Header Ads


ေျခေခ်ာ္လဲခဲ့လို႔ဖလားလက္လြတ္ခဲ့ရတာက အိမ္မက္ဆိုးတစ္ခုလိုအျမဲေျခာက္လွန္႔ေနတယ္လို႔ဝန္ခံလိုက္တဲ့ဂ်ာရတ္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စတီဗင္ဂ်ာရတ္ကေတာ့ ဒီနွစ္လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလားရတာျမင္ေတြ႕လိုေနပါတယ္။ဒါ့အျပင္ပရီးမီးယားလိဂ္ဖလားရဖို႔ အနီးစပ္ဆံုးအေျခအေနမွာရွိစဥ္က သူေခ်ာ္လဲခဲ့လို႔ ဖလားလက္လႊတ္ရတဲ့အျဖစ္ကို အျမဲတမ္းျပန္ေတြးမိေနတယ္လို႔လည္း ဝန္ခံခဲ့ပါေသးတယ္။ဂ်ာရတ္ရဲ႕ကစားသမားဘဝမွာ ခမ္းနားတဲ့အရာေတြမ်ားစြာရွိခဲ့ျပီး လီဗာပူးအသင္းရဲ႕ထာဝရဂႏၲဝင္တစ္ေယာက္လဲျဖစ္ပါတယ္။ဒါေပမယ့္ပရီးမီးယားလိဂ္ဖလားရဖို႔ အဆံုးအျဖတ္အေျခအေနမ်ိဳးမွာ ေခ်ာ္လဲျပီးသူ႔ေျကာင့္ဂိုးေပးလိုက္ရတာက အမည္းစက္တစ္ခုလိုျဖစ္ေနခဲ့တာပါ။

ေနာက္ေျကာင္းျပန္ရရင္၂၀၁၄ခုနွစ္ေဘာလံုးရာသီကုန္ခါနီးမွာ လီဗာပူးနဲ႔ခ်ယ္ဆီးအသင္းတို႔ အန္ဖီးလ္ကြင္းျကီးထဲရင္ဆိုင္ကစားခဲ့ျကပါတယ္။ဒီပြဲဟာ လီဗာပူးပရိတ္သတ္ေတြအတြက္မေမ့နိုင္စရာအသည္းကြဲေန႔ရက္ျဖစ္ခဲ့ရပါတယ္။ခ်ယ္ဆီးကို နိုင္ရင္ ခ်န္ပီယံျဖစ္ဖို႕ေသခ်ာသေလာက္ရွိတဲ့အေနအထားမ်ိဳးမွာ ရံႈးခဲ့တာေျကာင့္ပါးစပ္နားေရာက္မွ ပုတ္ခ်ခံလိုက္ရသလိုအခံရခက္ေနမွာအမွန္ပါပဲ။လက္ရွိဂ်ာဂ်င္ကေလာ့ရဲ႕ လီဗာပူးကေတာ့ လက္ရွိခ်န္ပီယံ မန္စီးတီးေနာက္တစ္မွတ္အကြာနဲ႔ ဒုတိယေနရာရပ္တည္ေနပါတယ္။ဒါဟာ ၂၉နွစ္ျကာအမွတ္ေပးဖလားေဝးကြာေနမႈကိုအဆံုးသတ္ဖို႔ ၂၀၁၄ခုနွစ္ေနာက္ပိုင္း အေကာင္းဆံုးအေျခအေနပါပဲ။

