သေရက်တာကိုအဲဗာတန္တို ့မဟားတရားေအာင္ပြဲခံေနတယ္လို ့ဆိုလိုက္တဲ့ဗန္ဒိုက္စ္
မေန ့ညက အဲဗာတန္အသင္းနဲ ့ဂိုးမရိွသေရက်တဲ့ပြဲမွာ ဗန္ဒိုက္စ္ရဲ ့ပြဲၿပီးေျပာစကားနဲ ့ပတ္သတ္ၿပီး ပရိတ္သတ္ေတြ အာရံုစိုက္ေနၾကၿပီပဲျဖစ္ပါတယ္။
နယ္သာလန္ေနာက္ခံလူၾကီးဟာ မေန ့ညပြဲမွာေတာ့ အဲဗာတန္အသင္းရဲ ့တိုက္စစ္ကို အေကာင္းဆံုးဟန္ ့တားနိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းအတြက္ေနာက္ထပ္ Clean Sheet တစ္ပြဲရယူနိုင္ခဲ့ပါတယ္။ဒါပင္မယ့္လည္း လီဗာပူးလ္တိုက္စစ္ဟာ ဂြတ္ဆင္ပါ့ခ္မွာေတာ့ ဂိုးမသြင္းနိုင္ပဲ ဂိုးမရိွသေရက်ေနခဲ့ပါတယ္။ပြဲၿပီးေျပာစကားအရ အဲဗာတန္အသင္းဟာသေရရလဒ္တစ္မွတ္အတြက္အေတာ္ေလးျမဴးတူးေနခဲ့တာနဲ ့ပတ္သတ္ၿပီးေလွာင္ေျပာင္ခနဲ ့လိုက္ပါတယ္။
” အခြင့္အေရးေတြအေပၚသံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို ့ဟာအနိုင္၃မွတ္နဲ ့ထိုက္တန္ပါတယ္။” လို ့Sky Sports ကိုေျပာၾကားခဲ့ပါတယ္။
” သူတို ့ဟာ ၀-၀ သေရရလဒ္ကို မဟားတရားေအာင္ပြဲခံေနၾကပါတယ္။” လို ့သူကထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။
” ကၽြန္ေတာ္တို ့အသင္းအခြင့္အေရးေတြရရဲ့သားနဲ ့အဆံုးမသတ္နိုင္ခဲ့ပါဘူး။ကၽြန္ေတာ္ဒီလိုပြဲေတြကစားရတာၾကိဳက္ပါတယ္။ကၽြန္ေတာ္တို ့ဒီကို ၃မွတ္အတြက္လာတာပါ။ဒါပင္မယ့္သူတို ့ဆီကကၽြန္ေတာ္တုိ ့မရလိုက္ပါဘူး။ေနာက္ပြဲအတြက္ျပင္ဆင္ေနပါၿပီ။လူတိုင္းက လိပ္ထိပ္ပိုင္းကိုေရာက္ခ်င္ေနၾကပါတယ္။ဒါပင္မယ့္အခုအေျခအေနက ဘယ္လိုလဲေတြ ့ရပါတယ္။အခုခ်ိန္မွာကၽြန္ေတာ္တို ့ေျပာင္းလဲလို ့မရပါဘူး။ကၽြန္ေတာ္တို ့လုပ္နိုင္တဲ့အရာအားလံုးကပြဲေတြနိုင္ရဖို ့ပါ။ေနာက္တစ္ပြဲအတြက္အာရံုစိုက္ေနပါတယ္။” လို ့ေျပာၾကားခဲ့ပါတယ္။
သူ ့ရဲ ့ေျပာစကားအခုခ်ိန္မွာေတာ့လူမႈကြန္ယက္ေတြေပၚမွာပ်ံနွံေနပါတယ္။တျခားေသာပရိတ္သတ္ေတြကေတာ့ ၀က္စ္ဘရြန္းကို ၂-၂ သေရက်တဲ့ပြဲမွာ ဗန္ဒိုက္စ္တို ့ေအာင္ပြဲခံခဲ့တဲ့အခ်ိန္ကိုျပန္ေျပာင္းေျပာဆိုေနၾကပါတယ္။
အခုခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းဟာ ရာသီကုန္ဖို ့လက္က်န္၉ ပြဲအလိုမွာ ထိပ္ဆံုးက မန္စီးတီးနဲ ့၁မွတ္အကြာအေနအထားေရာက္သြားက ဒုတိယေနရာကရပ္တည္ေနပါတယ္။
