Header Ads


ပြဲအလွည့္အေျပာင္းမ်ားစြာနဲ ့ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ စပါးလ္ ၁-၁ အာဆင္နယ္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္အသင္းဟာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္စပါးလ္အသင္းနဲ ့ရင္ဆိုင္ကစားတဲ့ပြဲမွာ အသင္းရဲ ့လတ္တေလာပြဲစဥ္ေတြမွာေျခစြမ္းျပကစားေနတဲ့ မီဆြတ္အိုလ္ေဇးလ္နဲ ့ေတာ္ရဲရားတို ့ကိုထည့္မသံုးခဲ့တာေၾကာင့္ နည္းျပအူနိုင္းအမ္မရီရဲ ့ပြဲထြက္လူစာရင္းအေပၚေ၀ဖန္မႈေတြရိွခဲ့ပါတယ္။

ဒါပင္မယ့္လည္း အာဆင္နယ္အသင္းဟာ ဧည့္သည္စပါးလ္အသင္းကို ရင္ဆိုင္ကစားတဲ့ေနရာမွာ က်စ္လစ္ခံစစ္အသြင္နဲ ့စပါးလ္ကို ေဘာလံုးေပးကိုင္ကစားခဲ့ကာတန္ျပန္တိုက္စစ္ကေန အမွားယြင္းမ်ားေနတဲ့ စပါးလ္ခံစစ္ကို ခ်ိန္းေျခာက္ခဲ့ပါတယ္။

စပါးလ္အသင္းဟာ အဓိကတိုက္စစ္ဖန္တီးရွင္ဒယ္လီအယ္လီတစ္ေယာက္မပါ၀င္နိုင္ခဲ့ေသာ္လည္း အာဆင္နယ္အသင္းဘက္ကို ေဘာလံုးအသာစီးရယူကာ အဲရစ္ဆင္၊ဆြန္၊ဟာရီကိန္းတို ့ရဲ ့တိုက္စစ္အခ်ိတ္အဆက္ေတြနဲ ့ဖိဖိစီးစီးတိုက္စစ္ဆင္ခဲ့ေသာ္လည္း အာဆင္နယ္အသင္းရဲ ့ခံစစ္ကိုမေက်ာ္ျဖတ္နိုင္ခဲ့ပါဘူး။




ပြဲကစားခ်ိန္ ၁၅မိနစ္အေရာက္မွာစပါးလ္အသင္းတို ့အာဆင္နယ္အသင္းဘက္အျခမ္းထိထိုးေဖာက္တိုက္စစ္ဆင္ေနရင္း ဟာရီကိန္းရဲ ့ထိုးေဖာက္မႈကေန ျပန္အန္ထြက္လာတဲ့ေဘာလံုးကို ေနာက္ခံလူဆန္းခ်က္စ္ရဲ ့မျပတ္သားမႈကေန လာကာဇက္က ရမ္ေဆးရဲ ့ေျပးလမ္းေၾကာင္းထဲလြတ္လြတ္ကၽြတ္ကၽြတ္ ခင္းေပးခဲ့ၿပီး ရမ္ေဆးက ဂိုးသမား ဟူဂူလိုရစ္ကို ျဖတ္ေက်ာ္ကာ ဦးေဆာင္ဂိုးသြင္းယူနိုင္ခဲ့တာပဲျဖစ္ပါတယ္။

