Header Ads


လူကာမိုဒရစ္နဲ ့ဗယ္နီးဆီးရပ္စ္တို ့ကိုအရူးလုပ္သြားခဲ့တဲ့ ဒီေဂ်ာင္ရဲ ့စေကးလ္ဗီဒီယို


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညက ရီးရဲလ္အသင္းနဲ ့ကစားခဲ့တဲ့ခ်န္ပီယံလိပ္ပြဲမွာေတာ့ ေအးဂ်က္စ္ကြင္းလယ္လူဒီေဂ်ာင္တစ္ေယာက္ သူ့ ့ကို ဘာစီလိုနာအသင္းကဘာလို ့အသည္းအသန္အလိုရိွေနရၿပီးေခၚယူခဲ့ရသလဲဆိုတာကိုတိတိက်က်သက္ေသျပသြားခဲ့ပါတယ္။သူဟာလူကာမိုဒရစ္နဲ ့ဗယ္နီးဆီးရပ္စ္တုိ ့ကိုေၾကကြဲသြားေအာင္လုပ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္န၀ါရီလထဲ ကလပ္အသင္းၾကီးအေတာ္မ်ားမ်ားဟာ ဖရန္ကီဒီေဂ်ာင္ကိုအလိုရိွေနခဲ့ၾကပါတယ္။အသက္၂၁နွစ္အရြယ္ေအးဂ်က္စ္ကြင္းလယ္လူဟာ ကမာၻ ့အေကာင္းဆံုးလူငယ္ကစားသမားေတြထဲကတစ္ေယာက္ျဖစ္ၿပီး ဂ်ိဳဟန္ကရဖ္ကေနထြက္ခြာဖို ့သူလိုလားေနခဲ့ပါတယ္။


ေနာက္ဆံုးမွာေတာ့ ဘာစီလိုနာအသင္းက PSG အသင္းကို အလဲထိုးၿပီး ဒီေဂ်ာင္ကို ယူရို၇၅ သန္းျဖင့္ေခၚယူဖို ့သေဘာတူညီခ်က္ရခဲ့ကာ ရာသီကုန္အထိေအးဂ်က္စ္မွာကစားနိုင္မယ့္အခြင့္အေရးကိုေပးခဲ့ပါတယ္။ရီးရဲလ္နဲ ့ခ်န္ပီယံလိပ္၁၆သင္းအဆင့္ဒုေက်ာ့မွာမေတြ ့ဆံုခင္မွာေတာ့ သူ ့ရဲ ့အသင္းသစ္က သူ ့ကိုေတာင္းဆိုမႈတစ္ခုျပဳလုပ္ခဲ့တယ္လို ့သိရပါတယ္။Telegrah နဲ ့ေတြ ့ဆံုရာမွာေတာ့

ကၽြန္ေတာ္စာခ်ဳပ္ခ်ဳပ္တဲ့အခ်ိန္တုန္းကသူတို ့နဲ ့စကားေျပာခဲ့တယ္။ရီးရဲလ္ကို ၿပိဳင္ပြဲကေနထြက္ေအာင္ၾကိဳးစားေပးဖို ့သူတို ့ကၽြန္ေတာ့္ကိုေျပာခဲ့တယ္။ဘာကာအတြက္ေတာ့ဒါဟာအရမ္းကိုေကာင္းတာေပါ့။လို ့ဆိုခဲ့ပါတယ္။ဒီေဂ်ာင္နဲ ့သူ ့ရဲ့အသင္းေဖာ္ေတြဟာ ရီးရဲလ္အသင္းကို သမိုင္း၀င္နိုင္ပြဲအျဖစ္ - ျဖင့္အနိုင္ရၿပီး ၁၃ၾကိမ္ခ်န္ပီယံလိပ္ရထားတဲ့ရီးရဲလ္အသင္းကိုၿပိဳင္ပြဲကေနေမာင္းထုတ္နိုင္ခဲ့ပါတယ္။
ေအာက္ကဗီဒီယိုမွာေတာ့ ဒီေဂ်ာင္ရဲ ့မေန ့ညကပြဲမွာ အလန္းဇယားစေကးလ္ခင္းျပခဲ့တဲ့ Highlight ကိုေဖာ္ျပထားၿပီးေနာက္ဗီဒီယိုတစ္ခုမွာေတ့ာ ဗယ္နီးဆီးရက္စ္နဲ ့လူကာမိုဒရစ္တို ့ကိုအရူးလုပ္ျပခဲ့တဲ့အကြက္ေတြပါ၀င္ခဲ့ပါတယ္။


ရီးရဲလ္အသင္းဟာ ပေက်ာ့အေ၀းကြင္းမွာ - ျဖင့္အနိုင္ရထားခဲ့ေသာ္လည္းေအးဂ်က္စ္က ဒုတိယပိုင္းမွာ - ျဖင့္ျပန္လည္အနိုင္ယူခဲ့ပါတယ္။ဒီေဂ်ာင္ဟာ ခ်န္ပီယံလိပ္မွာေရာ၊ေအးဂ်က္စ္နဲ ့ဘာစီလိုနာအသင္းတို ့အတြက္ ဂႏၱ၀င္တစ္ေယာက္ျဖစ္သြားခဲ့ၿပီး All in One လို ့ေခၚတြင္စရာျဖစ္သြားခဲ့ပါတယ္။ရီးရဲလ္အသင္းကေတာ့ လာမယ့္ရာသီအတြက္တိုက္စစ္မွဴးသစ္ေခၚဖို ့လိုအပ္ေနပါၿပီ။