ဒါေပမယ့္လက္က်န္ပြဲေတြမွာမန္စီးတီး အမွားကိုေစာင့္ရမွာျဖစ္တာေျကာင့္ အခြင့္အေရးက သူတို႔လက္ထဲအျပည့္အဝရွိမေနပါဘူး။ဂ်ာရတ္ကေတာ့ရိန္းဂ်ားမန္ေနဂ်ာအျဖစ္ေဆာင္ရြက္ေနေပမယ့္ လီဗာပူးကိုသံေယာစဥ္တြယ္ေနဆဲပါ။အင္တာဗ်ဴးတစ္ခုမွာအရင္ခ်ိန္ေတြနဲ႔ပတ္သတ္ျပီး ဂ်ာရတ္က''၂၀၁၄ခုနွစ္ေနာက္ပိုင္းဒီနွစ္က အမွတ္ေပးဖလားယူဖို႔ လီဗာပူးအတြက္အေကာင္းဆံုးအေျခအေနပါပဲ။က်ေနာ္က အသင္းမွာမရွိေတာ့ပါဘူး။ျပီးေတာ့ ဒီနွစ္ဖလားေသခ်ာေပါက္ရမလားဆိုတာလည္းမသိပါဘူး။ေခ်ာ္လဲခဲ့တာက က်ေနာ့္ရဲ႕ေရွ႕ဆက္ရမယ့္အနာဂတ္အေပၚသက္ေရာက္မႈ မရွိဘူး။ဒါေပမယ့္ ဒီအေျကာင္းကိုျပန္မေတြးမိဖို႔ေတာ့ မတက္နိုင္ခဲ့ဘူးေပါ့ေလ။ဒီနွစ္လိုပဲအဲ့တုန္းက အသင္းမွာအခြင့္ေရးအျကီးျကီးရွိေနပါတယ္။က်ေနာ္ေျကာင့္ လီဗာပူးပရီးမီးယားလိဂ္ဖလားလက္လႊတ္ခဲ့ရတာလို႔ပဲခံစားမိေနတယ္။အတိတ္ကိုျပန္ေတြးမိတိုင္း ငါေခ်ာ္မလဲခဲ့ရင္သိပ္ေကာင္းမွာပဲလို႔  ဆႏၵရွိေနမိတယ္။''လို႔ဝန္ခံစကားေျပာသြားခဲ့ပါတယ္။


အဲ့တုန္းက လီဗာပူးဟာဖလားလုဖက္မန္စီးတီးကိုနိုင္ခဲ့တာအပါအဝင္၁၁ပြဲဆက္နိုင္ပြဲနဲ႔အတူ ျပိဳင္ပြဲကိုဦးေဆာင္ထားခဲ့ပါတယ္။ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့အသင္းေခါင္းေဆာင္ဂ်ာရတ္ဟာ ေဘာလံုးကိုေအးေအးေဆးေဆးလက္ခံရတဲ့အေနအထားမွာ ေခ်ာ္လဲခဲ့တာေျကာင့္ ဒမ္ဘားဘားကဖ်က္ယူျပီးအဖြင့္ဂိုးသြင္းခဲ့တာပါပြဲျပီးခါနီးမွာခ်ယ္ဆီးတို႔၁ဂိုးထပ္ရျပီး၂- နဲ႔ ေအာင္ပြဲခံသြားခဲ့ပါတယ္။ဒီပြဲအျပီးမွာ ဂ်ာရတ္ဟာ''ဒီလိုေခ်ာ္လဲမႈကေန ငါတို႔ဂိုးမေပးခဲ့ရသင့္ဘူး''လို႔ေျပာျပီးငိုေျကြးခဲ့ပါတယ္။ျကိဳးျကာနီတို႔ကိုအဆိုးဆံုးအေျခအေနျဖစ္ေစခဲ့တာကေတာ့ခ်ယ္ဆီးကိုရံႈးျပီး ေနာက္အပတ္မွာ ပဲေလ့ကို၃ဂိုးျပတ္ဦးေဆာင္ျပီးခါမွ သေရက်ခဲ့ရတာပါ။ဒါေျကာင့္ပဲရာသီကုန္မွာ ျပိဳင္ဘက္မန္စီးတီးထံ ဖလားေပးလိုက္ရပါတယ္။