ဦးေဆာင္ဂိုးေပးလုိက္ရတဲ့စပါးလ္အသင္းဟာ တိုက္စစ္ပိုင္းကို ျပန္လည္ဖိဖိစီးစီးကစားေနခဲ့ေသာ္လည္း အာဆင္နယ္အသင္းရဲ ့ခံစစ္ကို ထိုးေဖာက္ဖို ့အေျဖမရွာမရနိုင္ခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း ပြဲကစားခ်ိန္၄၃မိနစ္မွာအာဆင္နယ္အသင္းတို ့ေနာက္ထပ္ဦးေဆာင္ဂိုးရနိုင္မယ့္အခြင့္အေရးကို အီ၀ိုဘီကေ၀့ကန္ခဲ့ေသာ္လည္း ဂိုးသမားလိုရစ္ကပုတ္ထုတ္ခဲ့ပါတယ္။ပထမပိုင္းၿပီးခါနီးမွာေတာ့ ပြဲရဲ့Tempo ဟာပိုျမင့္လာခဲ့ၿပီး ဟာရီကိန္းရဲ ့ဖန္တီးေပးမႈကေန အဲရစ္ဆင္ရဲ ့အပိုင္ကန္သြင္းခ်က္ကို အာဆင္နယ္ဂိုးသမား ဘဒ္လီနိုက ကာကြယ္ခဲ့ၿပီး ျပန္ထြက္လာတဲ့ေဘာလံုးကို ဆစ္ဆိုနိုက အပိုင္ကန္သြင္းျပန္ရာ လီနိုက ထပ္မံပုတ္ထုတ္ျပခဲ့ၿပီး ကမာၻ ့အဆင့္လက္စြမ္းကိုျမင္ေတြ ့ခဲ့ရပါတယ္။




ဒုတိယပိုင္းအစမွေတာ့ ကြင္းလယ္လူ ဂြမ္ဒိုဇီေနရာ ေတာ္ရဲရားနဲ ့လူစားလဲခဲ့ၿပီး အာဆင္နယ္တို ့ကြင္းလယ္ပိုင္းပိုမိုက်စ္လာေအာင္လုပ္ေဆာင္လာခဲ့ပါတယ္။ဒါပင္မယ့္လည္း ၂သင္းစလံုးဟာလူစားလဲမႈေတြျပဳလုပ္ခဲ့ၾကၿပီး လာကာဇက္ေနရာ အူဘာမီးယန္း၊ရမ္ေဆးေနရာ အိုလ္ေဇးလ္တို ့နဲ ့အစားထိုးအသံုးျပဳခဲ့သလို စပါးလ္အသင္းကလည္း ၀မ္ယာမားေနရာ လာမယ္လာ၊ဆြန္ေနရာ ေလာရန္တီတို ့နဲ ့လူစားလဲခဲ့ၾကပါတယ္။

စပါးလ္အသင္းကေဘာလံုးပိုင္ဆိုင္မႈအသာနဲ ့ကစားေနၿပီး အာဆင္နယ္အသင္းရဲ ့တန္ျပန္တိုက္စစ္ေတြဟာလည္း စပါးလ္အသင္းကို ေကာင္းေကာင္းၾကီးခ်ိန္းေျခာက္နို္င္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၇၃မိနစ္အေရာက္မွာေတာ့ စပါးလ္တို ့အျငင္းပြားဖြယ္ရာပယ္နယ္တီကိုရရိွခဲ့ၿပီး ျပစ္ဒဏ္ေဘာကေနအနည္းငယ္လူကၽြံေနတဲ့ ဟာရီကိန္းကို ေနာက္ခံလူမူစတာဖီက တြန္းတိုက္ခဲ့တာပဲျဖစ္ပါတယ္။အဆိုပါပယ္နယ္တီကို စပါးလ္တိုက္စစ္မွဴးဟာရီကိန္းကအမွားအယြင္းမရိွကန္သြင္းယူသြားနိုင္ခဲ့ပါတယ္။




ေခ်ပဂိုးေပးခံလိုက္ရတဲ့အာဆင္နယ္အသင္းဟာ တိုက္စစ္ျပန္တင္ကစားခဲ့ၿပီး ပြဲဟာအျပန္အလွန္တိုက္စစ္ကစားၾကရင္းၾကည့္ေကာင္းခဲ့သလို ၂သင္းက ကစားသမားေတြဟာလည္း ၾကမ္းၾကမ္းတမ္းတမ္းျဖတ္ထုတ္မႈေတြျပဳလုပ္ခဲ့ပါတယ္။



