Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လာမယ့်ရာသီသစ်အတွက်ပြင်ဆင်ရေးဆွဲထားတဲ့ဘောလုံးဥပဒေသသစ်များ
အပြည်ပြည်ဆိုင်ရာဘောလုံးဥပဒေပြင်ဆင်သူများက လာမယ့်ရာသီအတွက်ဘောလုံးဥပဒေသသစ်များကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဘောလုံးဥပဒေတွေမှာတော့ အကြီးမားဆုံးပြောင်းလဲမှုတွေရှိလာတော့မှာပဲဖြစ်ပြီး IFAB ကတော့ ဘောလုံးလောကရဲ့လိမ်လည်လှည့်ဖျားမှုတွေရယ်အချိန်ဆွဲတာတွေကို အမှုန့်ချေဖို့လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။
ဥပဒေသတွေကတော့ လူစားလဲခံရတဲ့ကစားသမားတွေဟာ ကွင်းထဲကဘယ်နေရာကမဆိုထွက်ခွာနိုင်ခြင်း၊လက်ထိပြီးသွင်းတဲ့ဂိုးကိုခွင့်မပြုတော့ခြင်း၊wall မှာ တိုက်စစ်ကစားသမားတွေထားလို့မရတော့ခြင်းနဲ့နည်းပြတွေဟာ ကစားသမားတွေလို အနီကဒ်၊အဝါကဒ်ပြခံရမယ်လို့သိရပါတယ်။အောက်မှာတော့ပြောင်းလဲသွားတဲ့ဥပဒေသတွေကိုဖော်ပြထားပါတယ်။
၁.ဧရိယာအတွင်းလက်ထိဘောများ
မတော်တဆဖြစ်စေ၊တမင်ရည်ရွယ်ပြီးဖြစ်စေလက်ထိပြီးသွင်းယူတဲ့ဂိုးမှန်သမ ျှလုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။
၂.မည်သည့်နေရာကမဆိုကွင်းထဲကနေထွက်ခွာနိုင်တဲ့လူစားလဲကစားသမားများ
လူစားလဲခံရတဲ့ကစားသမားတစ်ယောက်ဟာ ကွင်းဘေးစည်းရဲ့အနီးဆုံးနေရာကနေထွက်ခွာနိုင်ပါတယ်။အရင်လို အလယ်စည်းမျဉ်းနေရာကနေ လူစားလဲဖို့လမ်းလေ ျှာက်လာစရာမလိုတော့ပါဘူး။
၃.နည်းပြတွေလည်း ကဒ်ပြခံရနိုင်ပါတယ်။
မန်နေဂျာနဲ့နည်းပြတွေဟာ ကစားသမားတွေလို အဝါကဒ်နဲ့အနီကဒ်တွေပြခံရနိုင်ပါတယ်။
၄.ကစားသမား Wall မှာကိုယ့်ကစားသမားတွေပါဝင်ခွင့်မရတော့ပါဘူး။
တည်ကန်ဘောပြစ်ဒဏ်ဘောကန်တဲ့နေရာမှာ Wall အတွင်း တိုက်စစ်ကစားသမားတွေပါဝင်ခွင့်မရပါဘူး။ဆိုလိုတာက အဆိုပါwall မှာ ခုခံကာကွယ်မယ့်အသင်းကကစားသမားတွေပဲရှိနေရတော့မှာပဲဖြစ်ပါတယ်။
စိတ်ဝင်စားစရာပြောင်းလဲမှုတွေပဲဖြစ်ပါတယ်။ဥပဒေသစ်တွေက ဘယ်လိုနေလဲ?
No comments
Powered by Blogger.