အဲ့တုန္းက ဖိအားေတြေျကာင့္ျပိဳလဲခဲ့ရတာကို သင္ခန္းစာယူျပီး ဒီနွစ္အေကာင္းဆံုးလုပ္ဖို႔လိုတယ္လို႔ဂ်ာရတ္ကသတိေပးခဲ့ပါေသးတယ္။''ရိုးရိုးသားသားေျပာ႐ရင္အဲ့တုန္းက အေျခအေနေတြကို လက္ခံဖို႔တကယ္ခဲယဥ္းခဲ့တယ္။က်ေနာ္ဟာ၇နွစ္သားထဲက လီဗာပူးပရိတ္သတ္ျဖစ္လာသူပါ။ျကီးလာေတာ့ ဒီအသင္းနဲ႔ ေအာင္ျမင္မႈမ်ားစြာရခဲ့ပါတယ္။ဒါေပမယ့္ကံမေကာင္းစြာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံတစ္ေယာက္အျဖစ္ ကစားသမားဘဝအဆံုးမသတ္နိုင္ခဲ့ဘူး။လီဗာပူးအသင္းအေနနဲ႔ အဝတ္လဲခန္းမွာ အဲ့ဒီတုန္းကအေတြ႔အျကံုအေျကာင္းေျပာေနသင့္ပါတယ္။ဒါကိုသင္ခန္းစာယူတက္ရင္ ဒီနွစ္ ခ်န္ပီယံဆုယူဖို႕ အကူအညီျဖစ္နိုင္ပါတယ္။သူတို႔မွာအလြန္ေတာ္တဲ့မန္ေနဂ်ာရွိေနပါတယ္။ဂ်ာဂ်င္ကေလာ့ဟာ လီဗာပူးအသင္းသားေတြကို ဖိအားေတြ ,စိုးရိမ္မႈေတြကင္းေအာင္ လုပ္ေဆာင္နိုင္လိမ့္မယ္လို႕က်ေနာ္ယံုျကည္ထားပါတယ္။''လို႔ေျပာခဲ့ပါတယ္။

ဂ်ာရတ္ဟာလီဗာပူးကို ခ်န္ပီယံလိဂ္အပါအဝင္ ဖလားမ်ားစြာရယူေပးနိုင္ခဲ့တဲ့ ဂႏၲဝင္တစ္ေယာက္ပါ။ဒီရာသီမွာေတာ့ လီဗာပူးကို အမွတ္ေပးဖလားရယူေပးမယ့္ ဂႏၲဝင္တစ္ေယာက္ထြက္ေပၚလာနိုင္ပါတယ္။

စာဖတ္သူတို႔အေနနဲ႔ေရာလီဗာပူးအသင္း ဒီရာသီပရီးမီးယားလိဂ္ဖလားရသြားမယ္ထင္သလား။

(Unicode)

ခြေချော်လဲခဲ့လို့ဖလားလက်လွတ်ခဲ့ရတာက အိမ်မက်ဆိုးတစ်ခုလိုအမြဲခြောက်လှန့်နေတယ်လို့ဝန်ခံလိုက်တဲ့ဂျာရတ်

စတီဗင်ဂျာရတ်ကတော့ ဒီနှစ်လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားရတာမြင်တွေ့လိုနေပါတယ်။ဒါ့အပြင်ပရီးမီးယားလိဂ်ဖလားရဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိစဉ်က သူချော်လဲခဲ့လို့ ဖလားလက်လွှတ်ရတဲ့အဖြစ်ကို အမြဲတမ်းပြန်တွေးမိနေတယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။ဂျာရတ်ရဲ့ကစားသမားဘဝမှာ ခမ်းနားတဲ့အရာတွေများစွာရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ထာဝရဂန္တဝင်တစ်ယောက်လဲဖြစ်ပါတယ်။ဒါပေမယ့်ပရီးမီးယားလိဂ်ဖလားရဖို့ အဆုံးအဖြတ်အခြေအနေမျိုးမှာ ချော်လဲပြီးသူ့ကြောင့်ဂိုးပေးလိုက်ရတာက အမည်းစက်တစ်ခုလိုဖြစ်နေခဲ့တာပါ။

