အယ္လီဂရီ၊ေမာ္ရင္ဟိုတို ့ထက္ဂ်ာဂန္ကေလာ့ကိုေခၚဖို ့ရီးရဲလ္မက္ဒရစ္ၾကိဳးပမ္းေန
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဂ်င္းတိုင္းနည္းျပပိုခ်က္တီနိုဟာေတာ့တင္ဟမ္အသင္းေပၚသစၥာရိွလ်က္ရိွေနၿပီးရီးရဲလ္တို ့ဟာ ဂ်ာမန္သားေခၚဖို ့မ်က္စိက်လာခဲ့ပါတယ္။
သတင္းမ်ားရဲ ့ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ နည္းျပဆိုလာရီေနရာကို လာမယ့္ေႏြရာသီမွာ ဂ်ာဂန္ကေလာ့အစားထိုးၿပီးေအာင္ျမင္မႈရယူလိုခ်င္ေနတာပဲျဖစ္ပါတယ္။ပိုခ်က္တီနိုကိုေရြးခ်ယ္ခြင့္မရပါက လီဗာပူးလ္ေဘာ့စ္ဟာ Los Blancos အသင္းအတြက္ပစ္မွတ္ျဖစ္လာနိုင္ပါတယ္။
ရီးရဲလ္အသင္းဟာ မနွစ္ရာသီထဲက နည္းျပဇီဒန္းထြက္ခြာခဲ့ၿပီးေနာက္ေတာ့တင္ဟမ္ေဘာ့စ္ကိုခ်ဥ္းကပ္ခဲ့တာျဖစ္ၿပီးထိုအခ်ိန္ကမန္ခ်က္စတာယူနိုက္တက္ရဲ့နည္းျပျဖစ္လာဖုိ ့ေရပန္းစားေနတဲ့ပိုခ်က္တီနိုက ဒီကမ္းလွမ္းခ်က္ကိုပယ္ခ်ခဲ့ပါတယ္။The independent ရဲ့အဆိုအရ ရီးရဲလ္အသင္းဟာ ဂ်ဴဗင္တပ္စ္နည္းျပအယ္လီဂရီတို ့ထက္ ဆိုလာရီေနရာကေလာ့ကို အစားထိုးခ်င္ေနပါတယ္။ရီးရဲလ္ကစားသမားေဟာင္းဟာလက္ရိွဘာေနဗ်ဴးမွာနည္းျပအျဖစ္ရိွေနခဲ့ေသာ္လည္းအခုေနာက္ပိုင္းရလဒ္ဆိုးေတြေၾကာင့္ရာသီကုန္ထိရပ္တည္နိုင္ဖို ့ခက္ခဲေနမွာအမွန္ပါပဲ။
ၿပီးခဲ့တဲ့ညက အိမ္ကြင္းမွာ ေအးဂ်က္စ္ကို ၄-၁ ျဖင့္ရံႈးနိမ့္ခဲ့ၿပီးေနာက္အသင္းပရိတ္သတ္ေတြရဲ ့သည္းခံစိတ္ေတြဟာကုန္ဆံုးသြားခဲ့ၿပီးအထူးသျဖင့္ မဟာၿပိဳင္ဘက္ဘာစီလိုနာကို ၂ပြဲဆက္ရံႈးခဲ့တာေၾကာင့္အသင္းဥကၠဌပီးရက္ဇ္ကကေလာ့ဘက္လွည့္လာခဲ့တာပဲျဖစ္ပါတယ္။ယူနိုက္တက္နည္းျပေဟာင္းေမာ္ရင္ဟိုဟာပီးရက္ဇ္နဲ ့ဆက္ဆံေရးေၾကာင့္နည္းျပျဖစ္လာနိုင္ဖို ့ရိွေနေသာ္လည္းေမာ္ရင္ဟိုဟာအသင္းၾကီးေတြကိုင္တြယ္တဲ့ေနရာမွာ ရႈေထာင့္အျမင္အရ ၿပီးဆံုးသြားၿပီလို ့သိရပါတယ္။
မက္ဒရစ္ကလပ္မွာ စိတ္လႈပ္ရွားမႈေတြ၊ေပ်ာ္ရႊင္မႈေတြတစ္ဖန္ျပန္လည္ရရိွလာဖို ့အေကာင္းဆံုးေသာရာသီကိုပိုင္ဆိုင္နိုင္ဖို ့လီဗာပူးလ္အသင္းကိုအထင္ၾကီးစရာေကာင္းေလာက္ေအာင္ေျပာင္းလဲခဲ့တဲ့နည္းျပကေလာ့ကို ေခၚယူခ်င္ေနၿပီး ဒါဟာၿပီးျပည့္စံုတဲ့မြမ္းမံမႈလို ့ယံုၾကည္ေနၾကပါတယ္။ဂ်ာမန္သားၾကီးဟာ ၂၀၁၅မွာ မက္ဒရစ္ရဲ ့ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ဖူးၿပီး Los Blancos တို ့ဟာ ကေလာ့အစားနယူကားဆယ္နည္းျပါင္နီတက္ဖ္ကို ခန္ ့အပ္ခဲ့ရတာပဲျဖစ္ပါတယ္။
(Unicode)
