Header Ads


နာပိုလီစတားကိုလီဘာလီနဲ ့ဂ်ဴဗင္တပ္စ္ရဲ ့ကန္ဆယ္လိုတို ့အတြက္ေပါင္၁၄၆သန္းသံုးစြဲမယ့္ယူနိုက္တက္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီခံစစ္သမား၂ေယာက္ယူနိုက္တက္ရဲ ့ေႏြရာသီေစ်း၀ယ္စာရင္းမွာထိပ္ဆံုးကေနရာယူထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာဒီနွစ္ေႏြမွာေတာ့ ကိုလီဘာလီနဲ့ကန္ဆယ္လိုတို ့အတြက္ေပါင္သန္း၁၀၀ေက်ာ္အသံုးျပဳဖို ့ျပင္ဆင္ေနတယ္လို ့သတင္းမ်ားအရသိရပါတယ္။နာပိုလီအသင္းရဲ ့ဗဟိုေနာက္ခံလူကိုလီဘာလီနဲ ့ဂ်ဴဗင္တပ္စ္အသင္းရဲ ့အစြန္ေနာက္ခံလူကန္ဆယ္လုိတို ့ဟာသရဲနီတို ့ရဲ ့လူ၀ယ္စကာတင္စာရင္းမွာထိပ္ဆံုးကရိွေနၿပီး လာမယ့္ေႏြရာသီမွာနည္းျပအသစ္ဘယ္သူျဖစ္ျဖစ္သူတို ့၂ေယာက္ကိုဦးစားေပးေခၚသြားဖို ့ရိွေနပါတယ္။

ေမာ္ရင္ဟိုထြက္ခြာသြားၿပီးေနာက္ပိုင္း အိုေလဂန္းနားဆိုးလ္ရွားဟာ ယာယီနည္းျပအျဖစ္တာ၀န္ယူထားၿပီး ယူနိုက္တက္ရဲ ့အၿမဲတမ္းနည္းျပအျဖစ္ ပိုခ်က္တီနို၊ဇီဒန္းနဲ ့အယ္လီဂရီတို ့ဟာ ေရပန္းစားေနေသာ္လည္းဆိုးလ္ရွားသာ ယူနိုက္တက္ရဲ ့အၿမဲတမ္းနည္းျပျဖစ္လာဖို ့ရိွေနပါတယ္။ယူနိုက္တက္ဟာ အဆိုပါ ေနာက္ခံလူအတြဲ၂ေယာက္အတြက္လိုအပ္တဲ့ေငြေၾကးကိုထုတ္သံုးသြားမွာျဖစ္တယ္လို ့သိရပါတယ္။



ကန္ဆယ္လို ကိုေခၚယူမယ္ဆိုရင္ သရဲနီတို ့ဟာ ေပါင္၅၂သန္း၀န္းက်င္ေလာက္သံုးစြဲရမွာျဖစ္ၿပီး ကိုလီဘာလီအတြက္ ေပါင္၉ ၅သန္းေလာက္သံုးရမွာျဖစ္ကာအဆိုပါေနာက္ခံလူ၂ေယာက္အတြက္ စုစုေပါင္း ေပါင္၁၄၆သန္းေလာက္သံုးစြဲရမွာပဲျဖစ္ပါတယ္။ကိုလီဘာလဟာ မန္ခ်က္စတာယူနိုက္တက္ရဲ ့ကာလရွည္ပစ္မွတ္ကစားသမားတစ္ဦးျဖစ္ၿပီး အဆိုပါဆီနီေဂါေနာက္ခံလူကို နည္းျပေဟာင္းေမာ္ရင္ဟိုတစ္ေယာက္မ်က္စိက်ခဲ့တာပဲျဖစ္ပါတယ္။


ဒါ့အျပင္ယူနိုက္တက္ဟာ ခရစ္စတယ္ပဲေလ့စ္ေနာက္ခံလူဘီဆာကာ၊ဘာကာကြင္းလယ္လူရာကီတစ္တို ့ကိုပါေခၚယူဖို ့ၾကိဳးစားေနေၾကာင္းလည္းသိရပါတယ္။

(Unicode)

နာပိုလီစတားကိုလီဘာလီနဲ့ဂျူဗင်တပ်စ်ရဲ့ကန်ဆယ်လိုတို့အတွက်ပေါင်၁၄၆သန်းသုံးစွဲမယ့်ယူနိုက်တက်

ဒီခံစစ်သမား၂ယောက်ယူနိုက်တက်ရဲ့နွေရာသီဈေးဝယ်စာရင်းမှာထိပ်ဆုံးကနေရာယူထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာဒီနှစ်နွေမှာတော့ ကိုလီဘာလီနဲ့ကန်ဆယ်လိုတို့အတွက်ပေါင်သန်း၁၀၀ကျော်အသုံးပြုဖို့ပြင်ဆင်နေတယ်လို့သတင်းများအရသိရပါတယ်။နာပိုလီအသင်းရဲ့ဗဟိုနောက်ခံလူကိုလီဘာလီနဲ့ဂျူဗင်တပ်စ်အသင်းရဲ့အစွန်နောက်ခံလူကန်ဆယ်လိုတို့ဟာသရဲနီတို့ရဲ့လူဝယ်စကာတင်စာရင်းမှာထိပ်ဆုံးကရှိနေပြီး လာမယ့်နွေရာသီမှာနည်းပြအသစ်ဘယ်သူဖြစ်ဖြစ်သူတို့၂ယောက်ကိုဦးစားပေးခေါ်သွားဖို့ရှိနေပါတယ်။

မော်ရင်ဟိုထွက်ခွာသွားပြီးနောက်ပိုင်း အိုလေဂန်းနားဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ်တာဝန်ယူထားပြီး ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် ပိုချက်တီနို၊ဇီဒန်းနဲ့အယ်လီဂရီတို့ဟာ ရေပန်းစားနေသော်လည်းဆိုးလ်ရှားသာ ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြဖြစ်လာဖို့ရှိနေပါတယ်။ယူနိုက်တက်ဟာ အဆိုပါ နောက်ခံလူအတွဲ၂ယောက်အတွက်လိုအပ်တဲ့ငွေကြေးကိုထုတ်သုံးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ကန်ဆယ်လို ကိုခေါ်ယူမယ်ဆိုရင် သရဲနီတို့ဟာ ပေါင်၅၂သန်းဝန်းကျင်လောက်သုံးစွဲရမှာဖြစ်ပြီး ကိုလီဘာလီအတွက် ပေါင်၉ ၅သန်းလောက်သုံးရမှာဖြစ်ကာအဆိုပါနောက်ခံလူ၂ယောက်အတွက် စုစုပေါင်း ပေါင်၁၄၆သန်းလောက်သုံးစွဲရမှာပဲဖြစ်ပါတယ်။ကိုလီဘာလဟာ မန်ချက်စတာယူနိုက်တက်ရဲ့ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး အဆိုပါဆီနီဂေါနောက်ခံလူကို နည်းပြဟောင်းမော်ရင်ဟိုတစ်ယောက်မျက်စိကျခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဟာ ခရစ်စတယ်ပဲလေ့စ်နောက်ခံလူဘီဆာကာ၊ဘာကာကွင်းလယ်လူရာကီတစ်တို့ကိုပါခေါ်ယူဖို့ကြိုးစားနေကြောင်းလည်းသိရပါတယ်။

No comments

Powered by Blogger.