ကြာသပတေးနေ့ နံနက်ခင်းနောက်ဆုံးရသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Arsenal vs Tottenham
(Unicode)
မနေ့ညကကစားခဲ့တဲ့ ကရာဘောင်ဖလားပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ ချဲလ်ဆီး ၃-၂ ဒါဘီပွဲမှာ ဖာဘရီဂတ်စ်ရဲ့အနိုင်ဂိုးနဲ့ပတ်သတ်ပြီး ဒါဘီနည်းပြဖရန့်လမ်းပတ်ကအခုလိုပြောကြားဝေဖန်လိုက်ပါတယ်။ “ ဒါက ပြစ်ဒဏ်ဘောပါ။ စည်းကြပ်ဒိုင်ရှေ့မှာပါ။ဇာတ်ပါကော်စတာ က လောရန့်စ်အပေါ် လွန်လွန်ကျူးကျူး ပြစ်ဒဏ်ဘောကျူးလွန်လိုက်တာပါ။VAR ကဘယ်ရောက်နေတာလဲ?? ” လဲလို့ဆိုလိုက်ပါတယ်။အဆိုပါဖြစ်ရပ်ကနေ ချဲလ်ဆီးအသင်းဟာလက်ပစ်ဘောရရှိခဲ့ပြီး ဖာဘရီဂတ်စ်က အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒါရိုက်တာမာရော့တာနဲ့အပြီးတိုင်လမ်းခွဲခဲ့ကြောင်း ကြေညာခဲ့ပြီး မာရော့တာဟာ အင်တာမီလန်အသင်းရဲ့CEO အသစ်ဖြစ်လာဖို့နီးစပ်နေပါပြီ။
အာဆင်နယ်အသင်းရဲ့နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးဟာ လာမယ့်၂၀၁၉ မှာ နည်းပြလောက ကို ပြန်လည်ဝင်ရောက်မယ်လို့ပြောကြားလိုက်သော်လည်း EPL ကို ပြန်လာမှာမဟုတ်ကြောင်းဆိုလိုက်ပါတယ်။
ဂျူဗင်တပ်စ်ကွင်းလယ်လူမာတွာဒီက မန်ယူနိုက်တက်ကို ချန်ပီယံလိပ်ပွဲမှာ အနိုင်ရတဲ့ပွဲအပြီးနောက် အသင်းဖော်စီရိုနယ်ဒိုကလွဲ၍ သူတို့အားလုံးတော်တော်လေးမောပမ်းနေကြတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
EFL ဖလားရဲ့ကွာတားဖိုင်နယ်ပွဲစဉ်များပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဘလက်ပူးလ်ကို ၂-၁ နဲ့နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ တော့တင်ဟမ်အသင်းနဲ့တွေ့ဆုံနေပြီးချဲလ်ဆီးအသင်းကတော့ဘုန်းလ်မောက်အသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။
Chelsea vs Bournemouth
Middlesbrough vs Burton
Leicester/Southampton vs Man City / Fulham
Arsenal vs Tottenham
Post a Comment