၂၀၁၀ကေနစၿပီးမက္ဆီရဲ ့ဘာကာကသြင္းဂိုးေပါင္း၄၈၉ ဂိုးဟာဆန္းဒါးလန္းရဲ ့တစ္သင္းလံုးသြင္းဂိုးနဲ ့တူညီေနပါတယ္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘာစီလိုနာ အသင္းရဲ႕အဓိကကစားသမားလီယြန္နယ္မက္ဆီဟာ ဘာစီလိုနာအသင္းႏွင့္အတူ ၂၀၁၀ ခုနွစ္ကေန စတင္ၿပီး ဂိုးေပါင္း၄၈၉ဂိုးအထိသြင္းယူေပးထားခဲ့ပါတယ္။ဒီဂိုးအေရအတြက္ဟာ ပရီးမီးယားလိဂ္ ကလပ္ဆန္းဒါလန္းအသင္းရဲ႕ ၂၀၁၀ ခုနွစ္ကေန စတင္ၿပီးယေန ့အခ်ိန္ထိ သြင္းယူထားတဲ့ဂိုးအေရအတြက္ႏွင့္တူညီေနတယ္လို႔သိရပါတယ္။ဒါဟာမ်ွတတဲ့ ႏိႈင္းယွဥ္ခ်က္ပါ။မက္ဆီက ထိပ္သီးလိဂ္မွာပဲကစားခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။
ဘာစီလိုနာ အသင္းက သူတို႔ရဲ႕အဓိကၿပိဳင္ဖက္ရီးရဲလ္မက္ဒရစ္အသင္းကို တစ္ပတ္တည္းမွာ၂ႀကိမ္ေတြ႔ဆံုခဲ့ၿပီး ႏွစ္ႀကိမ္စလံုးအႏိုင္ရ႐ွိထားခဲ့ကာ စပိန္ေျမက ျခေသ့ၤမင္း ျဖစ္တယ္ဆိုတာသက္ေသျပႏိူင္ခဲ့ပါတယ္။မေန႔ညကယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ မက္ဆီက ရီးရဲလ္ေနာက္ခံလူေတြရဲ႕ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေတြ အလိမၼာသံုးၿပီး ေက်ာ္ျဖတ္ကာ ေနာက္တန္းကစားသမားေတြကိုအလုပ္႐ႈပ္ေစခဲ့သူလည္းျဖစိပါတယ္။
မက္ဆီရဲ့ဂိုးသြင္းမွတ္တမ္းျပဳစုသူ ဒူကန္ အလက္ဇန္းဒါးက သူအေနႏွင့္မက္ဆီရဲ႕ဂိုးသြင္းစြမ္းရည္အေပၚအရမ္းအံ့ျသမင္သက္မိတယ္လို႔ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။သူက လူမႈကြန္ရက္ေပၚမွာအဆိုပါ ႏိႈင္းယွဥ္ခ်က္ကို တင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြက မက္ဆီႏွင့္ပတ္သက္ၿပီး ခ်ီးမြန္းခန္းဖြင့္ကာ မ်ွေဝေနၾကပါတယ္။
မက္ဆီဟာဘာစီလိုနာအသင္းႏွင့္အတူ ဟက္ထရစ္ ၄၄ႀကိမ္ေျမာက္ကို ဆီဗီလာအသင္းကိုအႏိုင္ရ႐ွိခဲ့တဲ့ပြဲစဥ္မွာရ႐ွိခဲ့ၿပီးသူရဲ႕ဟက္ထရစ္မွတ္တမ္းက ေနာက္ေကာင္တီတိုက္စစ္မႈး ႐ိႈလာ ေအမီြဘီရဲ႕ဟက္ထရစ္မွတ္တမ္းထပ္ပိုမိုသာလြန္ခဲ့ပါတယ္။ဒါအျပင္မက္ဆီဂိုးသြင္းမွတ္တမ္းက ရီးရဲလ္မက္ဒရစ္ အာဆင္နယ္ ခ်ဲလ္ဆီး ဒါဘီ လိဒ္ လီဗာပူးလ္ မန္စီးတီးစပါးအသင္းတို႔ အားလံုးစုေပါင္းၿပီး တစ္ရာသီဂိုးသြင္းမွတ္တမ္းႏွင့္တူညီေနပါတယ္။
အသက္၃၁ႏွစ္အရြယ္မက္ဆီရဲ႕တျခားမွတ္တမ္းေတြကလည္း႐ွိေနပါေသးတယ္။လက္႐ွိလာလီဂါပြဲစဥ္၂၃ပြဲမွာ၂၅ဂိုးအထိသြင္းယူေပးထားၿပီး ခ်န္ပီယံလိဂ္ မွာ ၆ဂိုး ကိုပါဒဲေရး ဖလားမွာ ၂ဂိုးသြင္းယူေပးထားပါတယ္။
(Unicode)
