Header Ads


ခ်န္ပီယံလိဂ္ပထမအေက်ာ့က PSGကိုရံႈးနိမ့္အျပီးအင္တာဗ်ဴးမွာ ဆိုးရွားဘယ္လိုတုန္႔ျပန္ခဲ့သလဲ?

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့အိုးထရက္ဖို႔ဒ္မွာ ယူနိုက္တက္အသင္းဟာ ဆိုးရွားလက္ထက္ပထမဆံုးရံႈးပြဲျကံုေတြ႕ခဲ့ပါတယ္။ဒါေျကာင့္ပြဲအျပီးဆိုးရွားရဲ႕အင္တာဗ်ဴးကို စိတ္ဝင္စားမႈျမင့္တက္ခဲ့ပါတယ္။ဒီလိုအက်ပ္အတည္းထဲမွာဆိုးရွားဘယ္လိုတုန္႕ျပန္ခဲ့တယ္ထင္သလဲ။

ပထမအေက်ာ့ကPSG ဟာ အိုးထရက္ဖို႔ဒ္ခရီးစဥ္အတြက္ အေသအခ်ာျပင္ဆင္လာခဲ့ျပီး ပြဲခ်ိန္အတြင္းမွာလည္းအလုပ္ျဖစ္ခဲ့ပါတယ္။ဗာရက္တီက ကြင္းလယ္ကိုေမာင္နွင္းေပးခဲ့ျပီး ဘာေပနဲ႔ဒီမာရီယာက ဆယ္မွတ္မွာကိုးမွတ္ေပးလို႕ရမယ့္ ေျခစြမ္းမ်ိဳးျပသခဲ့ပါတယ္။ဒါ့အျပင္ သီယာဂိုေဆးဗားတို႔အုပ္စုကလည္း ယူနိုက္တက္တိုက္စစ္ကိုလႈပ္မရေအာင္ ထိမ္းထားနိုင္ခဲ့လို႔ သရဲနီတို႔အိမ္ကြင္းမွာ ဆိုးဆိုးရြားရြားရံႈးခဲ့တာပါ။ပြဲအျပီးမွာေတာ့ ဆိုးရွားက ယူနိုက္တက္ဟာ ဘယ္ေတာ့မွ လြယ္လြယ္အရံႈးမေပးတက္ေျကာင္းနဲ႔ ဒုတိယအေက်ာ့မွျပန္လာနိုင္လိမ့္မယ္လို႔ျကံဳးဝါးခဲ့ပါတယ္။


ဆိုးရွားက''ေတာင္ျကီးဖဝါးေအာက္ဆိုတဲ့စကားရွိပါတယ္။က်ေနာ္တို႔အရံႈးမေပးေသးလို႔ပြဲမျပီးေသးပါဘူး။ဒုတိယအေက်ာ့မွာ ပဲရစ္ကိုသြားမယ္။ျပီးေတာ့ ဒီေန႔ပြဲကထက္ပိုေကာင္းတဲ့ေျခစြမ္းမ်္ိဳးနဲ႔ရင္ဆိုင္သြားတာေပါ့''လို႔ဆိုခဲ့တာပါ။ဒီအင္တာဗ်ဴးကိုျပန္ျကည့္ရင္ ဆိုးရွားဟာေသြးေအးေအးနဲ႔ကစားသမားေတြကို ယံုျကည္ခ်က္မေသဆံုးေအာင္လုပ္ေပးနိုင္ခဲ့တယ္ဆိုတာထင္ရွားပါတယ္။ဒုတိယအေက်ာ့မွာေတာ့ ပရိတ္သတ္အခ်ိဳ႕ထင္ေနတဲ့ မျဖစ္နိုင္ဘူးဆိုတဲ့စိန္ေခၚမႈျကီးကို ေျဖရွင္းကို ဆိုးရွားရဲ႕အသင္းပဲရစ္ကိုသြားခဲ့ပါတယ္။ဘာဆက္ျဖစ္လဲေတာ့အားလံုးသိတဲ့အတိုင္းေပါ့။အခုဆိုရင္ မန္ယူနိုက္တက္ဟာခ်န္ပီယံလိဂ္သမိုင္းမွာ အိမ္ကြင္း၂ဂိုးျပတ္အရံႈးကေန ျပန္လာနိုင္တဲ့ပထမဆံုးအသင္းဆိုတဲ့မွတ္တမ္းနဲ႔ ကြာတားတက္သြားပါျပီ။



