Header Ads


ၿပီးခဲတဲ့၃လေလာက္ကမွယူနိုက္တက္ယူ၂၃အသင္းနဲ ့PSGအသင္းကိုကစားခဲ့တဲ့မက္တိုမီေနးလ္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္ကြင္းလယ္လူစေကာ့မက္တိုမီေနးဟာ မေန ့ညက PSG အသင္းနဲ ့ခ်န္ပီယံလိပ္ပြဲမွာေျခစြမ္းျပကစားခဲ့ၿပီး ခ်ီးက်ဴးခံခဲ့ရတဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။အသက္၂၂နွစ္သာရိွေသးတဲ့ယူနိုက္တက္ကြင္းလယ္လူဟာ ပြဲထြက္၁၁ေယာက္စာရင္းမွာပါ၀င္ခဲ့ၿပီးသူ ့ရဲ ့အသင္းအတြက္အေကာင္းဆံုးကစားေပးခဲ့ပါတယ္။

PSG နဲ ့ပြဲမွာ မက္တိုမီေနးဟာ Final Third ဇုန္အတြင္းေပးပို ့မႈ၁၀၀ %ထိတိက်ခဲ့ၿပီး ၉၆.% အထိေပးပို ့မႈစြမ္းရည္ေကာင္းရရိွခဲ့ပါတယ္။စေကာတလန္လက္ေရြးစင္ကြင္းလယ္လူဟာ ျဖတ္ထုတ္မႈေပါင္း ၅ၾကိမ္ကိုေအာင္ေအာင္ျမင္ျမင္လုပ္ျပနိုင္ခဲ့ၿပီး ေဘာလံုးဟန္ ့တားမႈ ၄ၾကိမ္အျပင္ ၾကားျဖတ္ေတာက္မႈတစ္ၾကိမ္တို ့ကိုလုပ္ျပနိုင္ခဲ့ပါတယ္။မေန ့ညကပြဲမွာသူရဲေကာင္းေတြျဖစ္ခဲ့ၾကတဲ့လူကာကူနဲ ့ယူနိုက္တက္အသင္းမွာ ပထမဆံုးပယ္နယ္တီကိုအေကာင္းဆံုးသြင္းျပနိုင္ခဲ့တဲ့ရပ္ဖို ့ဒ္တို ့အေပၚအမ်ားစုကအာရံုစိုက္ခဲ့ၾကေသာ္လည္း ပါရီျမိဳ ့ကမဟာေအာင္ပြဲရဲ ့ကန္လန္ ့ကာေနာက္ကြယ္က လူစြမ္းေကာင္းမက္တိုမီေနးကိုအခုခ်ိန္မွာေတာ့ခ်ီးက်ဴးေနၾကတာပဲျဖစ္ပါတယ္။


ဒါ့အျပင္အဆိုပါယူနိုက္တက္ကစားသမားေလးဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီလကမွ PSG နဲ့ေတြ ့ဆံုတဲ့ ပရီးမီးယားလိပ္အင္တာေနရွင္နယ္ဖလားပြဲမွာ သရဲနီရဲ ့ယူ၂၃အသင္းမွာပါ၀င္ကစားခဲ့ၿပီးအဖြင့္ဂိုးသြင္းယူေပးခဲ့ပါတယ္။ၿပီးခဲ့တဲ့လတုန္းက ယူနိုက္တက္ယာယီနည္းျပအိုေလးဂန္နာဆိုးလ္ရွားဟာ လီဗာပူးလ္နဲ ့ပြဲက မက္တိုမီေနးရဲ ့စြမ္းေဆာင္ရည္ကိုခ်ီးက်ဴးေျပာၾကားခဲ့ၿပီး သရဲနီတို ့ရဲ ့ၾကယ္ပြင့္ေဟာင္းကြင္းလယ္လူဒါရင့္ဖလက္ခ်ာနဲ ့ခိုင္းနိႈင္းေျပာဆိုသြားခဲ့ပါတယ္။


ကၽြန္ေတာ္ စေကာ့မက္တိုမီေနးဆီက အမ်ားၾကီးေလ့လာခဲ့ပါတယ္။သူ ့ကို တိုက္စစ္ေနရာမွာအခြင့္အေရးေပးဖို ့ကၽြန္ေတာ္ေစာင့္ေနတာပါ။သူဟာ box အတြင္းကိုဆြဲေျပးနိုင္တဲ့ကစားသမားတစ္ဦးပါ။အႏၱရာယ္ရိွတဲ့ကစားသမားတစ္ေယာက္ပါ။ကၽြန္ေတာ္တို ့အတြက္ေတာ့ သူဟာ ဒါရင္ဖလက္ခ်ာေနာက္တစ္ေယာက္ထပ္ရလိုက္သလို္ပါပဲ။လို ့ေျပာၾကားခဲ့ဖူးပါတယ္။


ယူနိုက္တက္ခ်န္ပီယံလိပ္မွာဘယ္ေလာက္အထိခရီးေပါက္နိုင္သလဲ? 

