Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(unicode)
ဗန်ဒိုက်စ်ရဲ့အပြောင်းအရွှေ့စံချိန်ကိုချိုးဖျက်ဖို့စီစဉ်နေတဲ့မန်စီးတီးအသင်း
မန်စီးတီးအသင်းဟာလက်စတာနောက်ခံလူဘင်ချင်ဝဲလ်ကိုခေါ်ယူဖို့အပြောင်းအရွှေ့စံချိန်ကိုချိုးဖျက်သွားဖွယ်ရှိနေပြီး လီဗာပူးလ်တို့နောက်ခံလူဗန်ဒိုက်စ်ကိုခေါ်ခဲ့တဲ့ဈေးထက်ပိုမိုများပြားတဲ့ပိုက်ဆံဖြင့်ကမ်းလှမ်းသွားရဖို့ရှိနေပါတယ်။
အသက်၂၂နှစ်အရွယ် ဘယ်အစွန်နောက်ခံလူဘင်ချေလ်ဝဲလ်အတွက် မန်စီးတီးတို့ဟာ ကမ္ဘာ့နောက်တန်းစံချိန်တင်ဈေးနဲ့ခေါ်ရဖို့ရှိနေပါတယ်။ချေလ်ဝဲလ်ဟာ ဒီရာသီမှာ လက်စတာအသင်းအတွက်ပုံစံကောင်းတွေပြသနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိပ်၁ပွဲသာလွဲချော်ထားတာပဲဖြစ်ပါတယ်။
King Power အသင်းမှာ အကောင်းဆုံးပုံစံပြနေတဲ့ ချေလ်ဝဲလ်တစ်ယောက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားထားပြီး The telegrap ရဲ့အဆိုအရ မန်စီးတီးအသင်းမှာဒဏ်ရာခဏခဏရနေတဲ့ မန်ဒီကို နည်းပြပတ်ဂွာဒီယိုလာတစ်ယောက်စိတ်ပျက်နေပြီးနောက်ထပ်ဘယ်နောက်ခံလူသစ်တစ်ယောက်ကိုအလိုရှိနေတာပဲဖြစ်ပါတယ်။မန်ဒီဟာ ၂၀၁၇ ခုနှစ်မှာမိုနာကိုအသင်းနေ ပေါင်၅၂သန်းဖြင့်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိပ်၁၆ပွဲသာပွဲထွက်ကစားရသေးတာပဲဖြစ်ပါတယ်။ချေလ်ဝဲလ်ဟာ လက်စတာအသင်းနဲ့၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီး လီဗာပူးလ်တို့ဗန်ဒိုက်စ်ကို ခေါ်စဉ်တုန်းက ပေါင်၇၅သန်းပေးချေခဲ့ရတဲ့တန်ဖိုးထက် စီးတီးတို့ပိုမိုပေးချေသွားရမှာပဲဖြစ်ပါတယ်။
နယ်သာလန်နောက်ခံလူဟာ ၂၀၁၈ခုနှစ်က ဆောက်တမ်တန်ကနေပြောင်းရွှေ့လာပြီးနောက်ပိုင်း ကမ္ဘာ့ဈေးအကြီးဆုံးနောက်တန်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။စီးတီးတို့ဟာ ပြီးခဲ့တဲ့နွေရာသီက မာရက်ဇ်ကိုခေါ်ယူခဲ့သလိုမျိုး ချေလ်ဝဲလ်ကိုခေါ်ယူရဖို့ရှိနေပါတယ်။ကလပ်ဟာ လက်စတာစီးတီးကို ပေါင်သန်း၆၀ဖြင့်မပေးမချေရသေးခင်အထိမာရက်ဇ်ကိုဆွဲဆောင်ခဲ့ရပါတယ်။စီးတီးတို့ဟာအရင်တုန်းကလည်း နောက်ခံလူတွေအတွက်ဈေးများများပေးခဲ့ရပြီး ဝေါလ်ကာနဲ့မန်ဒီတို့အတွက်ပေါင် ၅၄သန်း၊၅၂သန်းတို့ကိုပေးချေခဲ့ရတာပဲဖြစ်ပါတယ်။
Post a Comment