ရိုနယ္ဒိုမရိွေတာ့တဲ့အက်ိဳးဆက္က္ိုခံစားေနရတဲ့ရီးရဲလ္ရဲ ့ဘာေနဗ်ဴးကဂိုးသြင္းနႈန္းအခ်ိဳး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ယခုႏွစ္ရာသီမွာ အသင္းရဲ႕ရလဒ္ႏွင့္အေနအထားအတက္အဆင္းၾကမ္းခဲ့ၿပီးအဲဒီရဲ႕ အက်ိဳးဆက္က ႐ိုနယ္ဒို ႏွင့္ နည္းျပဇီဒန္းတို႔ ႏွစ္ဦးရဲ႕ထြက္ခြာသြားမႈေၾကာင့္လို႔သံုးသပ္ႏိုင္ပါတယ္။
ဂ်ဴလန္လိုပက္တီဂူက မက္ဒရစ္ေျမကို္ေကာင္းစြာဝင္ေရာက္ႏိုင္ခဲ့ေသာ္လည္း နည္းျပေဟာင္းဇီဒန္းေနရာကိုေကာင္းစြာဝင္ေရာက္ႏိုင္ခဲ့ျခင္းမ႐ွိခဲ့ဘဲရာသီအစပိုင္းေအာက္တိုဘာလမွာ တင္ ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။႐ိုနယ္လ္ဒိုႏွင့္ဇီဒန္းတို႔မ႐ွိေတာ့တဲ့ေနာက္မွာ စပိန္ဒါဘီပြဲစဥ္ျဖစ္တဲ့ဘာစီလိုနာအသင္းႏွင့္ပြဲစဥ္မွာ ၅ဂိုး၁ဂိုးႏွင့္႐ွံုးနိမ့္ခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့ ကစားသမားေဟာင္းဆိုလာရီကို ယာယီနည္းျပအျဖစ္ခန္႔အပ္ခဲ့ပါတယ္။မ်ားမၾကာမွီ ႏိုဝင္ဘာလမွာပဲဆိုလာရီကို အျမဲတမ္းနည္းျပအေနႏွင့္ခန္႔အပ္လိုက္ပါတယ္။
နည္းျပဆိုလာရီေရာက္႐ွိလာၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ အသင္းက ျပည္တြင္းလိဂ္ႏွင့္လက္႐ွိခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ပံုမွန္အေနအထားနီးပါျပန္လည္ေရာက္႐ွိလာခဲ့ပါတယ္။ဒါေပမယ့္ရီးရဲလ္အသင္းက႐ိုနယ္လ္ဒိုကိုေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္မွာအသင္းရဲ႕ေတာင့္တင္းမႈအားကအမ်ားႀကီးေလ်ာ့က်သြားခဲ့ၿပီး ဂိုးသြင္းႏႈန္းကလည္းအံ့ျသသင့္ဖို႔ေကာင္းေလာက္က်ဆင္းသြားခဲ့ပါတယ္။ပမာျပရရင္ျဖင့္ရီးရဲလ္မက္ဒရစ္အသင္းဟာ အိမ္ကြင္းဘာေနဗ်ဴးကြင္းမွာ ယခုႏွစ္ရာသိီပြဲေပါင္း၂၀ မွာဂိုး ၃၇ဂိုးသာသြင္းယူထားႏိုင္ပါတယ္။
ဒီရလဒ္ကိုၿပီးခဲ့တဲ့၉ရာသီႏွင့္ႏိႈင္းယွဥ္ၾကည့္ရင္ေတာ့ အမ်ားႀကီးကြာဟေနတာကိုေတြ႔ရပါတယ္။ပ်မ္းမွ်အားျဖင့္ရီးရဲလ္မက္ဒရစ္အသင္းကအိမ္ကြင္း ပြဲ၂၀ေလာက္ကစားၿပီးတိုင္းဂိုး ၆၂ဂိုးေလာက္အထိသြင္းယူႏိုင္ပါတယ္။အဆိုပါၿပီးခဲ့တဲ့၉ရာသီစလံုးမွာ႐ိုနယ္ဒိုကအဓိကဂိုးသြင္း႐ွင္ျဖစ္ခဲ့ၿပီး သူထြက္ခြာသြားတဲ့အခ်ိန္မွာေတာ့အသင္းရဲ႕ရ႐ွိတဲ့ ၂၅ဂိုးေလာက္ေလ်ာ့နည္းသြားခဲ့ပါတယ္။ဒါဟာ ႐ိုနယ္ဒိုမ႐ွိေတာ့ျခင္းရဲ႕အက်ိဳးဆက္တစ္ခုလို႔ဆိုႏိုင္ပါတယ္။
