အယူခံတင္ထားတဲ့အခ်ိန္အတြင္းခ်ဲလ္ဆီးတို ့ကိုလူ၀ယ္ခြင့္FIFA ကဘာလို ့မေပးတာလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းဟာ ၂ရာသီအေျပာင္းအေရႊ ့ပိတ္ပင္ခံခဲ့ရတာနဲ့ပတ္သတ္ၿပီး အယူခံ၀င္သြားဖို ့ရိွေနပါတယ္။ဒါပင္မယ့္လည္း FIFA ရဲ ့ဥပေဒအရ အယူခံတင္ထားတဲ့အခ်ိန္မွာ လူ၀ယ္ခြင့္ေပးမွာမဟုတ္ပါဘူူး။FIFA ဟာ အေျပာင္းအေရႊ ့လူ၀ယ္ခြင့္မပိတ္ခင္ေပါင္းသန္း၂၀၀သံုးမယ့္ခ်ဲလ္ဆီးရဲ ့အၾကံညဏ္ကိုၾကိဳသိထားေနပါတယ္။ခ်ဲလဆီးအသင္းဟာ လူငယ္ကစားသမား၂၉ ဦးေခၚယူတဲ့ေနရာမွာမသမာတဲ့နည္းနဲ ့ေခၚခဲ့တာေၾကာင့္ FIFA ကအခုလိုအျပစ္ဒဏ္ခ်မွတ္ခံခဲ့ရကာ ျပစ္ဒဏ္ခ်မယ့္ရက္ကိုေနွာင့္ေနွးေအာင္လုပ္ဖို ့ရိွေနပါတယ္။
ဒါပင္မယ့္လည္း FIFA ရဲ့စည္းမ်ဥ္းအရ အယူခံ၀င္တဲ့အခ်ိန္ထဲက အေျပာင္းအေရႊ ့ပိတ္ပင္တာဟာအက်ံဳး၀င္ေနၿပီပဲျဖစ္ပါတယ္။ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္နဲ ့အက္တလက္တီကိုမက္ဒရစ္တုိ ့ဟာအလားတူျပစ္ဒဏ္မ်ိဳးခ်မွတ္ခံခဲ့ရဖူးတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း အယူခံ၀င္တဲ့အခ်ိန္အတြင္းမွာ သူတို ့အသင္းဟာလူ၀ယ္ခြင့္ရခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာတနလၤာေန ့မတိုင္ခင္အထိ အယူခံစာတင္ရဖို ့ရိွေနၿပီးအကယ္၍ သူတို ့ဟာမတင္ပဲထားထားပါက အေျပာင္းအေရႊ့ပိတ္ပင္မႈကိုေနွာင့္ေနွးထားသလိုျဖစ္ကာ ဒီေႏြရာသီမွာေငြသံုးသြားရဖို ့ေမ ွ်ာ္လင့္ေနပါတယ္။FIFA ရဲ့အယူခံ၀င္ျခင္းဆိုင္ရာဥကၠဌေသာမတ္စ္ဘို ့ဒ္စတုန္းက ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ ့ပိတ္ပင္မႈကိုေနွာင့္ေနွးေအာင္လုပ္ေနသလားဆံုးျဖတ္သြားဖို ့ရိွေနပါတယ္။
FIFA ရဲ့အရင္းအျမစ္တစ္ခုကေန သိရသေလာက္ကေတာ့ ” စပိန္ကလပ္ေတြကိုအယူခံ၀င္ဖို ့လက္ခံခဲ့ပါတယ္။ဘာလို ့လဲဆိုေတာ့ အေျပာင္းအေရႊ ့အျပဳအမူနဲ ့ပတ္သတ္ၿပီး အသစ္ျဖစ္ေနခဲ့လို ့ပါ။အခုေတာ့ သူတို ့ကိုအခုခ်ိန္မွာ အားကစားခံုရံုကေနအတည္ျပဳသြားတာမို ့လို ့ပါ။ခ်ဲလ္ဆီးအသင္းကေတာ့ အရင္အသင္းေတြလိုမဟုတ္ပဲဥပေဒကိုလက္တစ္လံုးျခားလုပ္ဦးမွာလားေစာင့္ၾကည့္ရမွာပါ။”
ရီးရဲလ္မန္ေနဂ်ာေဟာင္းဇီဒန္းကို လက္ရိွနည္းျပဆာရီေနရာအစားထိုးထို ့ျပင္ဆက္ေနၿပီးအဆိုပါျပင္သစ္နည္းျပကိုရရိွဖို ့ေပါင္သန္း၂၀၀ေလာက္သံုးစြဲရဖို ့ရိွေနပါတယ္။ခ်ဲလ္ဆီးအသင္းဟာအေျပာင္းအေရႊ ့၂ရာသီပိတ္ပင္ခံခဲ့ရၿပီး ေပါင္၄သိန္း၆ေသာင္းကို ၿပီးခဲ့တဲ့လကဒဏ္ေငြေဆာင္ခဲ့ရပါတယ္။FIFA ကျပည္ပလူငယ္ကစားသမားေတြကိုေခၚယူတဲ့ေနရာမွာသမာမႈရိွလားစံုစမ္းခဲ့တာျဖစ္ပါတယ္။တကယ္လို ့ဒီရာသီမွာသာလူ၀ယ္ခြင့္မရပါကခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ ့စတားဟာဇက္ကို အလြတ္ေျပာင္းေရႊ ့ေၾကးျဖင့္လက္လႊတ္ရဖို ့ရိွၿပီး အစားထိုးနိုင္မယ့္ကစားသမားမပါဘဲနဲ ့လာမယ့္ရာသီကိုဆက္လက္ကစားသြားရေတာ့မွာပဲျဖစ္ပါတယ္။
(Unicode)
အယူခံတင်ထားတဲ့အချိန်အတွင်းချဲလ်ဆီးတို့ကိုလူဝယ်ခွင့်FIFA ကဘာလို့မပေးတာလဲ?
