Header Ads


မၿပီးျပတ္နိုင္ေသးတဲ့ယူနိုက္တက္ရဲ ့ဆိုးလ္ရွားလက္ထက္ရံႈးပြဲမရိွစံခ်ိန္ဇာတ္လမ္းတြဲ(ယူနိုက္တက္၃-၂ေဆာက္တမ္တန္)


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပြဲအစပိုင္းမိနစ္ေတြမွာေဘာလံုးပိုင္ဆိုင္မႈအသာနဲ ့တိုက္စစ္ကိုဖိအားေပးကစားခဲ့ၿပီး တိုက္စစ္မွဴးလူကာကူရဲ ့အပိုင္ကန္သြင္းခ်က္၂လံုးကိုေဆာက္တမ္တန္အသင္းဂိုသမားအြန္ဂတ္စ္ဂန္းက ကာကြယ္သြားနိုင္ခဲ့ပါတယ္။

ဒါပင္မယ့္လည္း ပြဲကစားခ်ိန္ ၁၀မိနစ္ေက်ာ္မွာ ေတာ့ ယူနိုက္တက္တို ့ရဲ ့ကစားဟန္ဟာ ပံုပ်က္လာခဲ့ၿပီး ေပးပို ့မႈအမွားအယြင္းေတြမ်ားလာခဲ့ကာ ဧည့္သည္ေဆာက္တမ္တန္အသင္းတို ့ျပန္လည္ဖိအားေပးကစားလာနိုင္ခဲ့ပါတယ္။

ယူနိုက္တက္တို ့ဟာ တစ္ေျဖးေျဖးပံုစံေကာင္းေတြေပ်ာက္ဆံုးလာေနခဲ့ၿပီး ပြဲကစားခ်ိန္ ၂၅မိနစ္အေရာက္မွာေတာ့ ေဆာက္တမ္တန္ကစားသမား ဗယ္လာရီက အဆင့္တန္းျမင့္အေ၀းကန္ခ်က္သြင္းဂိုးနဲ ့ဦးေဆာင္ဂိုးသြင္းယူသြားခဲ့ၿပီး အဆိုပါဂိုးဟာ လက္ရိွပရီးမီယားလိပ္ရာသီရဲ ့အေကာင္းဆံုးသြင္းဂိုးျဖစ္လာနိုင္ဖြယ္ရိွပါတယ္။




ယူနိုက္တက္အသင္းဟာ အထူးသျဖင့္ ေနာက္တန္း နဲ ့ကြင္းလယ္ခံစစ္ခ်ိတ္ဆက္ပံုအားနည္းေနၿပီး ကြင္းလယ္လူေတြျဖစ္ၾကတဲ့ မက္တိုမီေနး၊ပါရဲရားတို ့ပံုမွန္ေျခစြမ္းေအာက္က်ေရာက္ေနတာပဲျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၃၃မိနစ္အေရာက္မွာေတာ့ ယူနိုက္တက္တို ့ေခ်ပဂိုးရနိုင္မယ့္အခြင့္အေရးေကာင္းရရိိွခဲ့ေသာ္လည္း လူကာကူနဲ ့ရပ္ဖို ့ဒ္တို ့အသံုးမခ်နိုင္ခဲ့ပါဘူး။ေနာက္ထပ္ ၂မိနစ္အၾကာမွာေတာ့ ပါရဲရားရဲ ့ေပးပို ့မႈေကာင္းကေန လူကာကူတို ့အပိုုင္ေခါင္းတိုက္ခြင့္ရခဲ့ေသာ္လည္း ေခါင္းနဲ ့မထိခဲ့ျပန္ပါဘူး။

တန္းဆင္ဇုန္အတြင္းမွာ ေရာက္ေနတဲ့ေဆာက္တမ္တန္အသင္းနဲ ့ယူနိုက္တက္ကို ခံစစ္အသြင္နဲ ့သာက်စ္က်စ္လစ္လစ္ပံုေဖာ္ကစားေနခဲတာပဲျဖစ္ကာ ပြဲကစားခ်ိန္ ၃၉  မိနစ္မွာစေမာလင္းရဲ ့ေခါင္းတိုက္ခ်က္ဂိုးေပါက္နဲ ့အနည္းငယ္လြဲေခ်ာ္သြားခဲ့တာပဲျဖစ္ပါတယ္။