ၿပီးခဲ့တဲ့အပတ္ကယွဥ္ၿပိဳင္ကစားခဲ့တဲ့စပိန္ဒါဘီပြဲစဥ္၂ပြဲစလံုးမွာ အေရးနိမ့္ခဲ့ၿပီးေနာက္အသင္းရဲ႕ကြင္းလယ္လူလူကာမိုဒရစ္က ႐ိုနယ္လ္ဒိုကိုလြမ္းဆြတ္သတိရမိေၾကာင္းဆိုပါတယ္။
"သူလိုကစားသမားေတြကိုအသင္းတိုင္းကသတိရေနၾကလိမ့္မွာပါ။႐ိုနယ္လ္ဒိုေနရာကိုျဖည့္ႏိုင္မည့္ကစားသမားကို႐ွာေဖြေနၾကည့္တာဘယ္သူမွ ကိုမေတြ႔ႏိုင္ေသးပါဘူး။လံုးဝကို္မျဖစိႏိုင္ေသးတာပါ။သူကအသင္းမွာအမ်ားႀကီးေပးဆပ္ခဲ့တယ္ေလ အဲဒါေၾကာင့္ကြၽနိေတာ္တို႔္အားလံုးသူကိုသတိရေနၾကတယ္ဗ်ာ"လို႔ Fox sport asiaကိုေျပာၾကားခဲ့ပါတယ္။
"အသင္းကသူေနရာမွာတျခားကစားသမားေတြျဖည့္ၿပီးကစားရင္းပင္ပန္းေနၿပီ။ဘယ္သူကတိုက္စစ္ကစားသမားဆိုတာ ဆံုးျဖတ္ပိုင္းျခားဖို႔ေတာင္မသိေတာ့ပါဘူးၿပီးေတာ့ဒါက လံုးဝမလြယ္ကူတာပါ။႐ိုနယ္ဒိုက ဂိုး၅၀ေလာက္သြင္းယူေပးထားခဲ့တယ္။သူလိုဂိုးအမ်ားႀကီးသြင္းေပးႏိုင္တဲ့သူကိုမင္း႐ွာလို႔ေတြႏိူင္မွာမဟုတ္ပါဘူး။"
"တစ္ခ်ိဳ႕ကစားသမားေတြကေတာ့တိုက္စစ္မွာ႐ွိေနပါတယ္။ဒါေပမယ့္သူလိုဂိုး၅၀သြင္းဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။ဒါေပမယ့္တိုက္စစ္၃ဦးကေတာ့ ယခုႏွစ္ရာသီမွာအနည္းဆံုး ၁၅ ဂိုး ဂိုး၂၀ေလာက္ ဒါမွမဟုတ္ ၁၀ဂိုးေလာက္သြင္းၾကမွာပါ။ကြၽန္ေတာ္တို႔ဒီဟာကိုေျဖ႐ွင္းလို႔မရေသးပါဘူး။ဒါဟာ ကြၽန္ေတာ္အားလံုးရဲ႕ယခုႏွစ္အႀကီးမားဆံုးျပသာနာတစ္ခုပါပဲ"
"ဥပမာေျပာရမယ္ဆိုရင္ ကိုပါဒဲေရး ဖလားမွာ ဘာစီလိုနာ အသင္းနဲ႔ကစားတုန္းကဆိုရင္ ကြၽန္ေတာ္အခြင့္အေရးေတြအမ်ားႀကီးရခဲ့တယ္။ဒါေပမယ့္ၿပိဳင္ဖက္အသင္းက ေကာင္းေကာင္းအရည္အခ်င္းအျပည့္အဝ႐ွိတာေၾကာင့္ကြၽန္ေတာ္တို႔ကိုေကာင္းေကာင္းအသံုးခ်သြားခဲ့တယ္"
အသက္၃၃ႏွစ္အရြယ္ ခ႐ိုေအး႐ွားအသင္းကြင္းလယ္ကစားသမား မိုဒရစ္ဟာ ၂၀၁၈ခုႏွစ္ရဲ႕ေဘာ္လြန္းဒီေအာ္ဆုကို ႐ိုနယ္ဒိုကိုေက်ာ္ျဖတ္ကာရ႐ွိခဲ့ပါတယ္။သူကိုကလပ္က ႐ိုနယ္ဒို္မ႐ွိတဲ့ဘဝမွာ ေပ်ာ္ေမြ႔ေနရၿပီး ယခုအခါသမယမွာေတာ့ ဂါရတ္ေဘးက အေကာင္းဆံုးကစားသမားတစ္ဦးလို႔ေျပာၾကားခဲ့ပါတယ္။
"႐ိုနယ္ဒိုဒီမွာမ႐ွိေတာ့ပါဘူး။ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့၁၀ႏွစ္အေၾကာင္းကို႐ွင္းျပႏိုင္မွာမဟုတ္ပါဘူး။အသင္းမွာ ေဘးလ္ အဆန္ဆီယို ဘင္ဇီမာတို႔က သစၥာ႐ွိ႐ွိရိွေနပါတယ္။အသင္းက မာရီယာႏို ဗင္နီစီးယက္ဂ်ဴနီယာ တို႔ကိုလည္းစာခ်ဳပ္ထားပါတယ္။သူတို႔အသက္အရြယ္နဲ႔သူအေကာင္းဆံုးလုပ္ႏိုင္ၾကပါတယ္။"
