Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဒီရာသီချန်ပီယံလိပ်ဖလားရဖို့ရည်မှန်းထားတဲ့မန်ချက်စတာယူနိုက်တက်
ဒီသုံးသပ်ချက်ဟာ ယူနိုက်တက်အသင်းရဲ့ချန်ပီယံလိဂ်မှတ်တမ်းသမိုင်း ယခုနှစ်ရာသီချန်ပီယံလိဂ်မှတ်တမ်း ဘောလုံးကျွမ်းကျင်သူများရဲ့သုံးသပ်ဝေဖန်ချက်တွေကိုစုပေါင်းပြီး လေ့လာသုံးသပ်ပြီးခန့်မှန်းထားတဲ့သုံးသပ်ချက်တစ်ခုဖြစ်ပြီးယူနိုက်တက်အသင်းအနေနှင့်မက်ဒရစ်မှာကျင်းပမည့်ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်မည်လို့ဆိုကြပါတယ်။
ဒီလိုအချိန် ပြီးခဲ့တဲ့အပတ်အထိယူနိုက်တက်အသင်းချန်ပီယံလိဂ်ဖလားရနိုင်တဲ့အခွင့်အရေးရှိသေးတယ်လို့မည်သူတစ်ဦးတစိယောက်မှ မထင်မှတ်ခန့်မှန်းခြင်းမရှိခဲ့ပါဘူး။နည်းပြဆိုးရှားရဲ့လက်အောက်မှာရှိနေတဲ့ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မှာ PSGအသင်းကို အံ့သြသင့်ဖွယ်အနိုင်ယူကာ ကွားတာဖိုင်နယ်အဆင့်ကိုတက်ရောက်လာခဲ့ပါတယ်။ယူနိုက်တက်အသင်းကပထမအကျော့အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီး ဒုတိယ အကျော့မှာပြန်လည်အနိုင်ယူကာတက်ရောက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ပထမအကျော့မှာ ၂ဂိုးပေးပြီး ဒုတိယအကျော့မှာ လူုကာကူရဲ့ဂိုး၂ဂိုးနှင့် ရက်ရှ်ဖို့ဒ်ရဲ့နောက်ကျပင်နယ်တီအပါအဝင် ၃ဂိုးသွင်းကာအနိုင်ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲအခြေအနေကတော့အင်အားနည်းအရေးနိမ့်တဲ့အခြေအနေကနေဝေးကွာလာပြီး အနေအထားတစ်ခုထိခြေစွမ်းမှန်လာကာ အသင်းရဲ့သမိုင်းကြောင်းနှင့်လက်ရှိရပ်တည်နေတဲ့အဆင့်တို့ကလည်းစကားအများကြီးပြောလာပြီဖြစိပါတယိ။
မည်သို့ဆိုစေကာမူ အိုလေဂန်းနားဆိုးရှားရဲ့ယူနိုကိတကိအသင်းဟာ၂၀၀၈နောက်ပိုင်းပထမဦးဆုံးအကြိမ်ချနိပီယံလိဂ်ဖလားပြန်လည်ရယူဖို့အကောင်းဆုံးအခြေအနေခြေစွမ်းလည်းရရှိနေပြီဖြစ်ပါတယ်။
ဒါကိုသင်ယုံကြည်ပါသလား??? ကဲသက်သေတွေကြည့်လိုက်ကြရအောင်
၂၀၀၇ခုနှစ်က လီဗာပူးလ်အသင်းချန်ပီယံလိဂ်ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီးနောက်နှစ်ယူနိုက်တက်အသင်းက ချန်ပီယံလိဂ် ဖိုင်နယ်မှာချဲလ်ဆီးအသင်းကိုအနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ဖိုင်နယ်မှာလီဗာပူးလ်အသင်းကရီးရဲလ်မက်ဒရစ်အသင်းကိုရှူံးနိမ့်ထားပါတယ်။
ဒီအချက်တွေကသင်ကိုကျေနပ်တဲ့သက်သေတွေဖြစ်စေပြီလား?
ကဲဆက်ကြည့်ရအောင် ၂၀၁၆ခုနှစ်မှာလီဗာပူးလ်အသင်းက ယူရိုပါလိဂ်ဖိုင်နယ်မှာ ဆီဗီလာအသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်နှစ် ၂၀၁၇ခုနှစ်မှာ ယူနိုက်တက်အသင်းက ယူရိုပါလိဂ်ဖလားရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ချနိပီယံလိဂ်ဖိုငိနယ်မှာလီဗာပူးလ်အသင်းရှူံးနိမ့်ခဲ့တာကြောင့်ယူနိုက်တက်အသင်းသေချာသလောက်ဗိုလ်စွဲဖို့များနေပါတယိ။
သမိုင်းကြောင်းက ဒီနှစ်သင်းပေါ်မူတည်ပြီးသုံးသပ်ထားခြင်းမဟုတ်ပါဘူး။ယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြ ဖာဂူဆန်ရဲ့ဦးဆောင်မှုအောက်မှာဘိုင်ယနိမြူးနစ်အသင်းကို မှော်ဆန်ဆန်အနိုငိယူကာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။၁၉၉၈ကမ္ဘာဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းက ဆုဖလားရရှိခဲ့ပါတယ်။နှစ်ပေါင်း၂၀အကြာ ၂၀၁၈ခုနှစ်ရုရှားမှာကျင်းပခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကဗိုလ်စွဲထားခဲ့ပါတယ်။
၁၉၉၉ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းက ဂျူဗင်တပ်အသင်းကို မထင်မှတ်ထားတဲ့ခြေစွမ်းနှင့် ဒုတိယအကျော့မှာအနိုင်ယူကာဗိုလ်လုပွဲကိုရောက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်မှာယူနိုကိတက်အသင်းကနောက်တစ်ကြိမ်ထပ်မံလုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကြည့်ကြည့်ပါ ကျွန်တောိတို့စည်းမျည်းချသုံးသပ်တာမလုပ်ပါဘူး။ကျွန်တော်တို့ရိုးရိုးရှင်းရှင်းဝေမျှသုံးသပ်ခြင်းဖြစ်ပါတယ်။
Post a Comment