ေနာက္ပိုင္းပြဲစဥ္ေတြမွာယူနိုက္တက္တို ့ရဲ ့ခံစစ္ပိုင္းယိုေပါက္တစ္ခုအျဖစ္သိသိသာသာျမင္ေတြ ့လာခဲ့တာကေတာ့  ယူနိုက္တက္အသင္းရဲ ညာအစြန္ေနာက္ခံေနရာျဖစ္တဲ့အက္ရ္ွေလယန္းေနရာျဖစ္ၿပီးေဆာက္တမ္တန္အသင္းဟာသူတို ့အသင္းရဲ ့တိုက္စစ္ကို အက္ရ္ွေလယန္းရိွတဲ့ ဘယ္ေတာင္ပံတိုက္စစ္ကိုသာအဓိကထားခဲ့ၿပီး အက္ရ္ွေလယန္းရဲ ့ခံစစ္ပိုင္းအားနည္းမႈက ယူနိုက္တက္အတြက္အခက္ေတြ ့ေစခဲ့တာပဲျဖစ္ပါတယ္။

ဒုတိယပိုင္းအေရာက္မွာေတာ့ ယူနိုက္တက္တို ့တိုက္စစ္ပိုင္းကို ပိုမိုဖိအားေပးကစားလာခဲ့ၿပီး ေဘာလံုးပိုင္ဆိုင္မႈအမ်ားဆံုးနဲ ့ကစားေနခဲ့ပါတယ္။ဒါပင္မယ့္လည္း ပြဲကစားခ်ိန္ ၅၂မိနစ္အေရာက္မွာ ဒဏ္ရာရသြားတဲ့တိုက္စစ္ကစားသမား ဆန္းခ်က္စ္ေနရာ ေနာက္ခံလူဒယ္ေလာ့၀င္ေရာက္လာၿပီးေနာက္ယူနိုက္တက္တို ့တိုက္စစ္ပိုင္းပိုမိုၿမိဳင္ဆိုင္လာခဲ့ၿပီး ပြဲကစားခ်ိန္ ၅၃ မိနစ္အေရာက္မွာ ပံုမွန္ေျခစြမ္းေအာက္ေရာက္ေနတဲ့ ယူနိုက္တက္ကြင္းလယ္လူပါရဲရား ရဲ့ပယ္နယ္တီဧရိယာျပင္ဘက္လွပတဲ့ ေ၀့၀ွက္ကန္ခ်က္ကေန ယူနိုက္တက္တို ့ေခ်ပဂိုးရယူနိုင္ခဲ့ပါတယ္။




ခ်က္ခ်င္းဆုိသလို ယူနိုက္တက္တို ့ပိုမိုတိုက္စစ္ဆင္လာခဲ့ၿပီး ယူနိုက္တက္တိုက္စစ္မွာၾကိဳးစားရုန္းကန္ေပးေနတဲ့ လူကာကူက ပါရဲရားရဲ ့ဖန္တီးေပးမႈကေန ေဆာက္တမ္တန္ေနာက္ခံလူေတြကို ပါးပါးနပ္နပ္လိမ္ေခါက္ၿပီး ဂိုးသြင္းယူသြားခဲ့တာပဲျဖစ္ပါတယ္။ယူနိုက္တက္တိုက္စစ္မွာေတာ့ လူကာကူတစ္ေယာက္ အသင္းအတြက္အေတာ္ေလးေပးဆပ္ကစားေနတာကိုေတြ ့ရသလို ကြင္းလယ္လူ ပါရဲရားဟာလည္း ဒုတိယပိုင္းေရာက္မွသူ ့ရဲ ့ေျခစြမ္းအမွန္ကိုျပန္လည္ျမင္ေတြ ့ခြင့္ရခဲ့တာပဲျဖစ္ပါတယ္။




အနိုင္ဂိုးရသြားၿပီးေနာက္ပိုင္းယူနိုက္တက္အသင္းကသာပိုမိုဖိအားေပးကစားခဲ့ကာ အခြင့္အေရးတစ္ခ်ိဳ ့ရရိွခဲ့ပါတယ္။ဒါပင္မယ့္လည္းပြဲကစားခ်ိန္၇၄မိနစ္မွာေတာ့ေဆာက္တမ္တန္အသင္းတို ့မထင္မွတ္ပဲေခ်ပဂိုးျပန္ရခဲ့ၿပီး အဆိုပါေခ်ပဂိုးကို ဂ်ိမ္းစ္၀ါ့ဒ္ပေရာက္စ္က ဖရီးကစ္ကေနလွလွပပသြင္းယူျပခဲ့တာပဲျဖစ္ပါတယ္။