PSGကို3-1နဲ႔အနိုင္ယူျပီးေနာက္အင္တာဗ်ဴးမွာေတာ့ဆိုးရွားက''ဒါက်ေနာ္တို႔လုပ္နိုင္တဲ့အရာပါ။ျပီးေတာ့ ဒါက မန္ခ်က္စတာယူနိုက္တက္ပါ'''လို႔ဝင့္ျကြားစြာေျပာဆိုသြားပါတယ္။ဆက္လက္ျပီး''က်ေနာ္တို႔ျဖစ္တဲ့နည္းနဲ႔ေရွ႕ဆက္သြားမွာပါ။အခုက်ေနာ္တို႔အားလံုးမွာ စိတ္ကူးေကာင္းေတြရွိေနပါျပီ။အရင္ဆံုးမဲခြဲမႈရလဒ္ကိုေစာင့္မယ္။ျပီးရင္အဲ့ဒီအသင္းနဲ႔သြားေတြ႕ျကတာေပါ့။ဒီညကေတာ့ တကယ့္မန္ခ်က္စတာယူနိုက္တက္ရဲ႕ညပါပဲ။က်ေနာ္တို႔ပြဲျကိဳအစီစဥ္အတိုင္းေကာင္ေလးေတြကရည္ရြယ္ခ်က္အထေျမာက္ေအာင္စြမ္းေဆာင္နိုင္ခဲ့တယ္။အခုဆိုလူတိုင္းဂုဏ္ယူေနျကပါျပီ။က်ေနာ့္ကစားသမားေတြတကယ္ေတာ္ျကပါတယ္။သူတို႔ကထရိန္နင္ကြင္းမွာသင္ျကားသမ်ွကိုေသခ်ာအာရံုစိုက္နားေထာင္ျကတယ္။ျပီးေတာ့ကြင္းထဲဝင္ျပီး ခံစစ္ကိုအေကာင္းဆံုးကစားခဲ့ျကတယ္။ယူနိုက္တက္မွာ အရည္ေသြးျမင့္လူငယ္ေတြမ်ားစြာပိုင္ဆိုင္ထားပါတယ္။''လို႕ဆိုးရွားကေျဖျကားသြားခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္ကေတာ့ ပဲရစ္ေျမမွာ သမိုင္းသစ္တစ္ခုေရးထိုးနိုင္ခဲ့ပါျပီ။

(Unicode)

ချန်ပီယံလိဂ်ပထမအကျော့က PSGကိုရှုံးနိမ့်အပြီးအင်တာဗျူးမှာ ဆိုးရှားဘယ်လိုတုန့်ပြန်ခဲ့သလဲ?

ချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်အသင်းဟာ ဆိုးရှားလက်ထက်ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ဒါကြောင့်ပွဲအပြီးဆိုးရှားရဲ့အင်တာဗျူးကို စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ဒီလိုအကျပ်အတည်းထဲမှာဆိုးရှားဘယ်လိုတုန့်ပြန်ခဲ့တယ်ထင်သလဲ။

ပထမအကျော့ကPSG ဟာ အိုးထရက်ဖို့ဒ်ခရီးစဉ်အတွက် အသေအချာပြင်ဆင်လာခဲ့ပြီး ပွဲချိန်အတွင်းမှာလည်းအလုပ်ဖြစ်ခဲ့ပါတယ်။ဗာရက်တီက ကွင်းလယ်ကိုမောင်နှင်းပေးခဲ့ပြီး ဘာပေနဲ့ဒီမာရီယာက ဆယ်မှတ်မှာကိုးမှတ်ပေးလို့ရမယ့် ခြေစွမ်းမျိုးပြသခဲ့ပါတယ်။ဒါ့အပြင် သီယာဂိုဆေးဗားတို့အုပ်စုကလည်း ယူနိုက်တက်တိုက်စစ်ကိုလှုပ်မရအောင် ထိမ်းထားနိုင်ခဲ့လို့ သရဲနီတို့အိမ်ကွင်းမှာ ဆိုးဆိုးရွားရွားရှုံးခဲ့တာပါ။ပွဲအပြီးမှာတော့ ဆိုးရှားက ယူနိုက်တက်ဟာ ဘယ်တော့မှ လွယ်လွယ်အရှုံးမပေးတက်ကြောင်းနဲ့ ဒုတိယအကျော့မှပြန်လာနိုင်လိမ့်မယ်လို့ကြုံးဝါးခဲ့ပါတယ်။