နောက်ကြောင်းပြန်ရရင်၂၀၁၄ခုနှစ်ဘောလုံးရာသီကုန်ခါနီးမှာ လီဗာပူးနဲ့ချယ်ဆီးအသင်းတို့ အန်ဖီးလ်ကွင်းကြီးထဲရင်ဆိုင်ကစားခဲ့ကြပါတယ်။ဒီပွဲဟာ လီဗာပူးပရိတ်သတ်တွေအတွက်မမေ့နိုင်စရာအသည်းကွဲနေ့ရက်ဖြစ်ခဲ့ရပါတယ်။ချယ်ဆီးကို နိုင်ရင် ချန်ပီယံဖြစ်ဖို့သေချာသလောက်ရှိတဲ့အနေအထားမျိုးမှာ ရှုံးခဲ့တာကြောင့်ပါးစပ်နားရောက်မှ ပုတ်ချခံလိုက်ရသလိုအခံရခက်နေမှာအမှန်ပါပဲ။လက်ရှိဂျာဂျင်ကလော့ရဲ့ လီဗာပူးကတော့ လက်ရှိချန်ပီယံ မန်စီးတီးနောက်တစ်မှတ်အကွာနဲ့ ဒုတိယနေရာရပ်တည်နေပါတယ်။ဒါဟာ ၂၉နှစ်ကြာအမှတ်ပေးဖလားဝေးကွာနေမှုကိုအဆုံးသတ်ဖို့ ၂၀၁၄ခုနှစ်နောက်ပိုင်း အကောင်းဆုံးအခြေအနေပါပဲ။

ဒါပေမယ့်လက်ကျန်ပွဲတွေမှာမန်စီးတီး အမှားကိုစောင့်ရမှာဖြစ်တာကြောင့် အခွင့်အရေးက သူတို့လက်ထဲအပြည့်အဝရှိမနေပါဘူး။ဂျာရတ်ကတော့ရိန်းဂျားမန်နေဂျာအဖြစ်ဆောင်ရွက်နေပေမယ့် လီဗာပူးကိုသံယောစဉ်တွယ်နေဆဲပါ။အင်တာဗျူးတစ်ခုမှာအရင်ချိန်တွေနဲ့ပတ်သတ်ပြီး ဂျာရတ်က''၂၀၁၄ခုနှစ်နောက်ပိုင်းဒီနှစ်က အမှတ်ပေးဖလားယူဖို့ လီဗာပူးအတွက်အကောင်းဆုံးအခြေအနေပါပဲ။ကျနော်က အသင်းမှာမရှိတော့ပါဘူး။ပြီးတော့ ဒီနှစ်ဖလားသေချာပေါက်ရမလားဆိုတာလည်းမသိပါဘူး။ချော်လဲခဲ့တာက ကျနော့်ရဲ့ရှေ့ဆက်ရမယ့်အနာဂတ်အပေါ်သက်ရောက်မှု မရှိဘူး။ဒါပေမယ့် ဒီအကြောင်းကိုပြန်မတွေးမိဖို့တော့ မတက်နိုင်ခဲ့ဘူးပေါ့လေ။ဒီနှစ်လိုပဲအဲ့တုန်းက အသင်းမှာအခွင့်ရေးအကြီးကြီးရှိနေပါတယ်။ကျနော်ကြောင့် လီဗာပူးပရီးမီးယားလိဂ်ဖလားလက်လွှတ်ခဲ့ရတာလို့ပဲခံစားမိနေတယ်။အတိတ်ကိုပြန်တွေးမိတိုင်း ငါချော်မလဲခဲ့ရင်သိပ်ကောင်းမှာပဲလို့  ဆန္ဒရှိနေမိတယ်။''လို့ဝန်ခံစကားပြောသွားခဲ့ပါတယ်။