အနိုင္ဂိုးရၿပီးေနာက္ ကစားအားခ်ခဲ့တဲ့ယူနိုက္တက္ဟာေခ်ပဂိုးျပန္ေပးလိုက္ရၿပီးေနာက္ပိုင္းကစားအားျပန္တင္ဖို ့ခက္ခဲေနခဲ့တာကိုေတြ ့ရပါတယ္။ေနာက္ပို္င္းမိနစ္ေတြမွာေတာ့ ယူနိုက္တက္တို ့တိုက္စစ္ပိုင္းခ်ိတ္ကစားဖို ့ခက္ခဲေနခဲ့ၿပီး ေဆာက္တမ္တန္အသင္းကဖိအားေပးမႈတစ္ခ်ိဳ ့ျပဳလုပ္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၈၉ မိနစ္အေရာက္မွာေတာ့ ေနာက္ပိုင္းယူနိုက္တက္တိုက္စစ္မွာဂိုးသြင္းေျချပန္ေတြ ့နိုင္တဲ့လူကာကူက ဂိုးဧရိယာထိပ္ကေန လွပတဲ့သြင္းဂိုးတစ္ဂိုးသြင္းယူေပးခဲ့ၿပီးယူနိုက္တက္တို ့ကိုဦးေဆာင္ေစခဲ့ပါတယ္။



အခ်ိန္ပို ၃မိနစ္အေရာက္မွာယူနိုက္တက္တို ့ပယ္နယ္တီရရိွခဲ့ၿပီး အဆိုပါပယ္နယ္တီကို ေပါ့ဘာကကန္သြင္းရာမွဂိုးသမားနဲ ့ထိခဲ့ၿပီးယူနိုက္တက္တို ့ေနာက္ထပ္ဦးေဆာင္ဂိုးနဲ ့နစ္နာေစခဲ့ပါတယ္။

ဒီပြဲမွာအေကာင္းဆံုးေျခစြမ္းျပခဲ့တဲ့လူကာကူတစ္ေယာက္ MOM ဆုရသင့္ၿပီး ဆိုးလ္ရွားလက္ထက္ယူနိုက္တက္ရဲ ့ပရီးမီးယားလိပ္ရံႈးပြဲမရိွေသးတဲ့ဇာတ္လမ္းတြဲကိုအေကာင္းဆံုးဆက္လက္ရိုက္ကူးေပးခဲ့တဲ့သူလည္းျဖစ္ပါတယ္။

အဆိုပါနိုင္ပြဲေၾကာင့္ ယူနိုက္တက္တို ့ဟာ ဆိုးလ္ရွားလက္ထက္ ပရီးမီးယားလိပ္ရံႈးပြဲမရိွစံခ်ိန္ကိုဆက္တင္နိုင္ခဲ့ရံုမက အဆင့္ ၄အထိပါတက္လွမ္းနိုင္ခဲ့တာပဲျဖစ္ပါတယ္။

(Unicode)

မပြီးပြတ်နိုင်သေးတဲ့ယူနိုက်တက်ရဲ့ဆိုးလ်ရှားလက်ထက်ရှုံးပွဲမရှိစံချိန်ဇာတ်လမ်းတွဲ(ယူနိုက်တက်၃-၂ဆောက်တမ်တန်)

