Header Ads


ဖာဂူဆန္ကိုေရာမန္စီးတီးကိုပါျငင္းပယ္ခဲ့ရတဲ့အေၾကာင္းဖြင့္ဟ၀န္ခံေျပာၾကားခဲ့တဲ့ဂိုးသမားဘူဖြန္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဂႏၱ၀င္ဂိုးသမားၾကီးတစ္ဦးျဖစ္တဲ့ ဘူဖြန္တစ္ေယာက္ဟာ သူ ့ရဲ ့ကစားသမားဘ၀ကို ပါးမားအသင္းကေနစတင္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းမွာ ၾကီးမားတဲ့ေအာင္ျမင္မႈေတြကိုရယူပိုင္ဆိုင္နိုင္ခဲ့ပါတယ္။ဒါပင္မယ့္လည္း ပရီးမီးယားလိပ္ဆီက ကမ္းလွမ္းမႈေတြသူရရိွခဲ့ပါတယ္။

ဘူဖြန္က သူဟာ ပရီးမီးယားလိပ္မွာကစားနိုင္မယ့္အခြင့္အေရးေတြကို ပယ္ခ်ခဲ့ဖူးေၾကာင္း အထူးသျဖင့္ မန္ခ်က္စတာၿမိဳ ့ခံ၂သင္းစလံုးဆီက ကမ္းလွမ္းမႈေတြကို ပယ္ခ်ျငင္းပယ္ခဲ့တယ္လို ့အတည္ျပဳေျပာၾကားခဲ့ပါတယ္။ပါမားအသင္းမွာ ကစားသမားဘ၀စတင္ခဲ့တဲ့သူဟာ ၂၀၀၁ ခုနွစ္မွာ ဂ်ဴဗင္တပ္စ္အသင္းဆီ ေပါင္၃၂သန္းျဖင့္ေျပာင္းေရႊ ့သြားခဲ့တာျဖစ္ၿပီး ၁၇နွစ္ၾကာကစားကာ ဂႏၱ၀င္ဂိုးသမားတစ္ေယာက္အျဖစ္ခံယူရင္းမနွစ္ဂ်ဴလိုင္လမွာ PSG အသင္းဆီေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။


မနက္ဖန္ညမွာကစားမယ့္မန္ခ်က္စတာယူနိုက္တက္နဲ ့ခ်န္ပီယံလိပ္၁၆သင္းအဆင့္ဒုေက်ာ ့မွာ PSG အသင္းရဲ ့လူစာရင္းထဲ အသက္၄၁နွစ္အရြယ္ဘူဖြန္တစ္ေယာက္ပါ၀င္ခဲ့ပါတယ္။သူ ့ရဲ့အေကာင္းဆံုးနွစ္ေတြမွာ ဆာအဲလ္လက္စ္ဖာဂူဆန္က သူ ့ကိုေခၚယူခ်င္ခဲ့တယ္လို ့ေျပာၾကားခဲ့ပါတယ္။

ပါမားအသင္းအတြက္ကစားေပးေနရတဲ့အခ်ိန္ကၽြန္ေတာ္ခ်ာတိတ္ဘ၀ထဲက ဖာဂူဆန္က ၂နွစ္ ၃နွစ္ေလာက္ကၽြန္ေတာ့္ကိုခ်ဥ္းကပ္ခဲ့ပါတယ္။ၿပီးေတာ့ ကၽြန္ေတာ့္ကို ေစာင့္ၾကည့္ဖို ့ကင္းေထာက္ေတြသူအၿမဲတမ္းလြတ္ထားေလ့ရိွပါတယ္။လို BT Sport ကိုေျပာၾကားခဲ့ပါတယ္။

အဲ့ခ်ိန္တုန္းက ပါမားအသင္းဟာ ကၽြန္ေတာ့္ရဲ ့ကမာၻ ၾကီးပါပဲ။ကၽြန္ေတာ္ထြက္သြားဖို ့မလိုလားပါဘူး။” 

ေနာက္ေတာ့ မန္စီးတီးဆီက မက္ေလာက္စရာအရာနဲ့ကမ္းလွမ္းခဲ့တယ္။အဲအခ်ိန္တုန္းကသူတို ့အသင္းဟာအသင္းတစ္ခုကိုဖြဲ ့စည္းတည္ေဆာက္ေနဆဲပါ။ဥေရာပမွာ အေကာင္းဆံုးအသင္းျဖစ္လာဖို ့ပါ။သူတို ့က ကၽြန္ေတာ့္ကို ပထမဆံုးေခၚယူသြားမယ့္လူျဖစ္ေစခ်င္ၾကတာပါ။ဒါပင္မယ့္ကၽြန္ေတာ္ဂ်ဴဗင္မွာပဲဆက္ေနခဲ့ပါတယ္။” 