ပြဲအလွည့္အေျပာင္းျဖစ္လာေစမယ့္ အခ်ိန္ကေတာ့ ပြဲကစားခ်ိန္ ၈၉  မိနစ္အေရာက္မွာ အူဘာမီယန္းရဲ ့ပယ္နယ္တီဧရိယာအတြင္းထိုးေဖာက္မႈကို စပါးလ္ေနာက္ခံလူဆန္းခ်က္ျဖတ္ထုတ္ရမွာ အူဘာမီးယန္းလဲက်သြားတာေၾကာင့္ ကြင္းလယ္ဒိုင္က ပယ္နယ္တီအျဖစ္သတ္မွတ္ေပးခဲ့ၿပီး အဆိုပါပယ္နယ္တီျပစ္ဒဏ္ဟာလည္း စပါးလ္ရဲ ့ပယ္နယ္တီလိုမ်ိဳး ေပးဖို ့မထိုက္တန္ပါဘူး။

အဆိုပါပယ္နယ္တီကို တိုက္စစ္မွဴးအူဘာမီးယန္းက သြင္းယူေသာ္လည္း သူ ့ရဲ ့မတည္မၿငိမ္ကန္ခ်က္ေၾကာင့္ ဂိုးသမားလိုရစ္အေကာင္းဆံုးပုတ္ထုတ္နိုင္ခဲ့ပါတယ္။



အာဆင္နယ္အသင္းတို ့ဟာ ကိုယ္နိုင္ရမယ့္အလွည့္ကေန ေနာက္ထပ္ေပးဆပ္မႈတစ္ခုထပ္မံေပးခဲ့ရၿပီး အခ်ိန္ပိုမိနစ္ေရာက္မွာေတာ့ ဒန္နီရို ့စ္အေပၚ ျဖတ္ထုတ္ပံုၾကမ္းခဲ့တဲ့အာဆင္နယ္ ကြင္းလယ္လူေတာ္ရဲရား တိုက္ရိုက္အနီကဒ္ျပခံခဲ့ရပါတယ္။

လန္ဒန္ဒါဘီပြဲစဥ္ျဖစ္ၿပီး အေရးၾကီးတဲ့ဒီေန့လို ပြဲစဥ္ေတြမွာ ရရိွလာတဲ့အခြင့္အေရးကိုအေကာင္းဆံုးအသံုးခ်သင့္ၿပီး နိုင္သင့္နိုင္ထိုက္တဲ့ အာဆင္နယ္အသင္းတို ့အတြက္ေတာ့ ဒီရလဒ္ဟာ မခ်ိတင္ကဲျဖစ္ခဲ့ရပါတယ္။


မည္သို ့ပင္ဆိုေစကာမူ ေျမာက္လန္ဒန္ဒါဘီသေရရလဒ္ေၾကာင့္ အဆင့္ နဲ ့အဆင့္ ၆ကအသင္းေတြျဖစ္တဲ့ မန္ယူ၊ခ်ဲလ္ဆီးအတြက္ေတာ့ အဆင့္၄အတြင္း၀င္ေရးအတြက္အခြင့္ေကာင္းသြားတာပဲျဖစ္ပါတယ္။

(Unicode)

ပွဲအလှည့်အပြောင်းများစွာနဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ် စပါးလ် ၁-၁ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ်စပါးလ်အသင်းနဲ့ရင်ဆိုင်ကစားတဲ့ပွဲမှာ အသင်းရဲ့လတ်တလောပွဲစဉ်တွေမှာခြေစွမ်းပြကစားနေတဲ့ မီဆွတ်အိုလ်ဇေးလ်နဲ့တော်ရဲရားတို့ကိုထည့်မသုံးခဲ့တာကြောင့် နည်းပြအူနိုင်းအမ်မရီရဲ့ပွဲထွက်လူစာရင်းအပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါပင်မယ့်လည်း အာဆင်နယ်အသင်းဟာ ဧည့်သည်စပါးလ်အသင်းကို ရင်ဆိုင်ကစားတဲ့နေရာမှာ ကျစ်လစ်ခံစစ်အသွင်နဲ့စပါးလ်ကို ဘောလုံးပေးကိုင်ကစားခဲ့ကာတန်ပြန်တိုက်စစ်ကနေ အမှားယွင်းများနေတဲ့ စပါးလ်ခံစစ်ကို ချိန်းခြောက်ခဲ့ပါတယ်။