"ေဘးလ္ကေကာင္းေနတယ္။တစ္ခါတစ္ေလ သူတို႔ကစားသမားဘဝအေျပာင္းအလဲတဆစ္ခ်ဳိးေတြကိုသူတို့ေကာင္းေကာင္းခံစားႏိုင္ၾကမွာမဟုတ္ပါဘူး။လူတိုင္းဒါကိုေက်ာ္ျဖတ္ရမွာပါ။ကြၽန္ေတာ္လည္းေက်ာ္ျဖတ္ခဲ့ၿပီးပါၿပီ။ေဘးလ္ကိုၾကည့္ရတာေပ်ာ္စရာေကာင္းၿပီးစိတ္လႈပ္႐ွားစရာေကာင္းပါတယ္။သူတို႔အသင္းအတြက္ႀကိဳးစားေပးတာကို ကြၽန္ေတာ္တို႔မေမ့ပါဘူး။ဒါေတြကလြယ္လြယ္ေမ့ၾကတဲ့အေၾကာင္းအရာေတြပါ။
"သူကအလုပ္ေကာင္းေကာင္းအျမဲလုပ္ခ်င္တယ္။ၿပီးေတာ့သူကအရင္ေဘးလ္လိုပဲျပန္ကစားခ်င္ေနတာဗ်။သူအသင္းအေပၚအမ်ားႀကီးေပးဆပ္ေနပါတယ္။သူအလုပ္သူလုပ္ေနပါတယ္။"
ဒီအေတာအတြင္းမွာေတာ့႐ိုနယ္ဒိုက စီးရီေအ လိဂ္ကလပ္ဂ်ဴဗင္တပ္အသင္းႏွင့္အတူေျခစြမ္းျပေနၿပီး လက္႐ွိအခ်ိန္မွာ စီးရီးေအဂိုးအမ်ားဆံုးသြင္းယူထားတဲ့ကစားသမားစာရင္းမွာေတာ့ ဆမ္ဒီုးရီးယားအသင္းတိုက္စစ္မႈး Fabio Quagliarella ႏွင့္အၿပိဳင္က်ဲေနပါတယ္။
(Unicode)
ရိုနယ်ဒိုမရှိတော့တဲ့အကျိုးဆက်ကိုခံစားနေရတဲ့ရီးရဲလ်ရဲ့ဘာနေဗျူးကဂိုးသွင်းနှုန်းအချိုး
ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ်ရာသီမှာ အသင်းရဲ့ရလဒ်နှင့်အနေအထားအတက်အဆင်းကြမ်းခဲ့ပြီးအဲဒီရဲ့ အကျိုးဆက်က ရိုနယ်ဒို နှင့် နည်းပြဇီဒန်းတို့ နှစ်ဦးရဲ့ထွက်ခွာသွားမှုကြောင့်လို့သုံးသပ်နိုင်ပါတယ်။
ဂျူလန်လိုပက်တီဂူက မက်ဒရစ်မြေကိုကောင်းစွာဝင်ရောက်နိုင်ခဲ့သော်လည်း နည်းပြဟောင်းဇီဒန်းနေရာကိုကောင်းစွာဝင်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲရာသီအစပိုင်းအောက်တိုဘာလမှာ တင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ရိုနယ်လ်ဒိုနှင့်ဇီဒန်းတို့မရှိတော့တဲ့နောက်မှာ စပိန်ဒါဘီပွဲစဉ်ဖြစ်တဲ့ဘာစီလိုနာအသင်းနှင့်ပွဲစဉ်မှာ ၅ဂိုး၁ဂိုးနှင့်ရှုံးနိမ့်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကစားသမားဟောင်းဆိုလာရီကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။များမကြာမှီ နိုဝင်ဘာလမှာပဲဆိုလာရီကို အမြဲတမ်းနည်းပြအနေနှင့်ခန့်အပ်လိုက်ပါတယ်။
