဲ့ပါတယ္။

VAR အေၾကာင္းလူေတြဟာေဆြးေႏြးေနၾကသလို ေနာက္ပိုင္းကစားသမားေတြဟာကြင္းထဲလိမ္လည္လွည့္ဖ်ားမႈေတြျပဳလုပ္လာေနတာေၾကာင့္ကြင္းလယ္ဒိုင္ေတြအေနနဲ့ ဆံုးျဖတ္ခ်က္အမွန္ကိုရဖို VAR ကို အမွန္တကယ္လိုအပ္ေနတာပဲျဖစ္ပါတယ္။


(Unicode)

ရခဲ့တဲ့ဂိုးကို ပယ်ဖျက်ခဲ့ရုံမက VAR အကူအညီရယူပြီးပြိုင်ဘက်အသင်းကိုပါပယ်နယ်တီပေးခဲ့ရတဲ့ဖြစ်ရပ်တစ်ခု

VAR( Video Assistant Referee) လို့ခေါ်တဲ့ဗီဒီယိုအထောက်အကူပြု ဒိုင်ဟာ ပွဲထဲက ကွင်းလယ်ဒိုင်တွေကို အရေးကြီးဆုံးအထောက်အပံတွေပေးနေတာဖြစ်ပြီး VAR အကူအညီယူပြီးဆုံးဖြတ်ချက်ချခဲ့တာတွေက အတော်လေးတိကျနေပါတယ်။ဒါပင်မယ့်လည်း ပြဿနာအတိုအထွာလေးကတော့ရှိနေဆဲဖြစ်ပါတယ်။

ချက်ဘောလုံးလိပ်ပွဲတစ်ပွဲမှာတော့ VAR နဲ့ပတ်သတ်ပြီးမတော်တဆဖြစ်ရပ်လေးတစ်ခုရှိခဲ့ပါတယ်။Bohemians နဲ့Slavia Prague တို့၂သင်းတွေ့ဆုံတဲ့ပွဲမှာ VAR ရဲ့ ရူးကြောင်ကြောင်ဖြစ်ရပ်ကိုတွေ့ခဲ့ရပါတယ်။ပွဲကစားချိန်၂၂မိနစ်မှာတော့ Slavia အသင်းက သူတို့ပယ်နယ်တီရဖို့ဒိုင်ကိုတောင်းဆိုခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ Bohemians ရဲ့အသင်းခေါင်းဆောင် ဒန်နီရယ်က လူကပ်စ်ကို ပယ်နယ်တီဧရိယာအတွင်းဆွဲလှဲခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း ကွင်းလယ်ဒိုင်ကပွဲကို ဆက်လက်ကစားစေခဲ့ပြီး အိမ်ရှင်အသင်းဖြစ်တဲ့ Bohemians အသင်းကနေ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကနေ တိုက်စစ်ဆင်ခဲ့ပြီး Antonín Vaníček ရဲ့ပေးပို့မှုကနေDavid Puškáč  ကအဆုံးသတ်သွင်းယူသွားခဲ့ပါတယ်။
Bohemians အသင်းထင်ထားခဲ့တာကတော့ သူတို့အသင်းဟာဦးဆောင်ဂိုးရသွားပြီဆိုတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း သူတို့ရဲ့အောင်ပွဲခံချိန်ဟာ မယုံနိုင်စရာဖြစ်ရပ်အချို့ကြောင့် ကြာရှည်မခံခဲ့ရှာပါဘူး။ဒိုင်လူကြီးကတော့ VAR အဆုံးအဖြတ်ကိုရယူဖို့ဆုံးဖြတ်ခဲ့ပြီး ပယ်နယ်တီဧရိယာအတွင်းက မတော်တဆဖြစ်ရပ်ကို ပြန်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ထို့နောက် ဒိုင်လူကြီးက အိမ်ရှင်အသင်းရဲ့ဂိုးကိုပယ်ဖျက်ခဲ့ပြီး ဧည့်သည်အသင်းကို ပယ်နယ်တီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါပယ်နယ်တီကနေ  Tomáš Souček က အဖွင့်ဂိုးသွင်းယူခဲ့ပြီး Slavia အသင်းက ၃-၀ ဖြင့်အနိုင်ယူသွားပြီး ၁၉၅၁ခုနှစ်နောက်ပိုင်း Bohemians အသင်းကိုဂိုးအပြတ်ဆုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုဆင်တူဖြစ်ရပ်မျိုးဟာ ၂၀၁၇ ဒတ်ချ်ဖလားပွဲမှာလည်း ဖြစ်ပွားခဲ့ဖူးပြီး ဖီရင်နုအသင်းဟာ Chelsea’ Feeder ကလပ်ကို ဂိုးသွင်းယူခဲ့သော်လည်း အဆိုပါဂိုးကိုပယ်ဖျက်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က VAR အကူအညီနဲ့တစ်ဖက်အသင်းကို ပယ်နယ်တီပေးခဲ့ပါတယ်။

VAR အကြောင်းလူတွေဟာဆွေးနွေးနေကြသလို နောက်ပိုင်းကစားသမားတွေဟာကွင်းထဲလိမ်လည်လှည့်ဖျားမှုတွေပြုလုပ်လာနေတာကြောင့်ကွင်းလယ်ဒိုင်တွေအနေနဲ့ ဆုံးဖြတ်ချက်အမှန်ကိုရဖို့VAR ကို အမှန်တကယ်လိုအပ်နေတာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.