၂၀၁၀ကနေစပြီးမက်ဆီရဲ့ဘာကာကသွင်းဂိုးပေါင်း၄၈၉ ဂိုးဟာဆန်းဒါးလန်းရဲ့တစ်သင်းလုံးသွင်းဂိုးနဲ့တူညီနေပါတယ်။
ဘာစီလိုနာ အသင်းရဲ့အဓိကကစားသမားလီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနှင့်အတူ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ဂိုးပေါင်း၄၈၉ဂိုးအထိသွင်းယူပေးထားခဲ့ပါတယ်။ဒီဂိုးအရေအတွက်ဟာ ပရီးမီးယားလိဂ် ကလပ်ဆန်းဒါလန်းအသင်းရဲ့ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီးယနေ့အချိန်ထိ သွင်းယူထားတဲ့ဂိုးအရေအတွက်နှင့်တူညီနေတယ်လို့သိရပါတယ်။ဒါဟာမျှတတဲ့ နှိုင်းယှဉ်ချက်ပါ။မက်ဆီက ထိပ်သီးလိဂ်မှာပဲကစားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းက သူတို့ရဲ့အဓိကပြိုင်ဖက်ရီးရဲလ်မက်ဒရစ်အသင်းကို တစ်ပတ်တည်းမှာ၂ကြိမ်တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးအနိုင်ရရှိထားခဲ့ကာ စပိန်မြေက ခြသေ့ၤမင်း ဖြစ်တယ်ဆိုတာသက်သေပြနိူင်ခဲ့ပါတယ်။မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက ရီးရဲလ်နောက်ခံလူတွေရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေ အလိမ္မာသုံးပြီး ကျော်ဖြတ်ကာ နောက်တန်းကစားသမားတွေကိုအလုပ်ရှုပ်စေခဲ့သူလည်းဖြစိပါတယ်။
မက်ဆီရဲ့ဂိုးသွင်းမှတ်တမ်းပြုစုသူ ဒူကန် အလက်ဇန်းဒါးက သူအနေနှင့်မက်ဆီရဲ့ဂိုးသွင်းစွမ်းရည်အပေါ်အရမ်းအံ့သြမင်သက်မိတယ်လို့ချီးကျူးစကားပြောကြားခဲ့ပါတယ်။သူက လူမှုကွန်ရက်ပေါ်မှာအဆိုပါ နှိုင်းယှဉ်ချက်ကို တင်ခဲ့ပြီးနောက် ပရိသတ်တွေက မက်ဆီနှင့်ပတ်သက်ပြီး ချီးမွန်းခန်းဖွင့်ကာ မျှဝေနေကြပါတယ်။
မက်ဆီဟာဘာစီလိုနာအသင်းနှင့်အတူ ဟက်ထရစ် ၄၄ကြိမ်မြောက်ကို ဆီဗီလာအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့ပြီးသူရဲ့ဟက်ထရစ်မှတ်တမ်းက နောက်ကောင်တီတိုက်စစ်မှုး ရှိုလာ အေမွီဘီရဲ့ဟက်ထရစ်မှတ်တမ်းထပ်ပိုမိုသာလွန်ခဲ့ပါတယ်။ဒါအပြင်မက်ဆီဂိုးသွင်းမှတ်တမ်းက ရီးရဲလ်မက်ဒရစ် အာဆင်နယ် ချဲလ်ဆီး ဒါဘီ လိဒ် လီဗာပူးလ် မန်စီးတီးစပါးအသင်းတို့ အားလုံးစုပေါင်းပြီး တစ်ရာသီဂိုးသွင်းမှတ်တမ်းနှင့်တူညီနေပါတယ်။
အသက်၃၁နှစ်အရွယ်မက်ဆီရဲ့တခြားမှတ်တမ်းတွေကလည်းရှိနေပါသေးတယ်။လက်ရှိလာလီဂါပွဲစဉ်၂၃ပွဲမှာ၂၅ဂိုးအထိသွင်းယူပေးထားပြီး ချန်ပီယံလိဂ် မှာ ၆ဂိုး ကိုပါဒဲရေး ဖလားမှာ ၂ဂိုးသွင်းယူပေးထားပါတယ်။
Post a Comment