ဂရင္းနစ္စံခ်ိန္ရွင္ဆုကိုဂုဏ္ယူဖြယ္ရာရရိွခဲ့တဲ့မန္ယူနိုက္တက္ဂိုးသမားရိုမီယို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
နောက်ထပ် မန်ချက်စတာမြို့ ကဂရင်းနစ်စံချိန်ဆုရှင်တစ်ယောက်ကတော့ မန်စီးတီးဂိုးသမား အီဒါဆင်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အရှည်လျားဆုံးတည်ကန်ဘောကို ကန်တင်နိုင်တဲ့သူအဖြစ်စံချိန်တင်နိုင်ခဲ့ပြီး အရင်စံချိန်ဟောင်း ၇၅မီတာကို ၇၅.၃၅ မီတာဖြင့်ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
(Unicode)
ဂရင်းနစ်စံချိန်ရှင်ဆုကိုဂုဏ်ယူဖွယ်ရာရရှိခဲ့တဲ့မန်ယူနိုက်တက်ဂိုးသမားရိုမီယို
မန်ချက်စတာယူနိုက်တက်ဂိုးသမားဆာဂျီယိုရိုမီယိုဟာ ဂရင်းနစ်စံချိန်ဆုကိုသိမ်းပိုက်ရရှိသွားခဲ့ကြောင်းသိရပါတယ်။ယူနိုက်တက်အသင်းအတွက် ၄၂ ပွဲမှာ Clean Sheet ပွဲပေါင်း၂၇ပွဲအထိရယူထားပြီး ယူနိုက်တက်အသင်းရဲ့အကောင်းဆုံးဂိုးသမားအဖြစ်ရပ်တည်နေတဲ့ အာဂျင်တီးနားဂိုးသမားဟာ အခုချိန်မှာတော့ ကွင်းတစ်ဝက်ကနေတစ်မိနစ်အတွင်းဂိုးအများဆုံးသွင်းနိုင်တဲ့သူအဖြစ်စံချိန်တင်မှတ်တမ်းကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ရိုမီယိုဟာ စက္ကန့်၆၀အတွင်းဂိုး၂၀သွင်းယူခဲ့ကာ အရင်စံချိန်ဟောင်းကိုချိုးဖျက်ခဲ့တာပဲဖြစ်ပါတယ်။အသင်းဖော်အန်ဒါဟာရဲရားနဲ့ဖီးလ်ဂျုံးတို့ဟာ ၁၉ ဂိုး၊၁၄ဂိုးဖြင့်အသီးသီးသွင်းယူနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ရိုမီယိုဟာ သူ့ရဲ့သွင်းဂိုးတွေကို လျင်မြန်တဲ့လ ျှပ်တစ်ပြက်ကန်ချက်တွေနဲ့သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တရားဝင်အကဲဖြတ်စစ်ဆေးသူက ရိုမီယိုကို ဆုပေးဖို့ဆုံးဖြတ်ခဲ့ကာဂရင်းနစ်စာအုပ်ထဲမှာ ရိုမီယိုနာမည်ကိုမှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ဒီမိုနာကို ဂိုးသမားတစ်ယောက်ထဲသာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂရင်းနစ်မှတ်တမ်းစံချိန်ရှင်တစ်ယောက်မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ဂျူလိုင်လကကလပ်အသင်းရဲ့ရာသီကြိုအမေရိကခရီးစဉ်မှာ အသင်းရဲ့လူငယ်ကစားသမားလေးအက်ဆဲလ်တွမ်ဇီဘီဟာ Hungry Hipo ဂိမ်းမှာ Hippo ကောင်လေးကို အစာအများဆုံးကျွေးနိုင်တဲ့သူအဖြစ် စံချိန်တင်ခဲ့ပြီး သူလို မျိုးကစားနိုင်ဖို့ဘယ်gamer မှ မစွမ်းဆောင်နိုင်တာကြောင့် ဂရင်းနစ်စံချိန်မှတ်တမ်းဆုကိုရရှိခဲ့ပြီး အသင်းဖော်တွေဖြစ်ကြတဲ့ အန်ဒါပါရဲရားနဲ့ဝီလီယံတို့ကသူ့ကိုလူမှုကွန်ယက်တွေပေါ်မှာချီးကျူးခဲ့ကြတာပဲဖြစ်ပါတယ်။
နောက်ထပ် မန်ချက်စတာမြို့ကဂရင်းနစ်စံချိန်ဆုရှင်တစ်ယောက်ကတော့ မန်စီးတီးဂိုးသမား အီဒါဆင်ဟာ ဘောလုံးသမိုင်းတစ်လေ ျှာက် အရှည်လျားဆုံးတည်ကန်ဘောကို ကန်တင်နိုင်တဲ့သူအဖြစ်စံချိန်တင်နိုင်ခဲ့ပြီး အရင်စံချိန်ဟောင်း ၇၅မီတာကို ၇၅.၃၅ မီတာဖြင့်ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
Post a Comment