ဆိုးရှားက''တောင်ကြီးဖဝါးအောက်ဆိုတဲ့စကားရှိပါတယ်။ကျနော်တို့အရှုံးမပေးသေးလို့ပွဲမပြီးသေးပါဘူး။ဒုတိယအကျော့မှာ ပဲရစ်ကိုသွားမယ်။ပြီးတော့ ဒီနေ့ပွဲကထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးနဲ့ရင်ဆိုင်သွားတာပေါ့''လို့ဆိုခဲ့တာပါ။ဒီအင်တာဗျူးကိုပြန်ကြည့်ရင် ဆိုးရှားဟာသွေးအေးအေးနဲ့ကစားသမားတွေကို ယုံကြည်ချက်မသေဆုံးအောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်။ဒုတိယအကျော့မှာတော့ ပရိတ်သတ်အချို့ထင်နေတဲ့ မဖြစ်နိုင်ဘူးဆိုတဲ့စိန်ခေါ်မှုကြီးကို ဖြေရှင်းကို ဆိုးရှားရဲ့အသင်းပဲရစ်ကိုသွားခဲ့ပါတယ်။ဘာဆက်ဖြစ်လဲတော့အားလုံးသိတဲ့အတိုင်းပေါ့။အခုဆိုရင် မန်ယူနိုက်တက်ဟာချန်ပီယံလိဂ်သမိုင်းမှာ အိမ်ကွင်း၂ဂိုးပြတ်အရှုံးကနေ ပြန်လာနိုင်တဲ့ပထမဆုံးအသင်းဆိုတဲ့မှတ်တမ်းနဲ့ ကွာတားတက်သွားပါပြီ။

PSGကို3-1နဲ့အနိုင်ယူပြီးနောက်အင်တာဗျူးမှာတော့ဆိုးရှားက''ဒါကျနော်တို့လုပ်နိုင်တဲ့အရာပါ။ပြီးတော့ ဒါက မန်ချက်စတာယူနိုက်တက်ပါ'''လို့ဝင့်ကြွားစွာပြောဆိုသွားပါတယ်။ဆက်လက်ပြီး''ကျနော်တို့ဖြစ်တဲ့နည်းနဲ့ရှေ့ဆက်သွားမှာပါ။အခုကျနော်တို့အားလုံးမှာ စိတ်ကူးကောင်းတွေရှိနေပါပြီ။အရင်ဆုံးမဲခွဲမှုရလဒ်ကိုစောင့်မယ်။ပြီးရင်အဲ့ဒီအသင်းနဲ့သွားတွေ့ကြတာပေါ့။ဒီညကတော့ တကယ့်မန်ချက်စတာယူနိုက်တက်ရဲ့ညပါပဲ။ကျနော်တို့ပွဲကြိုအစီစဉ်အတိုင်းကောင်လေးတွေကရည်ရွယ်ချက်အထမြောက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်။အခုဆိုလူတိုင်းဂုဏ်ယူနေကြပါပြီ။ကျနော့်ကစားသမားတွေတကယ်တော်ကြပါတယ်။သူတို့ကထရိန်နင်ကွင်းမှာသင်ကြားသမျှကိုသေချာအာရုံစိုက်နားထောင်ကြတယ်။ပြီးတော့ကွင်းထဲဝင်ပြီး ခံစစ်ကိုအကောင်းဆုံးကစားခဲ့ကြတယ်။ယူနိုက်တက်မှာ အရည်သွေးမြင့်လူငယ်တွေများစွာပိုင်ဆိုင်ထားပါတယ်။''လို့ဆိုးရှားကဖြေကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ပဲရစ်မြေမှာ သမိုင်းသစ်တစ်ခုရေးထိုးနိုင်ခဲ့ပါပြီ။

No comments

Powered by Blogger.