(Unicode)


ပြီးခဲတဲ့၃လလောက်ကမှယူနိုက်တက်ယူ၂၃အသင်းနဲ့PSGအသင်းကိုကစားခဲ့တဲ့မက်တိုမီနေးလ်

ယူနိုက်တက်ကွင်းလယ်လူစကော့မက်တိုမီနေးဟာ မနေ့ညက PSG အသင်းနဲ့ချန်ပီယံလိပ်ပွဲမှာခြေစွမ်းပြကစားခဲ့ပြီး ချီးကျူးခံခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။အသက်၂၂နှစ်သာရှိသေးတဲ့ယူနိုက်တက်ကွင်းလယ်လူဟာ ပွဲထွက်၁၁ယောက်စာရင်းမှာပါဝင်ခဲ့ပြီးသူ့ရဲ့အသင်းအတွက်အကောင်းဆုံးကစားပေးခဲ့ပါတယ်။

PSG နဲ့ပွဲမှာ မက်တိုမီနေးဟာ Final Third ဇုန်အတွင်းပေးပို့မှု၁၀၀ %ထိတိကျခဲ့ပြီး ၉၆.၂% အထိပေးပို့မှုစွမ်းရည်ကောင်းရရှိခဲ့ပါတယ်။စကောတလန်လက်ရွေးစင်ကွင်းလယ်လူဟာ ဖြတ်ထုတ်မှုပေါင်း ၅ကြိမ်ကိုအောင်အောင်မြင်မြင်လုပ်ပြနိုင်ခဲ့ပြီး ဘောလုံးဟန့်တားမှု ၄ကြိမ်အပြင် ကြားဖြတ်တောက်မှုတစ်ကြိမ်တို့ကိုလုပ်ပြနိုင်ခဲ့ပါတယ်။မနေ့ညကပွဲမှာသူရဲကောင်းတွေဖြစ်ခဲ့ကြတဲ့လူကာကူနဲ့ယူနိုက်တက်အသင်းမှာ ပထမဆုံးပယ်နယ်တီကိုအကောင်းဆုံးသွင်းပြနိုင်ခဲ့တဲ့ရပ်ဖို့ဒ်တို့အပေါ်အများစုကအာရုံစိုက်ခဲ့ကြသော်လည်း ပါရီမြို့ကမဟာအောင်ပွဲရဲ့ကန်လန့်ကာနောက်ကွယ်က လူစွမ်းကောင်းမက်တိုမီနေးကိုအခုချိန်မှာတော့ချီးကျူးနေကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင်အဆိုပါယူနိုက်တက်ကစားသမားလေးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ PSG နဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိပ်အင်တာနေရှင်နယ်ဖလားပွဲမှာ သရဲနီရဲ့ယူ၂၃အသင်းမှာပါဝင်ကစားခဲ့ပြီးအဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပြီးခဲ့တဲ့လတုန်းက ယူနိုက်တက်ယာယီနည်းပြအိုလေးဂန်နာဆိုးလ်ရှားဟာ လီဗာပူးလ်နဲ့ပွဲက မက်တိုမီနေးရဲ့စွမ်းဆောင်ရည်ကိုချီးကျူးပြောကြားခဲ့ပြီး သရဲနီတို့ရဲ့ကြယ်ပွင့်ဟောင်းကွင်းလယ်လူဒါရင့်ဖလက်ချာနဲ့ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။

” ကျွန်တော် စကော့မက်တိုမီနေးဆီက အများကြီးလေ့လာခဲ့ပါတယ်။သူ့ကို တိုက်စစ်နေရာမှာအခွင့်အရေးပေးဖို့ကျွန်တော်စောင့်နေတာပါ။သူဟာ box အတွင်းကိုဆွဲပြေးနိုင်တဲ့ကစားသမားတစ်ဦးပါ။အန္တရာယ်ရှိတဲ့ကစားသမားတစ်ယောက်ပါ။ကျွန်တော်တို့အတွက်တော့ သူဟာ ဒါရင်ဖလက်ချာနောက်တစ်ယောက်ထပ်ရလိုက်သလိုပါပဲ။” လို့ပြောကြားခဲ့ဖူးပါတယ်။

ယူနိုက်တက်ချန်ပီယံလိပ်မှာဘယ်လောက်အထိခရီးပေါက်နိုင်သလဲ? 

No comments

Powered by Blogger.