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲအစပိုင်းမိနစ်တွေမှာဘောလုံးပိုင်ဆိုင်မှုအသာနဲ့တိုက်စစ်ကိုဖိအားပေးကစားခဲ့ပြီး တိုက်စစ်မှူးလူကာကူရဲ့အပိုင်ကန်သွင်းချက်၂လုံးကိုဆောက်တမ်တန်အသင်းဂိုသမားအွန်ဂတ်စ်ဂန်းက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒါပင်မယ့်လည်း ပွဲကစားချိန် ၁၀မိနစ်ကျော်မှာ တော့ ယူနိုက်တက်တို့ရဲ့ကစားဟန်ဟာ ပုံပျက်လာခဲ့ပြီး ပေးပို့မှုအမှားအယွင်းတွေများလာခဲ့ကာ ဧည့်သည်ဆောက်တမ်တန်အသင်းတို့ပြန်လည်ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ တစ်ဖြေးဖြေးပုံစံကောင်းတွေပျောက်ဆုံးလာနေခဲ့ပြီး ပွဲကစားချိန် ၂၅မိနစ်အရောက်မှာတော့ ဆောက်တမ်တန်ကစားသမား ဗယ်လာရီက အဆင့်တန်းမြင့်အဝေးကန်ချက်သွင်းဂိုးနဲ့ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပြီး အဆိုပါဂိုးဟာ လက်ရှိပရီးမီယားလိပ်ရာသီရဲ့အကောင်းဆုံးသွင်းဂိုးဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ အထူးသဖြင့် နောက်တန်း နဲ့ကွင်းလယ်ခံစစ်ချိတ်ဆက်ပုံအားနည်းနေပြီး ကွင်းလယ်လူတွေဖြစ်ကြတဲ့ မက်တိုမီနေး၊ပါရဲရားတို့ပုံမှန်ခြေစွမ်းအောက်ကျရောက်နေတာပဲဖြစ်ပါတယ်။

ပွဲကစားချိန် ၃၃မိနစ်အရောက်မှာတော့ ယူနိုက်တက်တို့ချေပဂိုးရနိုင်မယ့်အခွင့်အရေးကောင်းရရှိခဲ့သော်လည်း လူကာကူနဲ့ရပ်ဖို့ဒ်တို့အသုံးမချနိုင်ခဲ့ပါဘူး။နောက်ထပ် ၂မိနစ်အကြာမှာတော့ ပါရဲရားရဲ့ပေးပို့မှုကောင်းကနေ လူကာကူတို့အပိုင်ခေါင်းတိုက်ခွင့်ရခဲ့သော်လည်း ခေါင်းနဲ့မထိခဲ့ပြန်ပါဘူး။

တန်းဆင်ဇုန်အတွင်းမှာ ရောက်နေတဲ့ဆောက်တမ်တန်အသင်းနဲ့ယူနိုက်တက်ကို ခံစစ်အသွင်နဲ့သာကျစ်ကျစ်လစ်လစ်ပုံဖော်ကစားနေခဲတာပဲဖြစ်ကာ ပွဲကစားချိန် ၃၉  မိနစ်မှာစမောလင်းရဲ့ခေါင်းတိုက်ချက်ဂိုးပေါက်နဲ့အနည်းငယ်လွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ပိုင်းပွဲစဉ်တွေမှာယူနိုက်တက်တို့ရဲ့ခံစစ်ပိုင်းယိုပေါက်တစ်ခုအဖြစ်သိသိသာသာမြင်တွေ့လာခဲ့တာကတော့  ယူနိုက်တက်အသင်းရဲ ညာအစွန်နောက်ခံနေရာဖြစ်တဲ့အက်ရ်ှလေယန်းနေရာဖြစ်ပြီးဆောက်တမ်တန်အသင်းဟာသူတို့အသင်းရဲ့တိုက်စစ်ကို အက်ရ်ှလေယန်းရှိတဲ့ ဘယ်တောင်ပံတိုက်စစ်ကိုသာအဓိကထားခဲ့ပြီး အက်ရ်ှလေယန်းရဲ့ခံစစ်ပိုင်းအားနည်းမှုက ယူနိုက်တက်အတွက်အခက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ယူနိုက်တက်တို့တိုက်စစ်ပိုင်းကို ပိုမိုဖိအားပေးကစားလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအများဆုံးနဲ့ကစားနေခဲ့ပါတယ်။ဒါပင်မယ့်လည်း ပွဲကစားချိန် ၅၂မိနစ်အရောက်မှာ ဒဏ်ရာရသွားတဲ့တိုက်စစ်ကစားသမား ဆန်းချက်စ်နေရာ နောက်ခံလူဒယ်လော့ဝင်ရောက်လာပြီးနောက်ယူနိုက်တက်တို့တိုက်စစ်ပိုင်းပိုမိုမြိုင်ဆိုင်လာခဲ့ပြီး ပွဲကစားချိန် ၅၃ မိနစ်အရောက်မှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ ယူနိုက်တက်ကွင်းလယ်လူပါရဲရား ရဲ့ပယ်နယ်တီဧရိယာပြင်ဘက်လှပတဲ့ ဝေ့ဝှက်ကန်ချက်ကနေ ယူနိုက်တက်တို့ချေပဂိုးရယူနိုင်ခဲ့ပါတယ်။