အဲ့တုန်းက လီဗာပူးဟာဖလားလုဖက်မန်စီးတီးကိုနိုင်ခဲ့တာအပါအဝင်၁၁ပွဲဆက်နိုင်ပွဲနဲ့အတူ ပြိုင်ပွဲကိုဦးဆောင်ထားခဲ့ပါတယ်။ချယ်ဆီးနဲ့ပွဲမှာတော့အသင်းခေါင်းဆောင်ဂျာရတ်ဟာ ဘောလုံးကိုအေးအေးဆေးဆေးလက်ခံရတဲ့အနေအထားမှာ ချော်လဲခဲ့တာကြောင့် ဒမ်ဘားဘားကဖျက်ယူပြီးအဖွင့်ဂိုးသွင်းခဲ့တာပါပွဲပြီးခါနီးမှာချယ်ဆီးတို့၁ဂိုးထပ်ရပြီး၂-၀ နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ဒီပွဲအပြီးမှာ ဂျာရတ်ဟာ''ဒီလိုချော်လဲမှုကနေ ငါတို့ဂိုးမပေးခဲ့ရသင့်ဘူး''လို့ပြောပြီးငိုကြွေးခဲ့ပါတယ်။ကြိုးကြာနီတို့ကိုအဆိုးဆုံးအခြေအနေဖြစ်စေခဲ့တာကတော့ချယ်ဆီးကိုရှုံးပြီး နောက်အပတ်မှာ ပဲလေ့ကို၃ဂိုးပြတ်ဦးဆောင်ပြီးခါမှ သရေကျခဲ့ရတာပါ။ဒါကြောင့်ပဲရာသီကုန်မှာ ပြိုင်ဘက်မန်စီးတီးထံ ဖလားပေးလိုက်ရပါတယ်။

အဲ့တုန်းက ဖိအားတွေကြောင့်ပြိုလဲခဲ့ရတာကို သင်ခန်းစာယူပြီး ဒီနှစ်အကောင်းဆုံးလုပ်ဖို့လိုတယ်လို့ဂျာရတ်ကသတိပေးခဲ့ပါသေးတယ်။''ရိုးရိုးသားသားပြောရရင်အဲ့တုန်းက အခြေအနေတွေကို လက်ခံဖို့တကယ်ခဲယဉ်းခဲ့တယ်။ကျနော်ဟာ၇နှစ်သားထဲက လီဗာပူးပရိတ်သတ်ဖြစ်လာသူပါ။ကြီးလာတော့ ဒီအသင်းနဲ့ အောင်မြင်မှုများစွာရခဲ့ပါတယ်။ဒါပေမယ့်ကံမကောင်းစွာပဲ ပရီးမီးယားလိဂ်ချန်ပီယံတစ်ယောက်အဖြစ် ကစားသမားဘဝအဆုံးမသတ်နိုင်ခဲ့ဘူး။လီဗာပူးအသင်းအနေနဲ့ အဝတ်လဲခန်းမှာ အဲ့ဒီတုန်းကအတွေ့အကြုံအကြောင်းပြောနေသင့်ပါတယ်။ဒါကိုသင်ခန်းစာယူတက်ရင် ဒီနှစ် ချန်ပီယံဆုယူဖို့ အကူအညီဖြစ်နိုင်ပါတယ်။သူတို့မှာအလွန်တော်တဲ့မန်နေဂျာရှိနေပါတယ်။ဂျာဂျင်ကလော့ဟာ လီဗာပူးအသင်းသားတွေကို ဖိအားတွေ ,စိုးရိမ်မှုတွေကင်းအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ကျနော်ယုံကြည်ထားပါတယ်။''လို့ပြောခဲ့ပါတယ်။

ဂျာရတ်ဟာလီဗာပူးကို ချန်ပီယံလိဂ်အပါအဝင် ဖလားများစွာရယူပေးနိုင်ခဲ့တဲ့ ဂန္တဝင်တစ်ယောက်ပါ။ဒီရာသီမှာတော့ လီဗာပူးကို အမှတ်ပေးဖလားရယူပေးမယ့် ဂန္တဝင်တစ်ယောက်ထွက်ပေါ်လာနိုင်ပါတယ်။
စာဖတ်သူတို့အနေနဲ့ရောလီဗာပူးအသင်း ဒီရာသီပရီးမီးယားလိဂ်ဖလားရသွားမယ်ထင်သလား။

No comments

Powered by Blogger.