Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန်စီးတီးအသင်းကတော့ လက်ရှိ လိဂ် ၁၀ ပွဲကစားဖို့ ကျန်နေသေးချိန် လီဗာပူးနောက် မှတ်အကွာနဲ့ ဒုတိယနေရာက ရပ်တည်နေတာ ဖြစ်ပြီး မနှစ်က ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး အနေအထား မှာရှိနေပါသေးတယ်။
(Unicode)
မန်စီးတီးမှာလီဗာပူးလ်လိုဖလားရဖို့အတွက်ပူပန်နေစရာမရှိဘူးလို့ဆိုလိုက်တဲ့စတာလင်
၂၀၁၃-၁၄ ဘောလုံးရာသီက လီဗာပူးအသင်းနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး မနှစ်က မန်စီးတီးနဲ့အတူ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဖလားလမ်းကြောင်းပေါ် သွားနေတဲ့အချိန် လီဗာပူးမှာ ရှိစဉ်ကလို ဖိအားမျိုး လုံးဝမရှိဘူးလို့ မန်စီးတီး တိုက်စစ်မှူး စတားလင်းက ရင်ဖွင့်လာပါတယ်။၂၀၁၃-၁၄ ဘောလုံးရာသီက လီဗာပူးကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တဲ့ စတားလင်းက မန်စီးတီးရဲ့ အားသာ ချက်က လီဗာပူးမှာတုန်းကလို ဖလားရဖို့ မပူရဘူးလို့ ဆိုလိုတာ ဖြစ်တယ်လို့ Sportskeeda က ဖော်ပြပါတယ်။
လီဗာပူးအသင်းအနေနဲ့ စတီဗင်ဂျာရတ် ချဲလ်ဆီးနဲ့ပွဲမှာ ချော်မလဲခင်ထိ ၂၈ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပေမယ့်လည်း မန်စီးတီးကသာ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။
“အတွေ့အကြုံက ဘယ်တော့မှ နစ်နာတယ်မရှိပါဘူး၊လီဗာပူးလ်မှာကစားတုန်းကတော့ ဖလားရဖို့အရေးအမြဲစိတ်ပူနေရတယ်။ဒီမှာတေ့ အမြဲတမ်းအတွက်အထောက်အပံံ ဖြစ်ပါတယ်။ မနှစ်က ဆိုရင် ချန်ပီယံဆုကို သက်တောင့်သက်သာ ရခဲ့တာပါ။ ဒီနှစ်လည်း နီးစပ်နေပြန်ပါပြီ။” လို့ စတားလင်းက sky sportကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းကတော့ လက်ရှိ လိဂ် ၁၀ ပွဲကစားဖို့ ကျန်နေသေးချိန် လီဗာပူးနောက် ၁ မှတ်အကွာနဲ့ ဒုတိယနေရာက ရပ်တည်နေတာ ဖြစ်ပြီး မနှစ်က ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး အနေအထား မှာရှိနေပါသေးတယ်။
No comments
Powered by Blogger.