စပါးလ်အသင်းဟာ အဓိကတိုက်စစ်ဖန်တီးရှင်ဒယ်လီအယ်လီတစ်ယောက်မပါဝင်နိုင်ခဲ့သော်လည်း အာဆင်နယ်အသင်းဘက်ကို ဘောလုံးအသာစီးရယူကာ အဲရစ်ဆင်၊ဆွန်၊ဟာရီကိန်းတို့ရဲ့တိုက်စစ်အချိတ်အဆက်တွေနဲ့ဖိဖိစီးစီးတိုက်စစ်ဆင်ခဲ့သော်လည်း အာဆင်နယ်အသင်းရဲ့ခံစစ်ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ပွဲကစားချိန် ၁၅မိနစ်အရောက်မှာစပါးလ်အသင်းတို့အာဆင်နယ်အသင်းဘက်အခြမ်းထိထိုးဖောက်တိုက်စစ်ဆင်နေရင်း ဟာရီကိန်းရဲ့ထိုးဖောက်မှုကနေ ပြန်အန်ထွက်လာတဲ့ဘောလုံးကို နောက်ခံလူဆန်းချက်စ်ရဲ့မပြတ်သားမှုကနေ လာကာဇက်က ရမ်ဆေးရဲ့ပြေးလမ်းကြောင်းထဲလွတ်လွတ်ကျွတ်ကျွတ် ခင်းပေးခဲ့ပြီး ရမ်ဆေးက ဂိုးသမား ဟူဂူလိုရစ်ကို ဖြတ်ကျော်ကာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရတဲ့စပါးလ်အသင်းဟာ တိုက်စစ်ပိုင်းကို ပြန်လည်ဖိဖိစီးစီးကစားနေခဲ့သော်လည်း အာဆင်နယ်အသင်းရဲ့ခံစစ်ကို ထိုးဖောက်ဖို့အဖြေမရှာမရနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ပွဲကစားချိန်၄၃မိနစ်မှာအာဆင်နယ်အသင်းတို့နောက်ထပ်ဦးဆောင်ဂိုးရနိုင်မယ့်အခွင့်အရေးကို အီဝိုဘီကဝေ့ကန်ခဲ့သော်လည်း ဂိုးသမားလိုရစ်ကပုတ်ထုတ်ခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးမှာတော့ ပွဲရဲ့Tempo ဟာပိုမြင့်လာခဲ့ပြီး ဟာရီကိန်းရဲ့ဖန်တီးပေးမှုကနေ အဲရစ်ဆင်ရဲ့အပိုင်ကန်သွင်းချက်ကို အာဆင်နယ်ဂိုးသမား ဘဒ်လီနိုက ကာကွယ်ခဲ့ပြီး ပြန်ထွက်လာတဲ့ဘောလုံးကို ဆစ်ဆိုနိုက အပိုင်ကန်သွင်းပြန်ရာ လီနိုက ထပ်မံပုတ်ထုတ်ပြခဲ့ပြီး ကမ္ဘာ့အဆင့်လက်စွမ်းကိုမြင်တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်းအစမှတော့ ကွင်းလယ်လူ ဂွမ်ဒိုဇီနေရာ တော်ရဲရားနဲ့လူစားလဲခဲ့ပြီး အာဆင်နယ်တို့ကွင်းလယ်ပိုင်းပိုမိုကျစ်လာအောင်လုပ်ဆောင်လာခဲ့ပါတယ်။ဒါပင်မယ့်လည်း ၂သင်းစလုံးဟာလူစားလဲမှုတွေပြုလုပ်ခဲ့ကြပြီး လာကာဇက်နေရာ အူဘာမီးယန်း၊ရမ်ဆေးနေရာ အိုလ်ဇေးလ်တို့နဲ့အစားထိုးအသုံးပြုခဲ့သလို စပါးလ်အသင်းကလည်း ဝမ်ယာမားနေရာ လာမယ်လာ၊ဆွန်နေရာ လောရန်တီတို့နဲ့လူစားလဲခဲ့ကြပါတယ်။