အယ်လီဂရီ၊မော်ရင်ဟိုတို့ထက်ဂျာဂန်ကလော့ကိုခေါ်ဖို့ရီးရဲလ်မက်ဒရစ်ကြိုးပမ်းနေ
အာဂျင်းတိုင်းနည်းပြပိုချက်တီနိုဟာတော့တင်ဟမ်အသင်းပေါ်သစ္စာရှိလျက်ရှိနေပြီးရီးရဲလ်တို့ဟာ ဂျာမန်သားခေါ်ဖို့မျက်စိကျလာခဲ့ပါတယ်။
သတင်းများရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြဆိုလာရီနေရာကို လာမယ့်နွေရာသီမှာ ဂျာဂန်ကလော့အစားထိုးပြီးအောင်မြင်မှုရယူလိုချင်နေတာပဲဖြစ်ပါတယ်။ပိုချက်တီနိုကိုရွေးချယ်ခွင့်မရပါက လီဗာပူးလ်ဘော့စ်ဟာ Los Blancos အသင်းအတွက်ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
ရီးရဲလ်အသင်းဟာ မနှစ်ရာသီထဲက နည်းပြဇီဒန်းထွက်ခွာခဲ့ပြီးနောက်တော့တင်ဟမ်ဘော့စ်ကိုချဉ်းကပ်ခဲ့တာဖြစ်ပြီးထိုအချိန်ကမန်ချက်စတာယူနိုက်တက်ရဲ့နည်းပြဖြစ်လာဖို့ရေပန်းစားနေတဲ့ပိုချက်တီနိုက ဒီကမ်းလှမ်းချက်ကိုပယ်ချခဲ့ပါတယ်။The independent ရဲ့အဆိုအရ ရီးရဲလ်အသင်းဟာ ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီတို့ထက် ဆိုလာရီနေရာကလော့ကို အစားထိုးချင်နေပါတယ်။ရီးရဲလ်ကစားသမားဟောင်းဟာလက်ရှိဘာနေဗျူးမှာနည်းပြအဖြစ်ရှိနေခဲ့သော်လည်းအခုနောက်ပိုင်းရလဒ်ဆိုးတွေကြောင့်ရာသီကုန်ထိရပ်တည်နိုင်ဖို့ခက်ခဲနေမှာအမှန်ပါပဲ။
ပြီးခဲ့တဲ့ညက အိမ်ကွင်းမှာ အေးဂျက်စ်ကို ၄-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက်အသင်းပရိတ်သတ်တွေရဲ့သည်းခံစိတ်တွေဟာကုန်ဆုံးသွားခဲ့ပြီးအထူးသဖြင့် မဟာပြိုင်ဘက်ဘာစီလိုနာကို ၂ပွဲဆက်ရှုံးခဲ့တာကြောင့်အသင်းဥက္ကဌပီးရက်ဇ်ကကလော့ဘက်လှည့်လာခဲ့တာပဲဖြစ်ပါတယ်။ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုဟာပီးရက်ဇ်နဲ့ဆက်ဆံရေးကြောင့်နည်းပြဖြစ်လာနိုင်ဖို့ရှိနေသော်လည်းမော်ရင်ဟိုဟာအသင်းကြီးတွေကိုင်တွယ်တဲ့နေရာမှာ ရှုထောင့်အမြင်အရ ပြီးဆုံးသွားပြီလို့သိရပါတယ်။
မက်ဒရစ်ကလပ်မှာ စိတ်လှုပ်ရှားမှုတွေ၊ပျော်ရွှင်မှုတွေတစ်ဖန်ပြန်လည်ရရှိလာဖို့အကောင်းဆုံးသောရာသီကိုပိုင်ဆိုင်နိုင်ဖို့လီဗာပူးလ်အသင်းကိုအထင်ကြီးစရာကောင်းလောက်အောင်ပြောင်းလဲခဲ့တဲ့နည်းပြကလော့ကို ခေါ်ယူချင်နေပြီး ဒါဟာပြီးပြည့်စုံတဲ့မွမ်းမံမှုလို့ယုံကြည်နေကြပါတယ်။ဂျာမန်သားကြီးဟာ ၂၀၁၅မှာ မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ဖူးပြီး Los Blancos တို့ဟာ ကလော့အစားနယူကားဆယ်နည်းပြါင်နီတက်ဖ်ကို ခန့်အပ်ခဲ့ရတာပဲဖြစ်ပါတယ်။
Post a Comment