ချက်ချင်းဆိုသလို ယူနိုက်တက်တို့ပိုမိုတိုက်စစ်ဆင်လာခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှာကြိုးစားရုန်းကန်ပေးနေတဲ့ လူကာကူက ပါရဲရားရဲ့ဖန်တီးပေးမှုကနေ ဆောက်တမ်တန်နောက်ခံလူတွေကို ပါးပါးနပ်နပ်လိမ်ခေါက်ပြီး ဂိုးသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှာတော့ လူကာကူတစ်ယောက် အသင်းအတွက်အတော်လေးပေးဆပ်ကစားနေတာကိုတွေ့ရသလို ကွင်းလယ်လူ ပါရဲရားဟာလည်း ဒုတိယပိုင်းရောက်မှသူ့ရဲ့ခြေစွမ်းအမှန်ကိုပြန်လည်မြင်တွေ့ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

အနိုင်ဂိုးရသွားပြီးနောက်ပိုင်းယူနိုက်တက်အသင်းကသာပိုမိုဖိအားပေးကစားခဲ့ကာ အခွင့်အရေးတစ်ချို့ရရှိခဲ့ပါတယ်။ဒါပင်မယ့်လည်းပွဲကစားချိန်၇၄မိနစ်မှာတော့ဆောက်တမ်တန်အသင်းတို့မထင်မှတ်ပဲချေပဂိုးပြန်ရခဲ့ပြီး အဆိုပါချေပဂိုးကို ဂျိမ်းစ်ဝါ့ဒ်ပရောက်စ်က ဖရီးကစ်ကနေလှလှပပသွင်းယူပြခဲ့တာပဲဖြစ်ပါတယ်။

အနိုင်ဂိုးရပြီးနောက် ကစားအားချခဲ့တဲ့ယူနိုက်တက်ဟာချေပဂိုးပြန်ပေးလိုက်ရပြီးနောက်ပိုင်းကစားအားပြန်တင်ဖို့ခက်ခဲနေခဲ့တာကိုတွေ့ရပါတယ်။နောက်ပိုင်းမိနစ်တွေမှာတော့ ယူနိုက်တက်တို့တိုက်စစ်ပိုင်းချိတ်ကစားဖို့ခက်ခဲနေခဲ့ပြီး ဆောက်တမ်တန်အသင်းကဖိအားပေးမှုတစ်ချို့ပြုလုပ်ခဲ့ပါတယ်။

ပွဲကစားချိန် ၈၉ မိနစ်အရောက်မှာတော့ နောက်ပိုင်းယူနိုက်တက်တိုက်စစ်မှာဂိုးသွင်းခြေပြန်တွေ့နိုင်တဲ့လူကာကူက ဂိုးဧရိယာထိပ်ကနေ လှပတဲ့သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးယူနိုက်တက်တို့ကိုဦးဆောင်စေခဲ့ပါတယ်။

အချိန်ပို ၃မိနစ်အရောက်မှာယူနိုက်တက်တို့ပယ်နယ်တီရရှိခဲ့ပြီး အဆိုပါပယ်နယ်တီကို ပေါ့ဘာကကန်သွင်းရာမှဂိုးသမားနဲ့ထိခဲ့ပြီးယူနိုက်တက်တို့နောက်ထပ်ဦးဆောင်ဂိုးနဲ့နစ်နာစေခဲ့ပါတယ်။

ဒီပွဲမှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့လူကာကူတစ်ယောက် MOM ဆုရသင့်ပြီး ဆိုးလ်ရှားလက်ထက်ယူနိုက်တက်ရဲ့ပရီးမီးယားလိပ်ရှုံးပွဲမရှိသေးတဲ့ဇာတ်လမ်းတွဲကိုအကောင်းဆုံးဆက်လက်ရိုက်ကူးပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ကိုဆက်တင်နိုင်ခဲ့ရုံမက အဆင့် ၄အထိပါတက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.