(Unicode)
သရေကျတာကိုအဲဗာတန်တို့မဟားတရားအောင်ပွဲခံနေတယ်လို့ဆိုလိုက်တဲ့ဗန်ဒိုက်စ်
မနေ့ညက အဲဗာတန်အသင်းနဲ့ဂိုးမရှိသရေကျတဲ့ပွဲမှာ ဗန်ဒိုက်စ်ရဲ့ပွဲပြီးပြောစကားနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ အာရုံစိုက်နေကြပြီပဲဖြစ်ပါတယ်။
နယ်သာလန်နောက်ခံလူကြီးဟာ မနေ့ညပွဲမှာတော့ အဲဗာတန်အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက်နောက်ထပ် Clean Sheet တစ်ပွဲရယူနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း လီဗာပူးလ်တိုက်စစ်ဟာ ဂွတ်ဆင်ပါ့ခ်မှာတော့ ဂိုးမသွင်းနိုင်ပဲ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ပွဲပြီးပြောစကားအရ အဲဗာတန်အသင်းဟာသရေရလဒ်တစ်မှတ်အတွက်အတော်လေးမြူးတူးနေခဲ့တာနဲ့ပတ်သတ်ပြီးလှောင်ပြောင်ခနဲ့လိုက်ပါတယ်။
” အခွင့်အရေးတွေအပေါ်သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာအနိုင်၃မှတ်နဲ့ထိုက်တန်ပါတယ်။” လို့Sky Sports ကိုပြောကြားခဲ့ပါတယ်။
” သူတို့ဟာ ဝ-၀ သရေရလဒ်ကို မဟားတရားအောင်ပွဲခံနေကြပါတယ်။” လို့သူကထပ်လောင်းပြောဆိုခဲ့ပါတယ်။
” ကျွန်တော်တို့အသင်းအခွင့်အရေးတွေရရဲ့သားနဲ့အဆုံးမသတ်နိုင်ခဲ့ပါဘူး။ကျွန်တော်ဒီလိုပွဲတွေကစားရတာကြိုက်ပါတယ်။ကျွန်တော်တို့ဒီကို ၃မှတ်အတွက်လာတာပါ။ဒါပင်မယ့်သူတို့ဆီကကျွန်တော်တို့မရလိုက်ပါဘူး။နောက်ပွဲအတွက်ပြင်ဆင်နေပါပြီ။လူတိုင်းက လိပ်ထိပ်ပိုင်းကိုရောက်ချင်နေကြပါတယ်။ဒါပင်မယ့်အခုအခြေအနေက ဘယ်လိုလဲတွေ့ရပါတယ်။အခုချိန်မှာကျွန်တော်တို့ပြောင်းလဲလို့မရပါဘူး။ကျွန်တော်တို့လုပ်နိုင်တဲ့အရာအားလုံးကပွဲတွေနိုင်ရဖို့ပါ။နောက်တစ်ပွဲအတွက်အာရုံစိုက်နေပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ပြောစကားအခုချိန်မှာတော့လူမှုကွန်ယက်တွေပေါ်မှာပျံနှံနေပါတယ်။တခြားသောပရိတ်သတ်တွေကတော့ ဝက်စ်ဘရွန်းကို ၂-၂ သရေကျတဲ့ပွဲမှာ ဗန်ဒိုက်စ်တို့အောင်ပွဲခံခဲ့တဲ့အချိန်ကိုပြန်ပြောင်းပြောဆိုနေကြပါတယ်။
အခုချိန်မှာတော့ လီဗာပူးလ်အသင်းဟာ ရာသီကုန်ဖို့လက်ကျန်၉ ပွဲအလိုမှာ ထိပ်ဆုံးက မန်စီးတီးနဲ့၁မှတ်အကွာအနေအထားရောက်သွားက ဒုတိယနေရာကရပ်တည်နေပါတယ်။
Post a Comment