Header Ads
စတာလင်ရဲ့ ဟတ်ထရစ်နဲ့ အတူလီဗာပုးလ်ကို၎မှတ်ဖြတ်ထားလိုက်တဲ့မန်စီးတီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လူကျွံဘောတစ်လုံးပါဝင်နေတဲ့ စတာလင်ရဲ့ ဟတ်ထရစ်သွင်းဂိုးနဲ့ အတူမန်ချက်စတာစီးတီးတို့ ဟာ လီဗာပူးတို့ ကို ၄မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။
ဟတ်ထရစ်!!!!
(Unicode)
စတာလင်ရဲ့ဟတ်ထရစ်နဲ့အတူလီဗာပုူးလ်ကို၄မှတ်ဖြတ်ထားလိုက်တဲ့မန်စီးတီး
လူကျွံံဘောတစ်လုံးပါဝင်နေတဲ့ စတာလင်ရဲ့ဟတ်ထရစ်သွင်းဂိုးနဲ့အတူမန်ချက်စတာစီးတီးတို့ဟာ လီဗာပူးတို့ကို ၄မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။
ရဟမ်စတာလင် ရဲ့ဒုတိယပိုင်းအစ လျင်မြင်တဲ့ဟတ်ထရစ်သွင်းဂိုးတွေနဲ့ အတူမာကျောစွာကစားနေတဲ့ ဝတ်ဖို့ဒ်ကို မန်စီးတီးတို့ဖြိုလဲနိုင်ခဲ့ပြီး ၃-၁ ရလဒ်ဖြင့် ဇယားထိပ်မှာ ၄မှတ်ပြတ်ဖြင့်ဦးဆောင်နေတာပဲဖြစ်ပါတယ်။ဂျာဗီဂါစီယာက ဝက်ဖို့ဒ်အသင်းရဲ့ပွဲထွက်၁၁ယောက်စာရင်းကို ၇ဦးအထိအပြောင်းအလဲလုပ်ပွဲထွက်လာခဲ့တာဖြစ်သော်လည်း ပတ်ဂွာဒီယိုလာရဲ့ချန်ပီယံကာကွယ်မှုဖြစ်စဉ်ကိုသာမဟန့်တားနိုင်ခဲ့ပါဘူး။
ဒီပွဲရဲ့အဖွင့်ဂိုးဟာဒုတိယပိုင်းစစချင်းမှာရရှိခဲ့တာဖြစ်ပြီး သိသိသာသာလူကျွံနေတဲ့သွင်းဂိုးလည်းဖြစ်ပါတယ်။
မန်စီးတီးဟာ ပွဲစပိုင်း ကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပြီး ၊ ဝက်ဖို့ဒ်ကလဲ တစ်သင်းလုံး ခံစစ်ကို ပိတ်ဆို့ ကစားလာခဲ့ ပါတယ်။
ဝက်ဖို့ဒ်ရဲ့ ခံစစ် အားပြု ကစားပုံကြောင့် မန်စီးတီးဟာ နေရာလွတ်တွေ ရှာဖွေဖို့ ခက်ခဲနေခဲ့ပြီး ၊ တောင်ပံ တွေကနေ ဖြတ်တင်ပေးပို့တဲ့ ပုံစံကနေ ဂိုးရဖို့သာ အားထားနေခဲ့ ပါတယ်။
7 မီးနစ် မှာ မာရက် ရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ဆေးဗားက ပြေးထွက်ပြီး ခေါင်းတိုက် သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေး ကနေ ကပ်ထွက် သွားခဲ့တာကြောင့် ၊ အဖွင့်ဂိုး နဲ့ လွဲချော် သွားခဲ့ ရပါတယ်။ မန်စီးတီးဟာ တစ်သင်းလုံး နီးပါး ဖိကစားခဲ့ပြီး ၊ မာရက် ၊ စတာလင် တို့ရဲ့ တိုးအားတွေကို အားပြုခဲ့ပေမယ့် ၊ ဝက်ဖို့ကလဲ စနစ်တကျ ခုခံ ကာကွယ်ရင်း ၊ တန်ပြန်တိုက်စစ်ကို ကစားဖို့ ကြိုးစားနေခဲ့ တာပါ။
ဆာဆက် ၊ ကလီဗာလေ တို့ရဲ့ တွဲလုံးတွေ ကနေ မန်စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် အရာတော့ မထင်ခဲ့ ပါဘူး။
21 မီးနစ်မှာ ဇင်ချန်ကို ရဲ့ အဝေးကန်ချက်ဟာ ပြိုင်ဘက် နောက်တန်း နဲ့ ထိပြီး ဂိုးနားကနေ ကပ်ထွက် သွားခဲ့သလို ၊ ဘာနေဒို ဆေးဗားရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ၊ အဂွေးရိုး အနီးကပ် ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့်လဲ ၊ အံ့အား သင့်စရာ ကောင်းလောက်အောင် လွဲချော် သွားခဲ့ ပါတယ်။
