Exclusive: Real Madrid preparing 350 million euro offer for PSG's Neymar | @joaquimpiera https://t.co/RSYocxT9ns— SPORT English (@Sport_EN) March 8, 2019
(Unicode)
ပေါင်သန်း၃၅၀ဖြင့်နေမာခေါ်နိုင်ဖို့နီးစပ်နေတဲ့ရီးရဲလ်မက်ဒရစ်အသင်း
ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG အသင်းရဲ့ကြယ်ပွင့်နေမာကိုကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့ဈေးဖြင့်ခေါ်ယူသွားဖို့သေချာပေါက်ပြင်ဆင်နေတယ်လို့သိရပါတယ်။
ကလပ်ရဲ့ဥက္ကဌဖလော်ရန်တီနိုပီးရက်ဇ်က ဒီနှစ်နွေရာသီမှာ ဘောလုံးစကေးလ်ကြွယ်ဝတဲ့ ဘရာဇီးရဲ့အထွန်းတောက်ဆုံးကြယ်ပွင့်ကိုခေါ်ယူဖို့မျက်စိကျနေပြီး Sport ရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်ဟာ နေမာအတွက်ပေါင်သန်း၃၅၀ အထိကမ်းလှမ်းသွားမယ်လို့သိရပါတယ်။
မက်ဒရစ်ကလပ်ဟာဒီကစားသမားအတွက်များပြားလှတဲ့စာချုပ်တွေချုပ်ရဖို့ရှိနေပါတယ်။အသက်၂၇နှစ်အရွယ်နေမာဟာ လက်ရှိ PSG မှာ တစ်နှစ်ကို ပေါင်၃၁သန်းနီးပါး သူ့အိပ်ကပ်ထဲငွေဝင်နေတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း Los Blancos အသင်းဟာ ၅နှစ်စာစာချုပ်နဲ့တစ်နှစ်ကို ပေါင်၃၉ သန်းအထိပေးသွားမှာဖြစ်ကာ စာချုပ်ဖျက်သိမ်းကြေးအရ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့လစာအများဆုံးကစားသမားတစ်ယောက်အဖြစ် ဘောလုံးသမိုင်းမှာမှတ်တမ်းဝင်သွားမှာပဲဖြစ်ပါတယ်။
သတင်းတွေအရတော့ PSG အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးမ ျှချေအရ နေမာအပေါ်ဈေးဖွင့်လှစ်ဖို့လုပ်ဆောင်နေတယ်လို့အခိုင်အမာဆိုနေကြပါတယ်။နေမာဟာ လာလီဂါမှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး PSG ကိုမပြောင်းခင် ဘာစီလိုနာမှာ ၄နှစ်ကြာကစားခဲ့ပါတယ်။သူဟာ လီယွန်နယ်မက်ဆီ၊ဆွာရက်ဇ်တို့နဲ့အတူယှဉ်တွဲကစားခဲပြီး စပိန်ရဲ့ထိပ်တန်းတိုက်စစ်ဖိုက်တာတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဒါပင်မယ့်သူဟာ မက်ဆီရဲ့လောင်းရိပ်အောက်ကထွက်ခွာချင်တာကြောင့် PSG ကိုပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ဒါဟာအလုပ်မဖြစ်ခဲ့ပါဘူး။သူဟာပြင်သစ်မှာပြည်တွင်းဖလားတွေကိုသိမ်းပိုင်နိုင်ခဲ့သော်လည်း PSG အသင်းကို ချန်ပီယံလိပ်မှာကွားတာအထိရောက်ဖို့တောင် ကောင်းကောင်း ဦးမဆောင်နိုင်ခဲ့ပါဘူး။
နေမာတစ်ယောက် ရီးရဲလ်မက်ဒရစ်ဆီရောက်တော့မှာလား?
Post a Comment