မန္စီးတီးအသင္းအားပရီးမီယားလိပ္ေဘာလံုးအဖြဲ ့ခ်ဳပ္ကစံုစမ္းစစ္ေဆးေနေၾကာင္းအတည္ျပဳေၾကညာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိဂ္ေဘာလံုးအဖြဲ႔ခ်ဳပ္က မန္စီးတီးအသင္းအေပၚUEFAမွ ဘ႑ာေရးစည္းမ်ည္းမ်ားအရ ေငြေၾကးဝင္ထြက္မႈကိစၥကိုစံုစမ္းစစ္ေဆးေနေၾကာင္းေၾကညာခ်က္ထြက္ေပၚၿပီး ၁ရက္အၾကာမွာ သူတို ့လည္းစစ္ေဆးေနေၾကာင္းအတည္ျပဳခဲ့ပါတယ္။အဓိက က အကယ္ဒမီထြက္လူငယ္ကစားသမားမ်ားကိုအသင္းႀကီးမွာထည့္သြင္းမႈႏွင့္ အသင္းကိုပိုင္ဆိုင္တဲ့ တဆင့္ခံ႐ွယ္ယာ႐ွင္မ်ားေၾကာင့္စံုစမ္းစစ္ေဆးေနျခင္းျဖစ္ေၾကာင္းတရားဝင္သတင္းထုတ္ျပန္လိုက္ပါတယ္။
အဆိုပါထုတ္ျပန္ေၾကညာခ်က္ဟာ ေသာၾကာေန႔ကထြက္ေပၚလာခဲ့ၿပီး ေၾကညာခ်က္အသိေပးခ်က္တြင္" ပရီးမီးယားလိဂ္ ေဘာလံုးအဖြဲ႔ခ်ဳပ္အေနႏွင့္မန္စီးတီးအသင္းကိုအေစာပိုင္းကာလထဲဆက္သြယ္ခဲ့ၿပီးအျငင္းပြားဖြယ္အေၾကာင္းအရာမ်ားဆက္လ်ဥ္း၍မန္စီးတီးအသင္းႏွင့္ဆက္သြယ္ေဆြးေႏြး ခဲ့ေၾကာင္း"ေဖာ္ျပထားပါတယ္။
"ေဘာလံုးအဖြဲ႔ခ်ဳပ္မွာ ဘ႑ာေရးစည္းမ်ည္းမ်ားတိတိက်က်အေသးစိတ္႐ွိပါတယ္။ၿပီးေတာ့တတိယ တစ္ဆင့္ခံ႐ွယ္ယာပိုင္႐ွင္မ်ားအေၾကာင္းရယ္အကယ္ဒမီကစားသမားေတြကို အသင္းႀကီးမွာထည့္သြင္းျခင္းႏွင့္ပတ္သက္ၿပီး တင္းၾကပ္တဲ့စည္းမ်ဥ္းလည္း႐ွိပါတယ္။
"လက္႐ွိကြၽန္ေတာ္တို႔စံုစမ္းစစ္ေဆးေရးျပဳလုပ္ေနပါတယ္။ၿပီးေတာ့မန္စီးတီးအသင္းကိုလည္းအေၾကာင္းအရာတိုင္းကိုေျဖ႐ွင္းခ်က္ေပးရန္ႏွင့္သူတို႔ရဲ႕လည္ပတ္ေနမႈေတြကိုပါ အေသးစိတ္စစ္ေဆးေနပါတယ္"
မန္စီးတီးအသင္းနည္းျပပက္ဂြာဒီယိုလာကေတာ့UEFAရဲ႕စံုစမ္းစစ္ေဆးမႈအေပၚစိတိပ်က္မိတယ္လို႔ ေသာၾကာေန႔သတင္းစာ႐ွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။နည္းျပပက္ဂြာဒီယိုလာကေတာ့ဒီစံုစမ္းစစ္ေဆးေရးမႈအေပၚ ဘာမွတ္ခ်က္မွေပးခဲ့ျခင္းမ႐ွိခဲ့ပါဘူး။
"ကလပ္ကပြင့္ပြင့္လင္းလင္းေမ်ွာ္လင့္ခ်က္အျပည့္နဲ႔႐ွိေနပါတယ္။ဒီစစ္ေဆးေရးမႈအေပၚအမွန္ဆံုး အျမန္ဆံုးျဖစ္လာဖို႔ေစာင့္ၾကည့္ေနပါတယ္။ကလပ္ကဘာေတြလုပ္ခဲ့တယ္ဆိုတဲ့အေပၚယံုၾကည္မႈ႐ွိပါတယ္။ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္သူတို့အေျကာင္းအကုန္သိတယ္ေလေမ်ွာ္လင့္ခ်က္ႀကိးမားျခင္းက အေကာင္းဆံုးျဖစ္သင့္တာကိုဆံုးျဖတ္ေပးမွာပါ"
ဂြာဒီယုိလာက ဝက္ဖို႔အသင္းနည္းျပႏွင့္ပတ္သက္ၿပီး အနည္းငယ္ေျပာၾကားခဲ့ပါတယ္။
"ေၾကာက္စရာေကာင္းေလာက္ေအာင္အံ့ျသဖြယ္ရာေတြကိုသူလုပ္ႏိုင္ခဲ့ပါတယ္။သူတို႔ကၾကံ့ခိုင္ေရးေကာင္းတယ္ တစ္ေယာက္ခ်ငိးစီအရည္အခ်င္း႐ွိတယ္။သူတို႔ကေဘာလံုးကိုေလထဲမွာေကာင္းေကာင္းကစားႏိုင္တယ္ဗ်။သူတို႔အမွတ္ေကာင္းေကာင္းလည္းရထားတယ္"
(Unicode)