စပါးလ်အသင်းကဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနေပြီး အာဆင်နယ်အသင်းရဲ့တန်ပြန်တိုက်စစ်တွေဟာလည်း စပါးလ်အသင်းကို ကောင်းကောင်းကြီးချိန်းခြောက်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၇၃မိနစ်အရောက်မှာတော့ စပါးလ်တို့အငြင်းပွားဖွယ်ရာပယ်နယ်တီကိုရရှိခဲ့ပြီး ပြစ်ဒဏ်ဘောကနေအနည်းငယ်လူကျွံနေတဲ့ ဟာရီကိန်းကို နောက်ခံလူမူစတာဖီက တွန်းတိုက်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါပယ်နယ်တီကို စပါးလ်တိုက်စစ်မှူးဟာရီကိန်းကအမှားအယွင်းမရှိကန်သွင်းယူသွားနိုင်ခဲ့ပါတယ်။

ချေပဂိုးပေးခံလိုက်ရတဲ့အာဆင်နယ်အသင်းဟာ တိုက်စစ်ပြန်တင်ကစားခဲ့ပြီး ပွဲဟာအပြန်အလှန်တိုက်စစ်ကစားကြရင်းကြည့်ကောင်းခဲ့သလို ၂သင်းက ကစားသမားတွေဟာလည်း ကြမ်းကြမ်းတမ်းတမ်းဖြတ်ထုတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

ပွဲအလှည့်အပြောင်းဖြစ်လာစေမယ့် အချိန်ကတော့ ပွဲကစားချိန် ၈၉  မိနစ်အရောက်မှာ အူဘာမီယန်းရဲ့ပယ်နယ်တီဧရိယာအတွင်းထိုးဖောက်မှုကို စပါးလ်နောက်ခံလူဆန်းချက်ဖြတ်ထုတ်ရမှာ အူဘာမီးယန်းလဲကျသွားတာကြောင့် ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ပြီး အဆိုပါပယ်နယ်တီပြစ်ဒဏ်ဟာလည်း စပါးလ်ရဲ့ပယ်နယ်တီလိုမျိုး ပေးဖို့မထိုက်တန်ပါဘူး။

အဆိုပါပယ်နယ်တီကို တိုက်စစ်မှူးအူဘာမီးယန်းက သွင်းယူသော်လည်း သူ့ရဲ့မတည်မငြိမ်ကန်ချက်ကြောင့် ဂိုးသမားလိုရစ်အကောင်းဆုံးပုတ်ထုတ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းတို့ဟာ ကိုယ်နိုင်ရမယ့်အလှည့်ကနေ နောက်ထပ်ပေးဆပ်မှုတစ်ခုထပ်မံပေးခဲ့ရပြီး အချိန်ပိုမိနစ်ရောက်မှာတော့ ဒန်နီရို့စ်အပေါ် ဖြတ်ထုတ်ပုံကြမ်းခဲ့တဲ့အာဆင်နယ် ကွင်းလယ်လူတော်ရဲရား တိုက်ရိုက်အနီကဒ်ပြခံခဲ့ရပါတယ်။

လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ပြီး အရေးကြီးတဲ့ဒီနေ့လို ပွဲစဉ်တွေမှာ ရရှိလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချသင့်ပြီး နိုင်သင့်နိုင်ထိုက်တဲ့ အာဆင်နယ်အသင်းတို့အတွက်တော့ ဒီရလဒ်ဟာ မချိတင်ကဲဖြစ်ခဲ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ မြောက်လန်ဒန်ဒါဘီသရေရလဒ်ကြောင့် အဆင့် ၅ နဲ့အဆင့် ၆ကအသင်းတွေဖြစ်တဲ့ မန်ယူ၊ချဲလ်ဆီးအတွက်တော့ အဆင့်၄အတွင်းဝင်ရေးအတွက်အခွင့်ကောင်းသွားတာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.