ချဲလ်ဆီးအသင်းဟာ ၂ရာသီအပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရတာနဲ့ပတ်သတ်ပြီး အယူခံဝင်သွားဖို့ရှိနေပါတယ်။ဒါပင်မယ့်လည်း FIFA ရဲ့ဥပဒေအရ အယူခံတင်ထားတဲ့အချိန်မှာ လူဝယ်ခွင့်ပေးမှာမဟုတ်ပါဘူူး။FIFA ဟာ အပြောင်းအရွှေ့လူဝယ်ခွင့်မပိတ်ခင်ပေါင်းသန်း၂၀၀သုံးမယ့်ချဲလ်ဆီးရဲ့အကြံညဏ်ကိုကြိုသိထားနေပါတယ်။ချဲလဆီးအသင်းဟာ လူငယ်ကစားသမား၂၉ ဦးခေါ်ယူတဲ့နေရာမှာမသမာတဲ့နည်းနဲ့ခေါ်ခဲ့တာကြောင့် FIFA ကအခုလိုအပြစ်ဒဏ်ချမှတ်ခံခဲ့ရကာ ပြစ်ဒဏ်ချမယ့်ရက်ကိုနှောင့်နှေးအောင်လုပ်ဖို့ရှိနေပါတယ်။
ဒါပင်မယ့်လည်း FIFA ရဲ့စည်းမျဉ်းအရ အယူခံဝင်တဲ့အချိန်ထဲက အပြောင်းအရွှေ့ပိတ်ပင်တာဟာအကျုံးဝင်နေပြီပဲဖြစ်ပါတယ်။ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်နဲ့အက်တလက်တီကိုမက်ဒရစ်တို့ဟာအလားတူပြစ်ဒဏ်မျိုးချမှတ်ခံခဲ့ရဖူးတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း အယူခံဝင်တဲ့အချိန်အတွင်းမှာ သူတို့အသင်းဟာလူဝယ်ခွင့်ရခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာတနင်္လာနေ့မတိုင်ခင်အထိ အယူခံစာတင်ရဖို့ရှိနေပြီးအကယ်၍ သူတို့ဟာမတင်ပဲထားထားပါက အပြောင်းအရွှေ့ပိတ်ပင်မှုကိုနှောင့်နှေးထားသလိုဖြစ်ကာ ဒီနွေရာသီမှာငွေသုံးသွားရဖို့မေ ျှာ်လင့်နေပါတယ်။FIFA ရဲ့အယူခံဝင်ခြင်းဆိုင်ရာဥက္ကဌသောမတ်စ်ဘို့ဒ်စတုန်းက ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်မှုကိုနှောင့်နှေးအောင်လုပ်နေသလားဆုံးဖြတ်သွားဖို့ရှိနေပါတယ်။
FIFA ရဲ့အရင်းအမြစ်တစ်ခုကနေ သိရသလောက်ကတော့ ” စပိန်ကလပ်တွေကိုအယူခံဝင်ဖို့လက်ခံခဲ့ပါတယ်။ဘာလို့လဲဆိုတော့ အပြောင်းအရွှေ့အပြုအမူနဲ့ပတ်သတ်ပြီး အသစ်ဖြစ်နေခဲ့လို့ပါ။အခုတော့ သူတို့ကိုအခုချိန်မှာ အားကစားခုံရုံကနေအတည်ပြုသွားတာမို့လို့ပါ။ချဲလ်ဆီးအသင်းကတော့ အရင်အသင်းတွေလိုမဟုတ်ပဲဥပဒေကိုလက်တစ်လုံးခြားလုပ်ဦးမှာလားစောင့်ကြည့်ရမှာပါ။”
ရီးရဲလ်မန်နေဂျာဟောင်းဇီဒန်းကို လက်ရှိနည်းပြဆာရီနေရာအစားထိုးထို့ပြင်ဆက်နေပြီးအဆိုပါပြင်သစ်နည်းပြကိုရရှိဖို့ပေါင်သန်း၂၀၀လောက်သုံးစွဲရဖို့ရှိနေပါတယ်။ချဲလ်ဆီးအသင်းဟာအပြောင်းအရွှေ့၂ရာသီပိတ်ပင်ခံခဲ့ရပြီး ပေါင်၄သိန်း၆သောင်းကို ပြီးခဲ့တဲ့လကဒဏ်ငွေဆောင်ခဲ့ရပါတယ်။FIFA ကပြည်ပလူငယ်ကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာသမာမှုရှိလားစုံစမ်းခဲ့တာဖြစ်ပါတယ်။တကယ်လို့ဒီရာသီမှာသာလူဝယ်ခွင့်မရပါကချဲလ်ဆီးအသင်းဟာ အသင်းရဲ့စတားဟာဇက်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရဖို့ရှိပြီး အစားထိုးနိုင်မယ့်ကစားသမားမပါဘဲနဲ့လာမယ့်ရာသီကိုဆက်လက်ကစားသွားရတော့မှာပဲဖြစ်ပါတယ်။
Post a Comment