နည်းပြဆိုလာရီရောက်ရှိလာပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းက ပြည်တွင်းလိဂ်နှင့်လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပုံမှန်အနေအထားနီးပါပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမယ့်ရီးရဲလ်အသင်းကရိုနယ်လ်ဒိုကိုရောင်းချခဲ့ပြီးတဲ့နောက်မှာအသင်းရဲ့တောင့်တင်းမှုအားကအများကြီးလျော့ကျသွားခဲ့ပြီး ဂိုးသွင်းနှုန်းကလည်းအံ့သြသင့်ဖို့ကောင်းလောက်ကျဆင်းသွားခဲ့ပါတယ်။ပမာပြရရင်ဖြင့်ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းဘာနေဗျူးကွင်းမှာ ယခုနှစ်ရာသီပွဲပေါင်း၂၀ မှာဂိုး ၃၇ဂိုးသာသွင်းယူထားနိုင်ပါတယ်။
ဒီရလဒ်ကိုပြီးခဲ့တဲ့၉ရာသီနှင့်နှိုင်းယှဉ်ကြည့်ရင်တော့ အများကြီးကွာဟနေတာကိုတွေ့ရပါတယ်။ပျမ်းမျှအားဖြင့်ရီးရဲလ်မက်ဒရစ်အသင်းကအိမ်ကွင်း ပွဲ၂၀လောက်ကစားပြီးတိုင်းဂိုး ၆၂ဂိုးလောက်အထိသွင်းယူနိုင်ပါတယ်။အဆိုပါပြီးခဲ့တဲ့၉ရာသီစလုံးမှာရိုနယ်ဒိုကအဓိကဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး သူထွက်ခွာသွားတဲ့အချိန်မှာတော့အသင်းရဲ့ရရှိတဲ့ ၂၅ဂိုးလောက်လျော့နည်းသွားခဲ့ပါတယ်။ဒါဟာ ရိုနယ်ဒိုမရှိတော့ခြင်းရဲ့အကျိုးဆက်တစ်ခုလို့ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့စပိန်ဒါဘီပွဲစဉ်၂ပွဲစလုံးမှာ အရေးနိမ့်ခဲ့ပြီးနောက်အသင်းရဲ့ကွင်းလယ်လူလူကာမိုဒရစ်က ရိုနယ်လ်ဒိုကိုလွမ်းဆွတ်သတိရမိကြောင်းဆိုပါတယ်။
"သူလိုကစားသမားတွေကိုအသင်းတိုင်းကသတိရနေကြလိမ့်မှာပါ။ရိုနယ်လ်ဒိုနေရာကိုဖြည့်နိုင်မည့်ကစားသမားကိုရှာဖွေနေကြည့်တာဘယ်သူမှ ကိုမတွေ့နိုင်သေးပါဘူး။လုံးဝကိုမဖြစိနိုင်သေးတာပါ။သူကအသင်းမှာအများကြီးပေးဆပ်ခဲ့တယ်လေ အဲဒါကြောင့်ကျွနိတော်တို့်အားလုံးသူကိုသတိရနေကြတယ်ဗျာ"လို့ Fox sport asiaကိုပြောကြားခဲ့ပါတယ်။
"အသင်းကသူနေရာမှာတခြားကစားသမားတွေဖြည့်ပြီးကစားရင်းပင်ပန်းနေပြီ။ဘယ်သူကတိုက်စစ်ကစားသမားဆိုတာ ဆုံးဖြတ်ပိုင်းခြားဖို့တောင်မသိတော့ပါဘူးပြီးတော့ဒါက လုံးဝမလွယ်ကူတာပါ။ရိုနယ်ဒိုက ဂိုး၅၀လောက်သွင်းယူပေးထားခဲ့တယ်။သူလိုဂိုးအများကြီးသွင်းပေးနိုင်တဲ့သူကိုမင်းရှာလို့တွေနိူင်မှာမဟုတ်ပါဘူး။"