(Unicode)

လူကာမိုဒရစ်နဲ့ဗယ်နီးဆီးရပ်စ်တို့ကိုအရူးလုပ်သွားခဲ့တဲ့ ဒီဂျောင်ရဲ့စကေးလ်ဗီဒီယို

မနေ့ညက ရီးရဲလ်အသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိပ်ပွဲမှာတော့ အေးဂျက်စ်ကွင်းလယ်လူဒီဂျောင်တစ်ယောက် သူ့ကို ဘာစီလိုနာအသင်းကဘာလို့အသည်းအသန်အလိုရှိနေရပြီးခေါ်ယူခဲ့ရသလဲဆိုတာကိုတိတိကျကျသက်သေပြသွားခဲ့ပါတယ်။သူဟာလူကာမိုဒရစ်နဲ့ဗယ်နီးဆီးရပ်စ်တို့ကိုကြေကွဲသွားအောင်လုပ်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလထဲ ကလပ်အသင်းကြီးအတော်များများဟာ ဖရန်ကီဒီဂျောင်ကိုအလိုရှိနေခဲ့ကြပါတယ်။အသက်၂၁နှစ်အရွယ်အေးဂျက်စ်ကွင်းလယ်လူဟာ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပြီး ဂျိုဟန်ကရဖ်ကနေထွက်ခွာဖို့သူလိုလားနေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းက PSG အသင်းကို အလဲထိုးပြီး ဒီဂျောင်ကို ယူရို၇၅ သန်းဖြင့်ခေါ်ယူဖို့သဘောတူညီချက်ရခဲ့ကာ ရာသီကုန်အထိအေးဂျက်စ်မှာကစားနိုင်မယ့်အခွင့်အရေးကိုပေးခဲ့ပါတယ်။ရီးရဲလ်နဲ့ချန်ပီယံလိပ်၁၆သင်းအဆင့်ဒုကျော့မှာမတွေ့ဆုံခင်မှာတော့ သူ့ရဲ့အသင်းသစ်က သူ့ကိုတောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။Telegrah နဲ့တွေ့ဆုံရာမှာတော့

” ကျွန်တော်စာချုပ်ချုပ်တဲ့အချိန်တုန်းကသူတို့နဲ့စကားပြောခဲ့တယ်။ရီးရဲလ်ကို ပြိုင်ပွဲကနေထွက်အောင်ကြိုးစားပေးဖို့သူတို့ကျွန်တော့်ကိုပြောခဲ့တယ်။ဘာကာအတွက်တော့ဒါဟာအရမ်းကိုကောင်းတာပေါ့။” လို့ဆိုခဲ့ပါတယ်။ဒီဂျောင်နဲ့သူ့ရဲ့အသင်းဖော်တွေဟာ ရီးရဲလ်အသင်းကို သမိုင်းဝင်နိုင်ပွဲအဖြစ် ၄-၁ ဖြင့်အနိုင်ရပြီး ၁၃ကြိမ်ချန်ပီယံလိပ်ရထားတဲ့ရီးရဲလ်အသင်းကိုပြိုင်ပွဲကနေမောင်းထုတ်နိုင်ခဲ့ပါတယ်။
အောက်ကဗီဒီယိုမှာတော့ ဒီဂျောင်ရဲ့မနေ့ညကပွဲမှာ အလန်းဇယားစကေးလ်ခင်းပြခဲ့တဲ့ Highlight ကိုဖော်ပြထားပြီးနောက်ဗီဒီယိုတစ်ခုမှာတေ့ာ ဗယ်နီးဆီးရက်စ်နဲ့လူကာမိုဒရစ်တို့ကိုအရူးလုပ်ပြခဲ့တဲ့အကွက်တွေပါဝင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ပကျော့အဝေးကွင်းမှာ ၂-၁ ဖြင့်အနိုင်ရထားခဲ့သော်လည်းအေးဂျက်စ်က ဒုတိယပိုင်းမှာ ၄-၁ ဖြင့်ပြန်လည်အနိုင်ယူခဲ့ပါတယ်။ဒီဂျောင်ဟာ ချန်ပီယံလိပ်မှာရော၊အေးဂျက်စ်နဲ့ဘာစီလိုနာအသင်းတို့အတွက် ဂန္တဝင်တစ်ယောက်ဖြစ်သွားခဲ့ပြီး All in One လို့ခေါ်တွင်စရာဖြစ်သွားခဲ့ပါတယ်။ရီးရဲလ်အသင်းကတော့ လာမယ့်ရာသီအတွက်တိုက်စစ်မှူးသစ်ခေါ်ဖို့လိုအပ်နေပါပြီ။

No comments

Powered by Blogger.