မန်စီးတီးအသင်းအားပရီးမီယားလိပ်ဘောလုံးအဖွဲ့ချုပ်ကစုံစမ်းစစ်ဆေးနေကြောင်းအတည်ပြုကြေညာ
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က မန်စီးတီးအသင်းအပေါ်UEFAမှ ဘဏ္ဍာရေးစည်းမျည်းများအရ ငွေကြေးဝင်ထွက်မှုကိစ္စကိုစုံစမ်းစစ်ဆေးနေကြောင်းကြေညာချက်ထွက်ပေါ်ပြီး ၁ရက်အကြာမှာ သူတို့လည်းစစ်ဆေးနေကြောင်းအတည်ပြုခဲ့ပါတယ်။အဓိက က အကယ်ဒမီထွက်လူငယ်ကစားသမားများကိုအသင်းကြီးမှာထည့်သွင်းမှုနှင့် အသင်းကိုပိုင်ဆိုင်တဲ့ တဆင့်ခံရှယ်ယာရှင်များကြောင့်စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါထုတ်ပြန်ကြေညာချက်ဟာ သောကြာနေ့ကထွက်ပေါ်လာခဲ့ပြီး ကြေညာချက်အသိပေးချက်တွင်" ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်အနေနှင့်မန်စီးတီးအသင်းကိုအစောပိုင်းကာလထဲဆက်သွယ်ခဲ့ပြီးအငြင်းပွားဖွယ်အကြောင်းအရာများဆက်လျဉ်း၍မန်စီးတီးအသင်းနှင့်ဆက်သွယ်ဆွေးနွေး ခဲ့ကြောင်း"ဖော်ပြထားပါတယ်။
"ဘောလုံးအဖွဲ့ချုပ်မှာ ဘဏ္ဍာရေးစည်းမျည်းများတိတိကျကျအသေးစိတ်ရှိပါတယ်။ပြီးတော့တတိယ တစ်ဆင့်ခံရှယ်ယာပိုင်ရှင်များအကြောင်းရယ်အကယ်ဒမီကစားသမားတွေကို အသင်းကြီးမှာထည့်သွင်းခြင်းနှင့်ပတ်သက်ပြီး တင်းကြပ်တဲ့စည်းမျဉ်းလည်းရှိပါတယ်။
"လက်ရှိကျွန်တော်တို့စုံစမ်းစစ်ဆေးရေးပြုလုပ်နေပါတယ်။ပြီးတော့မန်စီးတီးအသင်းကိုလည်းအကြောင်းအရာတိုင်းကိုဖြေရှင်းချက်ပေးရန်နှင့်သူတို့ရဲ့လည်ပတ်နေမှုတွေကိုပါ အသေးစိတ်စစ်ဆေးနေပါတယ်"
မန်စီးတီးအသင်းနည်းပြပက်ဂွာဒီယိုလာကတော့UEFAရဲ့စုံစမ်းစစ်ဆေးမှုအပေါ်စိတိပျက်မိတယ်လို့ သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။နည်းပြပက်ဂွာဒီယိုလာကတော့ဒီစုံစမ်းစစ်ဆေးရေးမှုအပေါ် ဘာမှတ်ချက်မှပေးခဲ့ခြင်းမရှိခဲ့ပါဘူး။
"ကလပ်ကပွင့်ပွင့်လင်းလင်းမျှော်လင့်ချက်အပြည့်နဲ့ရှိနေပါတယ်။ဒီစစ်ဆေးရေးမှုအပေါ်အမှန်ဆုံး အမြန်ဆုံးဖြစ်လာဖို့စောင့်ကြည့်နေပါတယ်။ကလပ်ကဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အပေါ်ယုံကြည်မှုရှိပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်သူတို့အကြောင်းအကုန်သိတယ်လေမျှော်လင့်ချက်ကြိးမားခြင်းက အကောင်းဆုံးဖြစ်သင့်တာကိုဆုံးဖြတ်ပေးမှာပါ"
ဂွာဒီယိုလာက ဝက်ဖို့အသင်းနည်းပြနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားခဲ့ပါတယ်။
"ကြောက်စရာကောင်းလောက်အောင်အံ့သြဖွယ်ရာတွေကိုသူလုပ်နိုင်ခဲ့ပါတယ်။သူတို့ကကြံ့ခိုင်ရေးကောင်းတယ် တစ်ယောက်ချငိးစီအရည်အချင်းရှိတယ်။သူတို့ကဘောလုံးကိုလေထဲမှာကောင်းကောင်းကစားနိုင်တယ်ဗျ။သူတို့အမှတ်ကောင်းကောင်းလည်းရထားတယ်"
Post a Comment