"တစ်ချို့ကစားသမားတွေကတော့တိုက်စစ်မှာရှိနေပါတယ်။ဒါပေမယ့်သူလိုဂိုး၅၀သွင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမယ့်တိုက်စစ်၃ဦးကတော့ ယခုနှစ်ရာသီမှာအနည်းဆုံး ၁၅ ဂိုး ဂိုး၂၀လောက် ဒါမှမဟုတ် ၁၀ဂိုးလောက်သွင်းကြမှာပါ။ကျွန်တော်တို့ဒီဟာကိုဖြေရှင်းလို့မရသေးပါဘူး။ဒါဟာ ကျွန်တော်အားလုံးရဲ့ယခုနှစ်အကြီးမားဆုံးပြသာနာတစ်ခုပါပဲ"
"ဥပမာပြောရမယ်ဆိုရင် ကိုပါဒဲရေး ဖလားမှာ ဘာစီလိုနာ အသင်းနဲ့ကစားတုန်းကဆိုရင် ကျွန်တော်အခွင့်အရေးတွေအများကြီးရခဲ့တယ်။ဒါပေမယ့်ပြိုင်ဖက်အသင်းက ကောင်းကောင်းအရည်အချင်းအပြည့်အဝရှိတာကြောင့်ကျွန်တော်တို့ကိုကောင်းကောင်းအသုံးချသွားခဲ့တယ်"
အသက်၃၃နှစ်အရွယ် ခရိုအေးရှားအသင်းကွင်းလယ်ကစားသမား မိုဒရစ်ဟာ ၂၀၁၈ခုနှစ်ရဲ့ဘော်လွန်းဒီအော်ဆုကို ရိုနယ်ဒိုကိုကျော်ဖြတ်ကာရရှိခဲ့ပါတယ်။သူကိုကလပ်က ရိုနယ်ဒိုမရှိတဲ့ဘဝမှာ ပျော်မွေ့နေရပြီး ယခုအခါသမယမှာတော့ ဂါရတ်ဘေးက အကောင်းဆုံးကစားသမားတစ်ဦးလို့ပြောကြားခဲ့ပါတယ်။
"ရိုနယ်ဒိုဒီမှာမရှိတော့ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ ပြီးခဲ့တဲ့၁၀နှစ်အကြောင်းကိုရှင်းပြနိုင်မှာမဟုတ်ပါဘူး။အသင်းမှာ ဘေးလ် အဆန်ဆီယို ဘင်ဇီမာတို့က သစ္စာရှိရှိရှိနေပါတယ်။အသင်းက မာရီယာနို ဗင်နီစီးယက်ဂျူနီယာ တို့ကိုလည်းစာချုပ်ထားပါတယ်။သူတို့အသက်အရွယ်နဲ့သူအကောင်းဆုံးလုပ်နိုင်ကြပါတယ်။"
"ဘေးလ်ကကောင်းနေတယ်။တစ်ခါတစ်လေ သူတို့ကစားသမားဘဝအပြောင်းအလဲတဆစ်ချိုးတွေကိုသူတို့ကောင်းကောင်းခံစားနိုင်ကြမှာမဟုတ်ပါဘူး။လူတိုင်းဒါကိုကျော်ဖြတ်ရမှာပါ။ကျွန်တော်လည်းကျော်ဖြတ်ခဲ့ပြီးပါပြီ။ဘေးလ်ကိုကြည့်ရတာပျော်စရာကောင်းပြီးစိတ်လှုပ်ရှားစရာကောင်းပါတယ်။သူတို့အသင်းအတွက်ကြိုးစားပေးတာကို ကျွန်တော်တို့မမေ့ပါဘူး။ဒါတွေကလွယ်လွယ်မေ့ကြတဲ့အကြောင်းအရာတွေပါ။
"သူကအလုပ်ကောင်းကောင်းအမြဲလုပ်ချင်တယ်။ပြီးတော့သူကအရင်ဘေးလ်လိုပဲပြန်ကစားချင်နေတာဗျ။သူအသင်းအပေါ်အများကြီးပေးဆပ်နေပါတယ်။သူအလုပ်သူလုပ်နေပါတယ်။"
ဒီအတောအတွင်းမှာတော့ရိုနယ်ဒိုက စီးရီအေ လိဂ်ကလပ်ဂျူဗင်တပ်အသင်းနှင့်အတူခြေစွမ်းပြနေပြီး လက်ရှိအချိန်မှာ စီးရီးအေဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားစာရင်းမှာတော့ ဆမ်ဒီုးရီးယားအသင်းတိုက်စစ်မှုး Fabio Quagliarella နှင့်အပြိုင်ကျဲနေပါတယ်။
Post a Comment