ပထမ ပိုင်းပြီးခါနီးမှာ စတာလင်ဟာ တစ်ကိုယ်တော် ဆွဲပြေးရင်း ၊ ဂိုးကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂျန်မက်က ဖျက်ထုတ် သွားခဲ့သလို ၊ မာရက် ရဲ့ အဝေးကန်ချက်ဟာလဲ ဂိုးဘားတန်း ပေါ်ကနေ ကပ်ထွက် သွားခဲ့ ပြန်ပါတယ်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ မန်စီးတီး အသင်း ချက်ခြင်း ဂိုးရသွားခဲ့ ပါတယ်။ ဒီဂိုးဟာ စတာလင် လူကျွံ အနေအထားကြောင့် အစောပိုင်း မှာ စည်းကြပ်ဒိုင်က ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပေမယ့် ၊ နောက်ပိုင်းမှာတော့ ကွင်းလယ် ဒိုင်လူကြီးက ခွင့်ပြု သွားခဲ့တာပါ။
နောက်ထပ် 3 မီးနစ် အကြာမှာ အိမ်ရှင်တို့ ဒုတိယ မြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မာရက် ခင်းပေးလိုက်တဲ့ ဘောလုံးကို စတာလင်က အပိုင် ပိတ်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။
ဟတ်ထရစ်!!!!
မီးနစ် 60 မှာတော့ စတာလင်က သူ့အတွက် ဟတ်ထရစ် ဖြစ်စေမယ့် သွင်းဂိုးကို ဆေးဗား ခင်းပေးလိုက်တဲ့ ဘောလုံးကနေ တဆင့် သွင်းယူ သွားခဲ့ ပါတယ်။ စတာလင်ဟာ ပွဲချိန် 15 မီးနစ် အတွင်းမှာပဲ ဟတ်ထရစ် ရအောင် သွင်းယူ ပေးသွားခဲ့တာ ပါ။
မှတ်တမ်းတွေ အရတော့ စတာလင် ရဲ့ ဟတ်ထရစ် ဂိုးဟာ 13 မီးနစ် နဲ့ 12 စက္ကန့်သာ ကြာမြင့်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ၊ 2016 ခုနှစ်က လူကာကူ ဟတ်ထရစ် သွင်းယူတဲ့ ဂိုး နောက်ပိုင်း အမြန်ဆုံး ဟတ်ထရစ် အဖြစ် မှတ်တမ်း ဝင်သွားခဲ့ ပါတယ်။
အဲဒီနောက်မှာ ဝက်ဖို့ဒ်ဟာ ချေပဂိုးတွေ ပြန်ရဖို့ ဒီနေး နဲ့ ဒီလိုဖူတို့ကို တစ်ပြိုင်နက် ထည့်သွင်းကစား လာခဲ့ပါတယ်။ သူတို့နှစ်ယောက် ဝင်လာလို့ 14 စက္ကန့် အကြာမှာပဲ ပထမဆုံး ချေပဂိုးကို စတင် ရရှိသွားခဲ့ ပါတယ်။
ဒီနေးက ခေါင်းတိုက် ချပေးလိုက်တဲ့ ဘောလုံးကနေ တဆင့် ၊ ဒီလိုဖူက အနီးကပ် ပိတ်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။
ပက်ဂွာဒီယိုလာဟာ ဟတ်ထရစ် သွင်းယူပေးလိုက်တဲ့ စတာလင် ကို အနားပေးကာ ဆာနေး နဲ့ အပြောင်းအလဲ လုပ်ခဲ့ပြီး နောက်ထပ် သွင်းဂိုးတွေ ရအောင် ထပ်မံ ကြိုးစားခဲ့ ပါတယ်။ မီနစ် 80 ခန့်မှာတော့ တန်ပြန် တိုက်စစ် ကနေ တဆင့် ဘာနာဒို ဆေးဗားဟာ တစ်ယောက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရရှိခဲ့ပြီး ၊ ဂိုးသမား ဖော်စတာကို ကျော်သွင်းခဲ့ပေမယ့် ၊ ဖော်စတာကပဲ ပုတ်ထုတ် ကာကွယ် သွားခဲ့ ပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီး ကပဲ 3-1 ရလာဒ် နဲ့ အနိုင် ရရှိသွားပြီး ၊ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင် သွားခဲ့ကာ ၊ လီဗာပူးကို 4 မှတ် ဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
No comments
Powered by Blogger.