အီတလီမွာကစားခဲ့စဥ္အခ်ိန္ကေတာ့ ဘူဖြန္တစ္ေယာက္ စီးရီးေအ၉ ၾကိမ္၊ကိုပါအီတလီယာဖလား ၄ၾကိမ္၊ ၂၀၀၃ နဲ့၂၀၁၅ မွာ ခ်န္ပီယံလိပ္ဖိုင္နယ္အထိေရာက္ခဲ့ပါတယ္။နိုင္ငံအသင္းအတြက္လည္း ၁၇၆ပြဲအထိပါ၀င္ကစားခဲ့ၿပီး အီတလီအသင္းအတြက္ပြဲအမ်ားဆံုးကစားထားသူတစ္ေယာက္ျဖစ္သလို ၂၀၀၆ခုနွစ္မွာ ကမာၻ့ဖလားကိုလည္းဆြတ္ခူးရယူနိုင္ခဲ့ပါတယ္။

(Unicode)



ဖာဂူဆန်ကိုရောမန်စီးတီးကိုပါငြင်းပယ်ခဲ့ရတဲ့အကြောင်းဖွင့်ဟဝန်ခံပြောကြားခဲ့တဲ့ဂိုးသမားဘူဖွန်

ဂန္တဝင်ဂိုးသမားကြီးတစ်ဦးဖြစ်တဲ့ ဘူဖွန်တစ်ယောက်ဟာ သူ့ရဲ့ကစားသမားဘဝကို ပါးမားအသင်းကနေစတင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေကိုရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ပရီးမီးယားလိပ်ဆီက ကမ်းလှမ်းမှုတွေသူရရှိခဲ့ပါတယ်။

ဘူဖွန်က သူဟာ ပရီးမီးယားလိပ်မှာကစားနိုင်မယ့်အခွင့်အရေးတွေကို ပယ်ချခဲ့ဖူးကြောင်း အထူးသဖြင့် မန်ချက်စတာမြို့ခံ၂သင်းစလုံးဆီက ကမ်းလှမ်းမှုတွေကို ပယ်ချငြင်းပယ်ခဲ့တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ပါမားအသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့သူဟာ ၂၀၀၁ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းဆီ ပေါင်၃၂သန်းဖြင့်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၁၇နှစ်ကြာကစားကာ ဂန္တဝင်ဂိုးသမားတစ်ယောက်အဖြစ်ခံယူရင်းမနှစ်ဂျူလိုင်လမှာ PSG အသင်းဆီပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။

မနက်ဖန်ညမှာကစားမယ့်မန်ချက်စတာယူနိုက်တက်နဲ့ချန်ပီယံလိပ်၁၆သင်းအဆင့်ဒုကျော့မှာ PSG အသင်းရဲ့လူစာရင်းထဲ အသက်၄၁နှစ်အရွယ်ဘူဖွန်တစ်ယောက်ပါဝင်ခဲ့ပါတယ်။သူ့ရဲ့အကောင်းဆုံးနှစ်တွေမှာ ဆာအဲလ်လက်စ်ဖာဂူဆန်က သူ့ကိုခေါ်ယူချင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

” ပါမားအသင်းအတွက်ကစားပေးနေရတဲ့အချိန်ကျွန်တော်ချာတိတ်ဘဝထဲက ဖာဂူဆန်က ၂နှစ် ၃နှစ်လောက်ကျွန်တော့်ကိုချဉ်းကပ်ခဲ့ပါတယ်။ပြီးတော့ ကျွန်တော့်ကို စောင့်ကြည့်ဖို့ကင်းထောက်တွေသူအမြဲတမ်းလွတ်ထားလေ့ရှိပါတယ်။” လို့BT Sport ကိုပြောကြားခဲ့ပါတယ်။

” အဲ့ချိန်တုန်းက ပါမားအသင်းဟာ ကျွန်တော့်ရဲ့ကမ္ဘာ ကြီးပါပဲ။ကျွန်တော်ထွက်သွားဖို့မလိုလားပါဘူး။” 

” နောက်တော့ မန်စီးတီးဆီက မက်လောက်စရာအရာနဲ့ကမ်းလှမ်းခဲ့တယ်။အဲအချိန်တုန်းကသူတို့အသင်းဟာအသင်းတစ်ခုကိုဖွဲ့စည်းတည်ဆောက်နေဆဲပါ။ဥရောပမှာ အကောင်းဆုံးအသင်းဖြစ်လာဖို့ပါ။သူတို့က ကျွန်တော့်ကို ပထမဆုံးခေါ်ယူသွားမယ့်လူဖြစ်စေချင်ကြတာပါ။ဒါပင်မယ့်ကျွန်တော်ဂျူဗင်မှာပဲဆက်နေခဲ့ပါတယ်။” 

အီတလီမှာကစားခဲ့စဉ်အချိန်ကတော့ ဘူဖွန်တစ်ယောက် စီးရီးအေ၉ ကြိမ်၊ကိုပါအီတလီယာဖလား ၄ကြိမ်၊ ၂၀၀၃ နဲ့၂၀၁၅ မှာ ချန်ပီယံလိပ်ဖိုင်နယ်အထိရောက်ခဲ့ပါတယ်။နိုင်ငံအသင်းအတွက်လည်း ၁၇၆ပွဲအထိပါဝင်ကစားခဲ့ပြီး အီတလီအသင်းအတွက်ပွဲအများဆုံးကစားထားသူတစ်ယောက်ဖြစ်သလို ၂၀၀၆ခုနှစ်မှာ ကမ္ဘာ့ဖလားကိုလည်းဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

No comments

Powered by Blogger.